ကလေးတောင်ပိုင်းကို စစ်ကောင်စီက Y-12 ၊ ဂျက်ဖိုက်တာ တို့ဖြင့် ဗုံးကြဲ တိုက်ခိုက်

နို၀င်ဘာ ၁၄ ၊၂၀၂၅

Zalen

စစ်ကိုင်းတိုင်း ၊ကလေးမြို့နယ်တောင်ပိုင်း မှန်တောကျေးရွာ နဲ့ အနီးပတ်၀န်းကျင်တွေကို ဒီကနေ့ နို၀င်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကို နေ့လယ် ၁၂ နာရီ ၊ မွန်းလွဲ ၂ နာရီ ၀န်းကျင်တွေမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး Y-12 ဗုံးကြဲလေယာဉ် နဲ့ ဂျက်ဖိုက်တာ တို့ဖြင့် လာရောက် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

Zalen ad

ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်၊ Y-12 နဲ့ ဗုံးအလုံး ၃၀ ကျော်ကြဲခဲ့တယ်လို့ ဒေသခံအမျိုးသား တစ်ဦးက Zalen ကိုပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကနဦးထိခိုက်မှု ရှိ ၊မရှိကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာလ ၁၀ ရက်နေ့တုန်ူကလည်း ဂန့်ဂေါမြို့ရှိ ပြည့်၀ အမြောက်တပ် (အမတ ၃၇၁ )ကနေ စစ်လက်နက် ၊ ရိက္ခာ ၊ လူအင်အားတွေကို ဟံသာ၀တီ ရွာသို့ စစ်ကောင်စီတပ်ဖွဲ့တွေက ရဟတ်ယာဉ် နဲ့ နှစ်ကြိမ် ပို့ဆောင်ခဲ့ပါတယ်။

ကလေး – ဂန့်ဂေါ လမ်းပိုင်း ကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ကားလမ်းမပေါ်ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ပျူစောထီးအင်အား၊ စစ်သားအင်အားတွေကို အလုံးအရင်း ဖြည့်တင်းနေတာဖြစ်ပါတယ်။

သတင်း – ယောနေ

နောက်ဆုံးရသတင်းများ

မြန်မာစစ်ဘေးရှောင်များ ဝင်ရောက်လာမှုအပေါ် မီဇိုရမ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကို CHRO တုံ့ပြန်

ဇူလိုင် ၄၊ ၂၀၂၆Zalen မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေ အများအပြား မီဇိုရမ်ပြည်နယ်ကို ဆက်လက်ဝင်ရောက်လာနေတာဟာ ပြည်နယ်အတွက် ဝန်ထုပ်ဝန်ပိုးတရပ် ဖြစ်လာနေတယ်လို့ မီဇိုရမ်ဝန်ကြီးချုပ် လာလ်ဒုအောမ်မာ (Lalduhoma) က ပြောဆိုခဲ့တဲ့အပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က နေရပ်စွန့်ခွာရမှုတွေ ...

ဆက်ဖတ်ရန်