မလေးရှားတွင် ချင်းလူမျိုး မိသားစုတစ်စု ကားတိုက်မိ၍ မိခင်နဲ့ ကလေး နှစ်ယောက်သေဆုံး

မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်မြို့တွင် ဒီမနက် ၈ နာရီတွင် နှစ်သစ်ကူး ဘုရားဝတ်ပြုသွားဖို့ ကားမှတ်တိုင်တွင် ဦးခင်စင်(U Khen Sing)တို့မိသားစု စောင့်နေစဉ် ကားတစ်စီးကဝင်တိုက်သဖြင့် မိခင်နဲ့ ၄ နှစ်အောက် ကလေးနှစ်ဦးသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

မိခင်နဲ့ ကလေး နှစ်ယောက်ကို Serdang ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံတွင် ၎င်းတို့ သားအမိ သုံးယောက်စလုံး ခရစ်တော်၌ အိပ်ပျော်သွားကြပါတယ်။

သေဆုံးသူတွေကတော့ Nu Cing Sian Huai, Thang Sian Sang ( ၄ နှစ် ), Pau Khan Lian (၂ နှစ်) တို့ဖြစ်ပါတယ်။

သဂြိုလ်မယ့်အစီအစဉ်ကို မလေးရှားရောက် မြန်မာကက်သလစ်အဖွဲ့အစည်းများနဲ့ မလေးရှားရောက် ဇိုမီးအဖွဲ့အစည်းတွေက တာဝန်ယူစီစဉ်သွားပါမယ်။

Zalen ad

ဦးခင်စင်(U Khen Sing) ကတော့ အခုဆေးရုံမှာ ဆေးကုသမှုခံယူနေဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုံရွာ-ကလေးဝလမ်းပိုင်းရှိ ယာဉ်များကို ထွန်စက်များဖြင့် ဆွဲထုတ်နေရ

ဇူလိုင်  ၆၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ မုံရွာ-ကလေးဝလမ်းပိုင်းဟာ အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ခရီးသည်တင် ကားများနဲ့ ကုန်တင်ကားများ အသွားအလာ အခက်အခဲဖြစ်နေတယ်လို့ ဒေသအတွင်းသတင်း ရင်းမြစ်များ ထံမှသိရပါတယ်။ ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် အဲဒီ မုံရွာ-ကလေးဝ ...

ဆက်ဖတ်ရန်