လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် ရဟတ်ယဉ်ပျက်ကျလို့ အရာရှိ တစ်ဦးနှင့် သင်တန်းသား တစ်ဦးသေဆုံး

 စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးသည် နေပြည်တော်မှ မိတ္ထိလာသို့ လေ့ကျင့်ရေးဆောင်ရွက်စဉ် စက်ချို့ယွင်းမူဖြစ်ကာ ယနေ့ ဇွန်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် မတော်တဆ‌ပျက်ကျခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရဟတ်ယာဉ်တွင် လိုက်ပါလာသည့် စစ်ကောင်စီ၏ တပ်မတော်(လေ) ရဟတ်ယာဉ်မှူးတစ်ဦးနှင့် သင်တန်းသားတစ်ဦးသည် နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာမှ ၅ မိုင်ခန့်အကွာတွင် မြေပြင်သို့ ပြုတ်ကျခဲ့သည်။

၎င်းတို့၏ ရုပ်အလောင်းများကို နီးစပ်ရာ တပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းများ

တန်းတူညီမျှသော ပြည်ထောင်စုသစ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု CDF-Asho ထုတ်ပြန်

ဇန်နဝါရီ  ၂၂ ၊ ၂၀၂၆။ Zalen တန်းတူညီမျှမှုရှိသော ပြည်ထောင်စုသစ်တရပ် ပေါ်ထွန်းလာသည်အထိ အရှိန်အဟုန်မပျက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) က ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ...

ဆက်ဖတ်ရန်