ယာဉ်မတော်တဆမှုကြောင့် ကလေးပြည်သူ့ဆေးရုံတွင် ကွယ်လွန်သွားတဲ့ ဒါလ်းမွန်းမာန်ကိစ္စ သတင်းစာရှင်းလင်းပွဲပြုလုပ်မယ်
ကလေးမြို့ နည်းပညာတက္ကသိုလ်ကျောင်းသား ဒါလ်းမွန်းမာန်ဟာ ဇန်နဝါရီလ (၂၆)ရက် ည (၁၁း၃၀)အချိန်ခန့်တွင် ဆိုင်ကယ်မတော်တဆဖြစ်လို့ ဦးခေါင်းပိုင်းထိသွားပြီး ပြည်သူ့ဆေးရုံသို့သယ်ဆောင်ကြပါတယ်။
ဒါပေမယ့် အာမခံပေးမယ့်သူမရှိလို့ဆိုပြီး ယင်းညအိပ်ကာ နောက်နေ့မနက်ပိုင်းမှအသိတွေပေါ်လာလို့ ဇန်နဝါရီလ (၂၇)ရက် မနက် (၁၁)နာရီလောက်မှာ ခွဲစိပ်ခန့်ဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာတစ်ညလုံး သွေးထွက်လွန်နေလို့ ကံမကောင်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာမှာ ကလေးမြို့ပြည်သူ့ဆေးရုံရဲ့ တာဝန်လစ်ဟင်းမှုလို့စွပ်စွဲရေးသားမှုများပေါ်ထွက်လာပါတယ်။
ဒါကြောင့် ကလေးမြို့ ပြည်သူ့ဆေးရုံ တာဝန်ရှိသူတွေက ဒီနေ့ညနေ (၃)နာရီတွင် ပြည်သူ့ဆေးရုံအုပ်ကြီး ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲကျင်းပဖို့စီစဉ်နေပါတယ်။
ကလေးမြို့ ပြည်သူ့ဆေးရုံ ဦးစီးအရာရှိ ဦးခုပ်ပီးက “ကျနော်တို့ လုပ်ပေးရပ်သားနဲ့ဖြစ်သွားတာကို ပြောပြမလို့ပါ။ နောက်ဆုံးကုသတဲ့သူကိုခေါ်ပြီး သတင်းစာရှင်းလင်းခိုင်းမှာပါ။ ဘယ်သူမဆိုလာနားထောင်လို့ရတယ်။ တံခါးပိတ်မဟုတ်ဘူး။ ပွင့်လင်းပြင်သာမှုရှိရှိလုပ်မှာပါ” လို့ပြောပါတယ်။
ဒါလ်းမွန်းမာန်ဟာ မြန်မာပြည်လုံးဆိုင်ရာ ဇိုမီးကျောင်းသားအသင်း ဥက္ကဌဟောင်းလည်းဖြစ်ပြီး ချင်းကျောင်းသားလှုပ်ရှားမှုတွင် တက်တက်ကြွကြွပါဝင်သူလည်းဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲကို Zalen facebook page မှတဆင့် Live ထုတ်လွှတ်သွားမှာဖြစ်ပါတယ်။
(Zawgyi)
နောက်ဆုံးရသတင်းများ
ပလက်ဝမြို့နယ်မှာ စစ်ကျန် လက်နက်ကြီးကျည် ဆော့ကစားလို့ ကလေး လေးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ
၁၀၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာမှာ စစ်ကျန် လက်နက်ကြီးကျည်ကို ကလေးတွေ ဆော့ကစားရာ ပေါက်ကွဲမှုဖြစ်ပြီး ကလေး လေးဦး သေဆုံးခဲ့သလို တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ မေလ ၈ ...
ဆက်ဖတ်ရန်