ကနေဒီတောင်ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်

မေ ၆၊ ၂၀၂၆
Zalen

တီးတိန်မြို့နယ်ထဲက စစ်ရေးအရ အရေးပါတဲ့ ကနေဒီတောင်ကို စစ်ကောင်စီတပ်တွေက လေကြောင်း ဗုံးအကြိမ်ကြိမ်ကြဲချပြီး ပြန်လည်နေရာယူ သိမ်းပိုက် နိုင်ခဲ့တယ်လို့ သိရပါတယ်။

မေ ၅ ရက်နေ့ကနေ ၆ ရက်နေ့ နေ့ခင်းပိုင်းအထိ ကနေဒီတောင်အနီးမှာ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်ပူးပေါင်းတပ်တို့အကြား နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ခဲ့သလို ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်ခဲ့ပြီး မေ ၆ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ် နေရာယူနိုင်တာလို့ ဆိုပါတယ်။
” လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေကြောင့် မနေ့က သူတို့ အာလွယ်နားကနေ ဆက်ပြီး တက်လာနိုင်တယ်၊ အဲ့ကနေ ကနေဒီကို ရဖို့ လေယာဉ်နဲ့ပဲ အကြိမ်ကြိမ် ကြဲပြီး ယူလိုက်တာပေါ့။ ရတာကတော့ ဒီ‌ညနေမှာ အပြီးသတ်ရတဲ့သဘောပါ။ လေယာဉ်ကြဲတာ တော်တော်များများကြဲပြီး Zoland နေရာယူထားတဲ့ နေရာကို ပြန်ရတာပေါ့။ ” လို့ စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။

Zalen ad

ကနေဒီတောင်ဟာ ‌ချင်းပြည်နယ်ရဲ့ ဒုတိယအမြင့်ဆုံးတောင်ဖြစ်သလို အသံလွှင့်တာဝါတိုင်တွေနဲ့ ဆက်သွယ်ရေးစခန်းတွေ အခြေစိုက်တဲ့နေရာဖြစ်တာကြောင့် ချင်းမြောက်ပိုင်းရဲ့ စစ်ရေးအရ အဓိက အချက်အချာကျတဲ့ နေရာဖြစ်ပါတယ်။

ဒါကြောင့် ကနေဒီတောင်ရရှိဖို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်တိုက်ခိုက် သိမ်းပိုက်မှုဖြစ်စဉ် လေး ကြိမ် ရှိခဲ့တဲ့ စခန်းဖြစ်ပါတယ်။

Mary

နောက်ဆုံးရသတင်းများ

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ဖို့ စစ်ကောင်စီ ပြင်ဆင်

ဇူလိုင် ၃၊ ၂၀၂၆ Zalen ကချင်ပြည်နယ်မြောက်ပိုင်းမှာ တည်ရှိတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လာမယ့် ၈ နှစ်ခန့်အတွင်း အပြီးသတ် တည်ဆောက်သွားဖို့ စစ်ကောင်စီက ရည်မှန်းချက်ထားရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ စီမံကိန်းကို ပြန်လည်စတင်ဖို့ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ရဲ့ ...

ဆက်ဖတ်ရန်