ကလေးမြို့တွင် စက်တင်ဘာလအတွင်း ကိုဗစ်ရောဂါနဲ့သေဆုံးသူ ၃၀ နီးပါးရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စက်တင်ဘာလအတွင်း ကိုဗစ်ရောဂါနဲ့သေဆုံးသူ အယောက် ၃၀ နီးပါးရှိတယ်လို့ တာဝန်ရှိသူတွေထံကနေသတင်းရရှိပါတယ်။
ကလေးမြို့ ဒိုးဝိုင်းချောင်းသုဿာန်က ခရစ်ယာန်သင်္ချိုင်းတွင် စက်တင်ဘာလအတွင်း ကိုဗစ်ရောဂါနဲ့သေဆုံးသူ ၁၅ လောင်း မြေမြုပ်သဂြိုလ်တယ်လို့ ခရစ်ယာန်သင်္ချိုင်းကော်မတီထံကနေသတင်းရရှိပါတယ်။

ခရစ်ယာန်သင်္ချိုင်းကော်မတီ တာဝန်ရှိသူတစ်ဦးက “ကိုယ့်အိမ်မှာ ကိုဗစ်ရောဂါကုသရင်းသေဆုံးတဲ့သူပဲများပါတယ်။ မြို့ပေါ်က မြို့လှ၊ မွန်ထာ၊ လှိုင်သာယာဘက်က သေဆုံးတဲ့စာရင်းလည်းမသိရဘူး” လို့ပြောပါတယ်။

အခြားဘာသာဖြစ်တဲ့ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာသင်္ချိုင်းက ကိုဗစ်ရောဂါနဲ့သေဆုံးမှုစာရင်းမသိရပါ။

ဒါ့ပြင် ကိုယ်ထူကိုယ်ထနဲ့ ကိုဗစ်ရောဂါလူနာတွေကို ကုသပေးနေတဲ့ တိုင်းရင်းဆေးရုံကနေ စက်တင်ဘာလအတွင်း ၁၀ ယောက်လောက်သေဆုံးတယ်လို့သိရတယ်။ အောက်တိုဘာ ၄ ရက်ထိ တိုင်းရင်းဆေးရုံကနေ ကိုဗစ်ကြောင့် သေဆုံးသူ ၂ ယောက်ရှိပါတယ်။

ကလေးမြို့မှာ ကိုယ်ထူကိုယ်ထနဲ့ တိုင်းရင်းဆေးရုံမှာဖွင့်လှစ်တဲ့ ကိုဗစ်လူနာကုသဆောင်မှ သူနာပြုတစ်ဦးက “ကလေးမြို့မှာ ကိုဗစ်ရောဂါနဲ့သေဆုံးမှုနှုန်းကျလာတော့ ပြည်သူတွေက ပေါ့လျော့လာကြတယ်။ ဒါပေမယ့် အပြင်သွားတိုင်း Mask တပ်တာ လက်ဆေးတာ ပုံမှန်လုပ်စေချင်တယ်။ လူစုလူဝေးရှောင်ကြပါ။ ဒီမှာလူနာအများဆုံးရောက်လာတာက ကျေးရွာဘက်ကများတယ်။ အဲ့ဘက်မှာလူစုလူဝေးတွေလုပ်ကြတာများတယ်” လို့ပြောပါတယ်။

တိုင်းရင်းဆေးရုံတွင် လက်ရှိ ကိုဗစ်လူနာ ၂၈ ယောက်ကုသလျက်ရှိပြီး လူနာအများစုမှာ အသက် ၄၀ ကနေ ၅၀ ကြားအများဆုံးဖြစ်ပါတယ်။ ကလေးမြို့တွင် ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်လတွေမှာ ကိုဗစ်နဲ့သေဆုံးသူ တစ်လအတွင်း လူ ၅၀၀ ဝန်းကျင်ရှိပါတယ်။

Zawgyi

ကေလးၿမိဳ႕တြင္ စက္တင္ဘာလအတြင္း ကိုဗစ္ေရာဂါနဲ႔ေသဆံုးသူ ၃၀ နီးပါးရွိ

စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕တြင္ စက္တင္ဘာလအတြင္း ကိုဗစ္ေရာဂါနဲ႔ေသဆံုးသူ အေယာက္ ၃၀ နီးပါးရွိတယ္လုိ႔ တာဝန္ရွိသူေတြထံကေနသတင္းရရွိပါတယ္။

ကေလးၿမိဳ႕ ဒိုးဝိုင္းေခ်ာင္းသုႆာန္က ခရစ္ယာန္သခၤ်ဳိင္းတြင္ စက္တင္ဘာလအတြင္း ကိုဗစ္ေရာဂါနဲ႔ေသဆံုးသူ ၁၅ ေလာင္း ေျမျမဳပ္သၿဂိဳလ္တယ္လို႔ ခရစ္ယာန္သခၤ်ဳိင္းေကာ္မတီထံကေနသတင္းရရွိပါတယ္။

ခရစ္ယာန္သခၤ်ဳိင္းေကာ္မတီ တာဝန္ရွိသူတစ္ဦးက “ကိုယ့္အိမ္မွာ ကိုဗစ္ေရာဂါကုသရင္းေသဆံုးတဲ့သူပဲမ်ားပါတယ္။ ၿမိဳ႕ေပၚက ၿမိဳ႕လွ၊ မြန္ထာ၊ လႈိင္သာယာဘက္က ေသဆံုးတဲ့စာရင္းလည္းမသိရဘူး” လုိ႔ေျပာပါတယ္။

အျခားဘာသာျဖစ္တဲ့ မြတ္စလင္နဲ႔ ဗုဒၶဘာသာသခၤ်ဳိင္းက ကိုဗစ္ေရာဂါနဲ႔ေသဆံုးမႈစာရင္းမသိရပါ။

ဒါ့ျပင္ ကိုယ္ထူကိုယ္ထနဲ႔ ကိုဗစ္ေရာဂါလူနာေတြကို ကုသေပးေနတဲ့ တုိင္းရင္းေဆးရံုကေန စက္တင္ဘာလအတြင္း ၁၀ ေယာက္ေလာက္ေသဆံုးတယ္လုိ႔သိရတယ္။ ေအာက္တုိဘာ ၄ ရက္ထိ တုိင္းရင္းေဆးရံုကေန ကိုဗစ္ေၾကာင့္ ေသဆံုးသူ ၂ ေယာက္ရွိပါတယ္။

ကေလးၿမိဳ႕မွာ ကိုယ္ထူကိုယ္ထနဲ႔ တုိင္းရင္းေဆးရံုမွာဖြင့္လွစ္တဲ့ ကိုဗစ္လူနာကုသေဆာင္မွ သူနာျပဳတစ္ဦးက “ကေလးၿမိဳ႕မွာ ကိုဗစ္ေရာဂါနဲ႔ေသဆံုးမႈႏႈန္းက်လာေတာ့ ျပည္သူေတြက ေပါ့ေလ်ာ့လာၾကတယ္။ ဒါေပမယ့္ အျပင္သြားတုိင္း Mask တပ္တာ လက္ေဆးတာ ပံုမွန္လုပ္ေစခ်င္တယ္။ လူစုလူေဝးေရွာင္ၾကပါ။ ဒီမွာလူနာအမ်ားဆံုးေရာက္လာတာက ေက်းရြာဘက္ကမ်ားတယ္။ အဲ့ဘက္မွာလူစုလူေဝးေတြလုပ္ၾကတာမ်ားတယ္” လို႔ေျပာပါတယ္။

တုိင္းရင္းေဆးရံုတြင္ လက္ရွိ ကိုဗစ္လူနာ ၂၈ ေယာက္ကုသလ်က္ရွိၿပီး လူနာအမ်ားစုမွာ အသက္ ၄၀ ကေန ၅၀ ၾကားအမ်ားဆံုးျဖစ္ပါတယ္။

ကေလးၿမိဳ႕တြင္ ၿပီးခဲ့တဲ့ ဇြန္၊ ဇူလုိင္လေတြမွာ ကိုဗစ္နဲ႔ေသဆံုးသူ တစ္လအတြင္း လူ ၅၀၀ ဝန္းက်င္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်