အင်းတော်မြို့နယ်၊မော်တိတ်ဒေသတွင် ABSDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက် အထိခိုက် အကျဆုံး ရှိ

သြဂုတ် ၂၉၊၂၀၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ အနောက်ဘက် ၈မိုင်ခန့်အကွာရှိ မော်တိတ်ဒေသတွင် ကျောင်းသားတပ်မတော်(ABSDF) နှင့် စစ်ကောင်စီတပ်တို့ သြဂုတ် ၂၇၊၂၈ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကာ နှစ်ဖက် အထိခိုက် အကျဆုံး ရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ရက်အတွင်း စစ်ကောင်စီတပ်မှ ၈ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ABSDF မှ တပ်သားတစ်ဦး ကျဆုံး၍ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အထိနာလာသော စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း အင်းတော် စစ်တပ်ကုန်းမှ လက်နက်ကြီးပစ်ကူများ ပေးခဲ့ကြောင်း ကာကွယ်ရေးတပ်များက ဆိုသည်။

“အခုလက်ရှိတော့ မော်တိတ်ရွာအပါဝင် အနီးနားက ရွာသာယာ၊အောင်းကုန်း၊နန့်သာ၊ ပေပင်၊နန့်စင်-ကျွန်းတော စတဲ့ ရွာတွေက ပြည်သူ ခြောက်ထောင်ကျော်လောက် စစ်ဘေးရှောင်နေရပါတယ်။တိုက်ပွဲကတော့ ဆက်ဖြစ်ဦးမလား မသိသေးဘူးဗျ” ဟု စစ်ရှောင်ကူညီနေသူ ဒေသခံတစ်ဦးကဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်စဥ်ကို ကျောင်းသားတပ်မတော် (ABSDF) ကလည်း ဩဂုတ် ၂၈ရက်၊၂၀၂၃ခုနှစ် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားပါသည်။

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်