၂၀၂၆ ခုနှစ် နွေရာသီတွင် အပူချိန်မြင့်တက်နိုင်ကြောင်း ရာသီဥတုပညာရှင်များ ခန့်မှန်း

မတ် ၉၊ ၂၀၂၆

Zalen

Zalen ad

၂၀၂၆ ခုနှစ် နွေရာသီကာလအတွင်း ကမ္ဘာလုံးဆိုင်ရာ အပူချိန် ဆက်လက်မြင့်တက်နိုင်ကြောင်း ရာသီဥတုပညာရှင်များက ခန့်မှန်းထားပါတယ်။ ယခုနှစ်သည် မှတ်တမ်းဝင် အပူဆုံးနှစ်များအတွင်း ပါဝင်နိုင်ကြောင်းလည်း သုံးသပ်ချက်များ ထွက်ပေါ်လာသည်။

နိုင်ငံတကာ ရာသီဥတုဆိုင်ရာ အဖွဲ့အစည်းများရဲ့ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအပူချိန်သည် စက်မှုခေတ်မတိုင်မီကာလထက် ၁ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ကျော် မြင့်တက်နိုင်ကြောင်း သိရပါတယ်။ ယခင်နှစ်များအတွင်း ဖြစ်ပေါ်ခဲ့သည့် El Niño သက်ရောက်မှုနှင့် ကမ္ဘာကြီးပူနွေးလာမှု ဆက်လက်ဖြစ်ပွားနေခြင်းတို့သည် အပူချိန်မြင့်တက်မှုကို ထပ်မံအားပေးနိုင်ကြောင်း ပညာရှင်များက ဆိုပါတယ်။

ဒါ့အပြင် World Meteorological Organization (WMO) အထွေထွေအတွင်းရေးမှူး Celeste Saulo ကလည်း “WMO အသိုင်းအဝိုင်းသည် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အသိပေးရန်အတွက် လာမည့်လများအတွင်း အခြေအနေများကို ဂရုတစိုက် စောင့်ကြည့်သွားမည်ဖြစ်တယ်။ ၂၀၂၃-၂၄ ခုနှစ်တွင် El Niño သည် မှတ်တမ်းတင်ထားသော အပြင်းထန်ဆုံး ငါးခုထဲမှ တခုဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့အပူချိန် စံချိန်တင် မြင့်တက်မှုတွင် အခန်းကဏ္ဍမှ ပါဝင်ခဲ့တယ်” လို့ ပြောကြားထားပါတယ်။

အရှေ့တောင်အာရှဒေသတွင်လည်း နွေရာသီကာလအတွင်း အပူချိန်မြင့်မားနိုင်သည်ဟု ခန့်မှန်းထားပြီး Thailand တွင် အပူချိန် ၄၂ မှ ၄၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်လည်း အလယ်ပိုင်းဒေသများမှာ ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်ခြေရှိကြောင်း ရာသီဥတုစောင့်ကြည့်သူများက သုံးသပ်ထားပါတယ်။ Shan State နှင့် Kayah State တို့တွင် ယခင်နှစ်များထက် ပိုမိုပူပြင်းနိုင်ကြောင်း ခန့်မှန်းထားပြီး ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် Yangon၊ Ayeyarwady Region နှင့် Mon State တို့တွင် အပူချိန် အနည်းငယ်လျော့နည်းနိုင်သော်လည်း စိုထိုင်းဆမြင့်မားမှုကြောင့် လူထုကျန်းမာရေးအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း သိရှိရ။

ကျန်းမာရေးပညာရှင်များက အပူလွန်ကဲမှုကြောင့် ဖြစ်ပေါ်နိုင်သည့် Heat Stroke အန္တရာယ်ကို သတိပြုရန် တိုက်တွန်းထားပါတယ်။ နေ့လယ်ပိုင်း အပြင်ထွက်မှု လျှော့ချခြင်း၊ ရေများများသောက်ခြင်းနဲ့ နေရောင်ကာ အကာအကွယ် အသုံးပြုခြင်းတို့ ပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းတို့က ပြောကြားထားပါတယ်။

အထူးသဖြင့် နေအိမ်မရှိသူများနဲ့ အသက်ကြီးသူများ၊ ကလေးငယ်များသည် အပူဒဏ်ကို ပိုမိုခံစားရနိုင်သဖြင့် လူမှုအသိုင်းအဝိုင်းအနေဖြင့် ကူညီစောင့်ရှောက်ပေးရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားပါတယ်။

မိုင်‌နွေဦး

ဓာတ်ပုံ-လူမှုကွန်ယက်

#၂၀၂၆ခုနှစ်နွေရာသီ#အပူချိန်#မြင့်တက်နိုင် #WMO #Zalen

နောက်ဆုံးရသတင်းများ

ကျင်းဒွေး ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

ဧပြီ ၃၀၊၂၀၂၆Zalen ကဆုန်လပြည့်နေ့ ၊ ညောင်ရေသွန်းပွဲတော် ကို မြို့ကြီးတွေမှာ မြန်မာပြည်ငြိမ်းချမ်းနေသယောင် ကျင်းပနေတဲ့ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက် ...

ဆက်ဖတ်ရန်