လမ်းဘေးမြေစာစွန့်ပစ်ခြင်းကြောင့် ကနေဒီတောင်ခြေရှိ ကျေးရွာများ သောက်ရေနဲ့ လျှပ်စစ်မီးအခက်အခဲဖြစ်

ကလေး-တီးတိန်ကြား ကားလမ်း၊ လမ်းတာချဲ့စဉ် မြေစာများ လမ်းဘေးစွန့်ပစ်ခြင်းကြောင့် ကနေဒီတောင်အောက်ရှိ ကျေးရွာ သုံးရွာ အသုံးပြုတဲ့ သောက်ရေ၊ လျှပ်စစ်မီး၊ လမ်း၊ တံတားတွေပျက်စီးနေတယ်လို့ ဒေသခံတွေဆီကနေ သတင်းရရှိပါတယ်။

ယင်းကျေးရွာသုံးရွာကတော့ ဖွန်နွမ်(Phunnom)ရွာ၊ ဆိုဇန်(Sozang)ရွာ၊ နဲ့ ထန်နွမ်(Thangnuai)ရွာတို့ဖြစ်ပြီး စုစုပေါင်း လူဦး (၁၅၀၀)နီးပါးရှိပါတယ်။

ကနေဒီတောင် ကားလမ်း လမ်းတာချဲ့စဉ် လမ်းဘေးမှာ မြေစာစွန့်ပစ်ထားတာတွေ့ရစဉ်(ပုံ-Tha Tuang)

Zalen ad

ဖွန်နွမ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအင်ရှန်မန်က “ပြီးခဲ့တဲ့ လမှ တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ လမ်းတာချဲ့တဲ့ကုမ္မဏီတွေဆီမှာ စာတင်ထားပေမယ့် ခုထိဘာမှတုန့်ပြန်တာမရှိသေးဘူး။ စာထဲမှာ မြေစာတွေကို လမ်းဘေးမှာ မစွန့်ပစ်ပဲ တခြားနေရာတွေမှာစွန့်ပစ်ဖို့တောင်းဆိုထားတယ်”လို့ပြောပါတယ်။

စွန့်ပစ်မြေစာတွေက မိုးရာသီမှာ တောင်အောက်ရှိ ကျေးရွာတွေသောက်သုံးတဲ့ စမ်းတွင်းနဲ့ ရေသွယ်တန်းတဲ့ ပိုက်တွေမကြာခဏပျက်ဆီးတာကြောင့် ရွာသားများ ရေပျက်လစ်မှု၊ သောက်သုံးရေနောက်တာတွေဖြစ်နေပါတယ်။ ဒါ့ပြင် Sozang နဲ့ Thangnuai ရွာတွေအသုံးပြုတဲ့ လမ်းပေါ်မှာမြေစာတွေက လမ်းပျက်စီးစေပြီး၊ ချောင်းတံတားတွေလည်း ပျက်စီးစေပါတယ်။

ဖွန်နွမ်ရွာသား ဦးစွမ်ခေါ်လျန်က “မြေစာက ကျနော်တို့ ကိုယ်ထူကိုယ်ထနဲ့လုပ်ထားတဲ့ ရေအားလျှပ်စစ်ကိုလာထိတော့ အခုရွာထဲမှာ မီးမလင်းနိုင်တော့ဘူး။ ညမှာဆိုရင် ဖယောင်းတိုင်မီး၊ ဆိုလာမီး၊ ရေနံဆီမီးတွေပဲသုံးတော့တယ်။ သွားပြင်မယ်ဆိုရင်လည်း နေ့ထိုင်သွားပြင်ရမှာဆိုတော့ မတက်နိုင်ဘူးလေ”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ဒရုန်း အသုံးပြုပြီး ရှာဖွေရာ ဘိန်းစိုက်ပျိုးသူနှစ်ဦးဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၆ Zalen မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ဘိန်းစိုက်ပျိုးသူနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများက ဒီကနေ့ဖော်ပြထားပါတယ်။ လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ခရိုင်အတွင်း ဘိန်းစိုက်ခင်းရှိကြောင်း တိုင်ကြားချက်လက်ခံရရှိပြီးနောက် ဒရုန်း အသုံးပြုပြီး ရှာဖွေမှုများပြုလုပ်ခဲ့ရာ အဆိုပါဘိန်းစိုက်ခင်းကို ...

ဆက်ဖတ်ရန်