အိန္ဒိယ- မြန်မာ နယ်စပ်မှာ မြန်မာ စစ်‌ဘေး ရှောင်လူငယ် ၄ဦး မိုင်းနင်းမိလို့ တစ်ဦးသေဆုံး

၁၈၊ ဇန် ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် အထက်ပိုင်း အိန္ဒိယ-မြန်မာ နယ်စပ်မှာ မြန်မာ စစ်ဘေးရှောင် လူငယ် ၄ဦး ဇွန်လ ၁၆ ရက်နေ့မှာ မိုင်းနင်းမိလို့ ကိုထန်မင်းလင်(Thangminlen)မှာ မိုင်းစ ထိမှန်ကာသေဆုံးခဲ့ပြီး ကျန် ၃ဦးမှာ ထိခိုက်ဒါဏ်ရာ ရရှိကြတယ်လို့ သိရပါတယ်။

” မနေ့တနေ့ ၂နာရီလောက်ကဖြစ်မယ်။ စစ်ရှောင်တွေပါ။ သူတို့က နွားကျောင်းသွားကြတာ။ နွားတွေကို ရွာမှာ ချီထားခဲ့ပြီး အပြန်မှာနင်းမိတာပါ။ တစ်ယောက်ကတော့ သေဆုံးသွားပြီ။ ၃ယောက်ကတော့ ထိခိုက်ဒါဏ်ရာရလို့ ဆေးကုနေကြတယ်။ မြန်မာပြည်ဘက်ခြမ်း နယ်စပ်မှာနင်းမိတာ။ ဘယ်အဖွဲ့ ထောင်ထားတယ် ဆိုတာတော့ မသိဘူး”။ လို့ ၎င်းတို့နဲ့ နီးစပ်သူ တစ်ဦးက Zalen ကိုပြောပါတယ်။

Zalen ad

စစ်ဘေးရှောင်များဟာ ကျွဲ၊နွားများကို မြန်မာဘက်ခြမ်းမှာ သွားရောက် ထိန်းကျောင်း ကြရာ မကြာခဏ ဆိုသလို မိုင်းနင်းမိလို့ ထိခိုက်ဒါဏ်ရာ အနည်းကျဉ်း ရရှိကြတာ ဖြစ်ပြီး အခုအကြိမ်နဲ့ဆို ၄ကြိမ်ရှိနေပြီး လို့ ပြောပါတယ်။

တမူးအထက်ပိုင်းဒေသမှာ စစ်ရေးတင်းမာနေတာ ကြောင့် ၎င်းတို့ဟာ ဘေးလွတ်ရာ မဏိပူရ် ပြည်နယ် ကန်ဂျွန်ခရိုင် ကင်စင် ကျေးရွာမှာ စစ်ရှောင်ခိုလုံနေတဲ့ တမူးမြို့နယ် ဖိုင်ရန် ကျေးရွာနေ ဒေသခံများ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်