ချောင်းရေလျံလို့ မြောင်းဆုံရွာအိမ်(၂၀)နဲ့လယ်ကွင်းအနည်းငယ်ရေလွမ်း

ကလေးမြို့နယ် အနောက်တောင်ဘက်ရှိ မြောင်းဆုံကျေးရွာမှာ ချောင်းရေလျံလို့ လူနေအိမ်(၂၀)နဲ့ လယ်ကွင်းအနည်းငယ်ရေလွမ်းတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှသတင်းရရှိတယ်။

ရွှာအရှေ့ဘက်ကခာျင်းရေဟာ ဇူလိုင်လ(၂၁)ရက်နံနက်ပိုင်းက အိမ်နဲ့လမ်းမတွေပေါ်စတင်ရေလျံလာပြီး ဇူလိုင်(၂၂)ရက် ညနေ (၅)နာရီတွင်ရေကျသွားတယ်လို့ ဆိုပါတယ်။

မြောင်းဆုံကျေးရွာအုပ်ချုပ်ရေးမှူး U Ral Lian Mang(ဦးရာလ်လျန်မန်)က “အခုတော့ ရေပြန်ကျသွားပြီ။ ဒါပေမယ့် လမ်းမပေါ်မှာ ရွံ့ဗွက်တွေတော့ကျန်သေးတယ်။ ရေလွမ်းတဲ့ လယ်ကွင်းက နှစ်ဧကလောက်ရှိမယ်။ ရွံ့ရေတွေကအနည်ကျတော့ လယ်ကွင်းနဲ့ကမ်သင်းက ညီသွားတယ်။ ဒါကြောင့် လယ်ကွင်းထဲမှာရေသွင်းလို့ရတော့မှာ မဟုတ်ဘူး”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ထဲတွင် အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီ

ဧပြီ ၂၉၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က စစ်ကောင်စီဟာ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေထံမှ ဖလမ်းမြို့ကို ပြန်လည်ရယူသွားပြီးနောက် ၎င်းတို့ အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေ ရှိနေတယ်လို့ စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။ စစ်ကောင်စီဟာ ဖလမ်းမြို့ပြန်လည်ရရှိပြီးနောက် ...

ဆက်ဖတ်ရန်