ယူ-၁၂ ဘောလုံးပြိုင်ပွဲတွင် ချင်းက ပဲခူးကို အနိုင်ရ

၂၀၁၉၊ အောက်တိုဘာ(၁၉)
တိုင်းဒေသကြီးနဲ့ ပြည်နယ် ယူ-၁၂ ဘောလုံးပြိုင်ပွဲ ပထမနေ့တွင် ချင်းက ပဲခူးကို ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ယင်းပြိုင်ပွဲကို ရန်ကုန်မြို့ အမျိုးသားဘောလုံးအကယ်ဒမီမြက်ခင်းတုကွင်းမှာ ဒီနေ့ညနေ ၄ နာရီတွင်ယှဉ်ပြိုင်ကစားကြပါတယ်။

၂၀၁၉ ခုနှစ် ချင်းပြည်နယ် ယူ-၁၂ အသင်း ကစားသမားများ

ချင်းပြည်နယ် ယူ-၁၂ အသင်း နည်းပြ ဆရာကီးလိန်း က“ကျနော်တို့အသင်းထဲက မတူပီကျောင်းအုပ်ကိုယ်တိုင် အသက်အာမခံတယ်ဆိုပြီးလာပို့တဲ့ အမွှာညီအစ်ကို နှစ်ယောက်ကို အကောင်ကြီးတယ် ဘာညာဆိုပြီး တခြားအသင်းတွေ ကန့်ကွက်လို့အဖြုတ်ခံရတယ်။ ကျန်တဲ့ကစားသမားထဲက တစ်ယောက်ဖျားပြီးတော့ တစ်ယောက် အန်ဂယ်နာနေလို့မကစားနိုင်ဘူး။ တစ်ပွဲမှာ လူငါးယောက်လဲရမယ်ဆိုပေမယ့် ဒီနေ့ညတော့ လေးယောက်ပဲလဲလိုက်တယ်။ နောက်ပွဲတွေလည်း အပြိုင်ဆိုင်ကပြင်းထန်လာမယ်ဆိုတော့ စိုးရိမ်တာပေါ့” လို့ပြောပါတယ်။

ချင်းအသင်းတွင် မင်းတပ်မြို့နယ်မှ ကစားသမား ၁၀ ယောက်၊ မတူပီမှ ၆ ယောက်ပါဝင်ကြပါတယ်။ မနှစ်တုန်းက ချင်း ယူ-၁၂ အသင်းဟာ မကွေးတိုင်းနဲ့ ဆီမီးဖိုင်နယ်တွင် ကစားရာ ပယ်နလ်တီနဲ့ ရှုံးနိမ့်လို့ တတိယဆုရရှိခဲ့ကြပါတယ်။

Zalen ad

အောက်တိုဘာလ (၂၁)ရက် မနက် (၈)နာရီတွင် ချင်း နဲ့ ရခိုင် ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ အောက်တိုဘာလ (၂၃)ရက် ညနေ ၄ နာရီတွင် ချင်း နဲ့ ရှမ်း(မြောက်) ယှဉ်ပြိုင်ကစားပါမယ်။ ဗိုလ်လုပွဲကို အောက်တိုဘာ (၃၁)ရက်ညနေ (၄)နာရီတွင်ကစားပါမယ်။

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းပစ်ခတ်မှု သုံးရက်ဆက်တိုက်ပြုလုပ်

မေ ၁၃ ၊၂၀၂၆Zalen ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ် ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၃ ရက်ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ဒီကနေ့ ညနေ ၄ နာရီ၀န်းကျင်တုန်းကလည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းကနေ တကြိမ် ...

ဆက်ဖတ်ရန်