ဇူလိုင် ၃၊ ၂၀၂၆

Zalen
မက္ကဆီကိုနိုင်ငံ ဆန်ပက်ဒရို ဟွာမာ်လူလာ၊ အိုအာဟာကာ(San Pedro Huamelula) မြို့ငယ်ရှိ မြို့တော်ဝန်ဟာ ဒေသခံတို့ရဲ့ ရှေးဟောင်းရိုးရာယဉ်ကျေးမှုအရ ကေမန် (caiman) မိကျောင်း ကို သတို့သမီးအဖြစ် လက်ထပ်တဲ့ အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါတယ်။
အဆိုပါ အခမ်းအနားနဲ့ပတ်သတ်ပြီး ဒေသခံတိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့တရပ်အဖြင့် လူသားနှင့် သဘာဝအကြား သဟဇာတဖြစ်မှု၊ ငါးဖမ်းလုပ်ငန်း အောင်မြင်ရေး၊ သီးနှံအထွက်ကောင်းရေးနှင့် အသိုင်းအဝိုင်းရဲ့ ကြွယ်ဝချမ်းသာမှုကို ဆုတောင်းသည့် သင်္ကေတအဖြစ် ကျင်းပလေ့ရှိကျပါတယ်။
အခမ်းအနားအတွင်း ကေမန် မိကျောင်းရဲ့ပါးစပ်ကို လုံခြုံရေးအတွက် ချည်နှောင်ထားပြီး ရိုးရာသတို့သမီးဝတ်စုံ ဝတ်ဆင်ပေးကာ မြို့တော်ဝန်နှင့်အတူ မြို့အနှံ့ လှည့်လည်ပွဲကျင်းပခဲ့ကြပြီး ဒေသခံများကလည်း ရိုးရာတေးဂီတနဲ့အကများဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ဒေသခံများ ယုံကြည်ချက်အရ ယင်းလက်ထပ်ပွဲဟာ မြို့တော်အတွက် ကံကောင်းခြင်း၊ စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း အောင်မြင်ခြင်းတို့ကို ယူဆောင်လာမည်ဟု ယုံကြည်ကြပြီး ရာနဲ့ချီသော နှစ်များကထဲက ဆက်လက်ထိန်းသိမ်းလာသည့် ရိုးရာပွဲတော်တခုအဖြစ်ရှိနေမယ်ဟု သိရှိရပါတယ်။
Izzy
ကိုးကား- Reuters
ပုံစာအညွှန်း- မိကျောင်း ကို သတို့သမီးအဖြစ် လက်ထပ်ခဲ့တဲ့ မြို့ဝန်အားတွေ့ရစဉ်။
#မက္ကဆီကိုမြို့ #ရိုးရာအခမ်းအနား #မိကျောင်း #လက်ထပ် #Zalen











