မတူပီမြို့နယ်မှာကြားဖြတ်ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် CLD ကိုယ်စားလှယ်လောင်းအတည်ပြုပြီ

နိုဝင်ဘာလ(၃)ရက်ကြားဖြတ်ရွေးကောက်ပွဲမှာ မတူပီမြို့နယ် အမှတ်(၁) ပြည်နယ်မဲဆန္ဒနယ်မှာ ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD)ပါတီကနေ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကို ဒီနေ့(ဇူလိုင် ၄ရက်)မှာ ရွေးချယ်အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

ယင်းကိုယ်စားလှယ်လောင်းအတွက် ဆလိုင်းအောင်လျန်ကို မြို့နယ် CEC နဲ့ ဗဟို CEC တို့က အတည်ပြုရွေးချယ်လိုက်ပြီလို့ ဒီကနေ ချင်းဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

နယ်လှည့်စည်းရုံးရေးကို ဒီလနောက်ဆုံးပတ်လောက်မှာ စတင်တော့မှာဖြစ်ပြီး “ချင်းပြည်နယ်မှာ ချင်းလူမျိုးတွေက ကျောင်းစာထဲမှာဘဲ သမိုင်းသင်ရတော့ ချင်းနိုင်ငံရေးက တော်တော်နဲ့နားလည်နိုင်ကြဖို့ခက်သေးတာရယ်၊ချင်းနိုင်ငံရေးပါတီတွေနဲ့မဲဆန္ဒရှင်ပြည်သူတွေထိတွေမှုအားနည်းတာတွေ ဒါကြောင့်လူငယ်တွေကိုအရင်စည်းရုံးပြီးလုပ်ချင်ပါတယ်”လို့ ဆလိုင်းအောင်လျန်ကပြောတယ်။

ဆလိုင်းအောင်လျန်ဟာ ၁၉၈၇ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်မှာ မတူပီမြို့နယ် အမ်ဆွေးကျေးရွာမှာမွေးဖွားပါတယ်။ ၂၀၁၀ ခုနှစ်မှာ စက်မှုအင်ဂျင်နီယာ(B.Tech) ဘွဲ့ကို ပခုက္ကူနည်းပညာတက္ကသိုလ်ကနေရရှိထားပါတယ်။ အရင်က Mother Industrial Co.,Ltd မှာ Plant Manager လုပ်ခဲ့ပြီး လက်ရှိမှာတော့ သုခလမ်းညွန် Travel and Tour Co.,Ltd မှာ မန်နေဂျာလုပ်နေပါတယ်။

Zalen ad

မတူပီမြို့နယ်မှာ NLD ပါတီမှ ဦးအောင်ထန်းလည်းဝင်ပြိုင်မှာဖြစ်ကြောင်း ဇွန်လ(၂၉)ရက်မှာ NLD ဗဟိုကနေကြေညာထားတယ်။ တခြားချင်းပါတီတွေဖြစ်တဲ့ CNDP က ကန်ပက်လက်မြို့နယ်မှာသာ ယှဉ်ပြိုင်မှာဖြစ်ပြီး၊ CPP က တမူးမြို့နယ်မှာသာယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်စားလောင်းတွေကိုတော့ ရွေးချယ်အတည်ပြုခြင်းမရှိကြသေးပါ။

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုံရွာ-ကလေးဝလမ်းပိုင်းရှိ ယာဉ်များကို ထွန်စက်များဖြင့် ဆွဲထုတ်နေရ

ဇူလိုင်  ၆၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ မုံရွာ-ကလေးဝလမ်းပိုင်းဟာ အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ခရီးသည်တင် ကားများနဲ့ ကုန်တင်ကားများ အသွားအလာ အခက်အခဲဖြစ်နေတယ်လို့ ဒေသအတွင်းသတင်း ရင်းမြစ်များ ထံမှသိရပါတယ်။ ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် အဲဒီ မုံရွာ-ကလေးဝ ...

ဆက်ဖတ်ရန်