ကိုဗစ်ကာကွယ်ဆေးထိုးတဲ့သူတွေပေါ် ဘယ်လို ဆေးအာနိသင်ပြတာလဲ

မနေ့ကစပြီး တစ်နိုင်ငံလုံး ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံကြပါတယ်။ တစ်နိုင်ငံလုံးမှာဆိုရင် ကျန်းမာရေးဝန်ထမ်း ၃ သောင်းကျော်ဆေးထိုးနိုင်ခဲ့ပါတယ်။

အခု ကျနော်တို့မြန်မာပြည်မှာအသုံးပြုနေတဲ့ အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း ကြုံတွေ့နိုင်တဲ့ လက္ခာဏာတွေလည်း ဆေးမထိုးခင် ပညာပေးအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဖော်ပြခဲ့တာလည်းရှိပါတယ်။

ဒါတွေကတော့ ကိုယ်လက်ကိုက်ခဲတာ၊ ဖျားတာ၊ ညောင်းတာ၊ ချမ်းတုန်တာ၊ မအိမသာဖြစ်တာ စသဖြင့်ပါဝင်ပါတယ်။ ဆေးအစွမ်းက (၃)ရက်ထိ ခံစားနိုင်တယ်လို့လည်းသိရပါတယ်။ ဒီအတွက် ရေများများသောက်ဖို့နဲ့ ပါရာစီတမော်ဆေးတွေသောက်လို့ရတယ်လို့လည်း တာဝန်ရှိသူတွေကပြောကြပါတယ်။

အခု Zalen media က မနေ့က ကာကွယ်ဆေးထိုးတဲ့ ချင်းပြည်နယ် ဖလမ်းမြို့က ကျန်းမာရေးဝန်ထမ်းတစ်ဦးနဲပ ကလေးမြို့က ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ၎င်းတို့ရဲ့ ကြုံတွေ့ရတဲ့ ကာကွယ်ဆေးရဲ့လက္ခာဏာတွေကိုမေးမြန်းထားပါတယ်။

ဒေါက်တာ တလွန်ကျူံးထန်
ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြည်သူ့ဆေးရုံအုပ်

ကျနော်ကတော့ အာနိသင်သိပ်မပြပေမယ့် နည်းနည်းတော့ ချမ်းတယ်။ ည ၉ နာရီလောက်မှာ ကိုယ်ချမ်းလာတယ်။ လူက မလန်းစမ်းဘူး။ တုပ်ကွေးလိုပဲ။ အခုလည်း ဒီတိုင်းပဲ။ အိပ်လိုက်တဲ့နောက်ပိုင်းမှာဘာမှမသိတော့ဘူး။ ဆေးတော့ မသောက်ဘူး။ တခြားလူတွေကတော့ ဆေးသောက်ကြတယ်။ ကျနော့် အမျိုးသမီးဆိုရင် ဖျားတယ်။ ချမ်းတုန်နေတယ်ပေါ့။ ဒါက ဆေးရဲ့ အစွမ်းပဲဖြစ်မယ်။ ဒါက antibody ထွက်လာတာကြောင့် ကောင်းသော လက္ခာဏာ ပဲဖြစ်တယ်။ ကာကွယ်ဆေးထိုးရင် ကိုယ်ပူတာက ကိုယ်ခံအားကောင်းလို့ပြောရမလာ။ ဆေးရဲ့ အာနိသင်ပြလို့။ ဘာမှမဖြစ်တဲ့သူတွေက သူတို့ကိုယ်ခံအားကောင်းလို့ပဲဖြစ်မယ်။ အများစုကတော့ ဆေးအာနိသင်ပြတယ်လို့ပြောကြတယ်။ အားလုံးတော့ စစ်တမ်းမကောက်ရသေးဘူး။ နောက်ပိုင်းမှလုပ်မယ်။ တခြားလူတွေကတော့ ကိုယ်ပူတာ၊ ခေါင်းကိုက်တာတွေရှိတယ်။ အခုလည်း အလုပ်လုပ်ရတာ လူက မလန်းစမ်းဘူး။ အလုပ်မလာနိုင်တဲ့သူတွေလည်းရှိတယ်။
မနေ့က ဖလမ်းမှာ လူ ၃၈၄ယောက် ဆေးထိုးနိုင်တယ်။ ၈၃ ဒသမ ၁ ရာခိုင်နှုန်းထိုးနိုင်တယ်။ တချို့က ကိုယ်ဝန်ဆောင်တာ၊ နို့စို့အရွယ်ကလေးရှိတာတွေကြောင့် ဆေးမထိုးနိုင်ဘူး။

ဒေါ်ညိုမိခိုင်
ကျန်းမာရေးမှူး
ကလေးမြို့နယ် ကံသာကျေးရွာ ကျေးလက်ကျန်းမာရေးဌာန

မနေ့ညက ဖျားတယ်၊ ခေါင်းအုံတယ်၊ ညောင်းညာတယ်။ ကျမကတော့ အဲ့လောက်ကြီး ဖျားတော့ဖျားပါတယ်။ အိပ်လို့ရပါတယ်။ တချို့ဆရာမတော့လည်း တော်တော်ကို နာတာတွေရှိတယ်။ ကျမတော့ ဘာဆေးမှမသောက်ဘူး။ တချို့က ပါရာစီတမော်သောက်ကြတယ်။ ဒီဟာထိုးလို့ရှိရင် ဒီဟာဖြစ်နိုင်တယ်ဆိုတာ ကြိုသိထားတော့ အဲ့လောက်ကြီးမစိုးရိမ်ဘူး။ ကလေးတွေကာကွယ်ဆေးထိုးရင်လည်း တစ်ရက်လောက်တော့ ဖျားတတ်ကြတာပဲလေ။ တချို့ဆရာမတွေက တစ်ကိုယ်လုံးကိုက်ခဲ၊ ကျမဌာနက ဆရာမတွေက အန်တာတော့မရှိဘူး။ ကျမတို့နယ် ဌာနကဆရာမ ၃ ယောက်ကတော့ဘာမှမဖြစ်ဘူးတဲ့။ ဆရာတစ်ယောက်ရေ၊ ဌာနစောင့်ရေ၊ ဆရာမတစ်ယောက်က ဘာမှမဖြစ်ဘူးတဲ့။ ကျန်တဲ့ ၁၃ ယောက်ကတော့ ဖျားတယ်။ ခေါင်းကိုက်တယ်။ ခေါင်းကိုက်တယ်။ ကြွက်သားတွေနာတယ်။ ညောင်းတယ်တဲ့။ ကျမ အပိုင်က မနေ့က ဝန်ထမ်း ၁၆ ယောက်ထိုးတယ်။ ကျမ အပိုင်က ကျဉ်ကုန်း၊ စခန်းကြီး၊ ကံကြီး၊ ကံသာ၊ ခုံသာ၊ စော်ဘွားရေရှည်၊ ရာဇာဂြိုလ် ကျေးရွာကျေးလက်ဌာနတွေပေါ့နော်။ အခုတော့ ကျမကတော့ နေလို့ကောင်းပါတယ်။

(Zawgyi)

ကုိဗစ္ကာကြယ္ေဆးထုိးတဲ့သူေတြေပၚ ဘယ္လို ေဆးအာနိသင္ျပတာလဲ

မေန႔ကစၿပီး တစ္ႏိုင္ငံလံုး က်န္းမာေရးဝန္ထမ္းေတြကို ကိုဗစ္ကာကြယ္ေဆးထိုးႏွံၾကပါတယ္။ တစ္ႏိုင္ငံလံုးမွာဆိုရင္ က်န္းမာေရးဝန္ထမ္း ၃ ေသာင္းေက်ာ္ေဆးထိုးႏိုင္ခဲ့ပါတယ္။

အခု က်ေနာ္တို႔ျမန္မာျပည္မွာအသံုးျပဳေနတဲ့ အိႏိၵယႏိုင္ငံထုတ္ COVISHIELD ကာကြယ္ေဆးထိုးၿပီးေနာက္ပိုင္း ၾကံဳေတြ႔ႏိုင္တဲ့ လကၡာဏာေတြလည္း ေဆးမထိုးခင္ ပညာေပးအေနနဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ၾကီးဌာနက ေဖာ္ျပခဲ့တာလည္းရွိပါတယ္။

ဒါေတြကေတာ့ ကိုယ္လက္ကိုက္ခဲတာ၊ ဖ်ားတာ၊ ေညာင္းတာ၊ ခ်မ္းတုန္တာ၊ မအိမသာျဖစ္တာ စသျဖင့္ပါဝင္ပါတယ္။ ေဆးအစြမ္းက (၃)ရက္ထိ ခံစားႏိုင္တယ္လို႔လည္းသိရပါတယ္။ ဒီအတြက္ ေရမ်ားမ်ားေသာက္ဖို႔နဲ႔ ပါရာစီတေမာ္ေဆးေတြေသာက္လို႔ရတယ္လို႔လည္း တာဝန္ရွိသူေတြကေျပာၾကပါတယ္။

အခု Zalen media က မေန႔က ကာကြယ္ေဆးထိုးတဲ့ ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕က က်န္းမာေရးဝန္ထမ္းတစ္ဦးနဲပ ကေလးၿမိဳ႕က က်န္းမာေရးဝန္ထမ္းတစ္ဦးကို ၄င္းတို႔ရဲ႕ ၾကံဳေတြ႔ရတဲ့ ကာကြယ္ေဆးရဲ႕လကၡာဏာေတြကိုေမးျမန္းထားပါတယ္။

ေဒါက္တာ တလြန္က်ဴံးထန္
ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕ ျပည္သူ႔ေဆးရံုအုပ္

က်ေနာ္ကေတာ့ အာနိသင္သိပ္မျပေပမယ့္ နည္းနည္းေတာ့ ခ်မ္းတယ္။ ည ၉ နာရီေလာက္မွာ ကိုယ္ခ်မ္းလာတယ္။ လူက မလန္းစမ္းဘူး။ တုပ္ေကြးလိုပဲ။ အခုလည္း ဒီတုိင္းပဲ။ အိပ္လိုက္တဲ့ေနာက္ပိုင္းမွာဘာမွမသိေတာ့ဘူး။ ေဆးေတာ့ မေသာက္ဘူး။ တျခားလူေတြကေတာ့ ေဆးေသာက္ၾကတယ္။ က်ေနာ့္ အမ်ဳိးသမီးဆိုရင္ ဖ်ားတယ္။ ခ်မ္းတုန္ေနတယ္ေပါ့။ ဒါက ေဆးရဲ႕ အစြမ္းပဲျဖစ္မယ္။ ဒါက antibody ထြက္လာတာေၾကာင့္ ေကာင္းေသာ လကၡာဏာ ပဲျဖစ္တယ္။ ကာကြယ္ေဆးထိုးရင္ ကိုယ္ပူတာက ကိုယ္ခံအားေကာင္းလို႔ေျပာရမလာ။ ေဆးရဲ႕ အာနိသင္ျပလို႔။ ဘာမွမျဖစ္တဲ့သူေတြက သူတို႔ကိုယ္ခံအားေကာင္းလို႔ပဲျဖစ္မယ္။ အမ်ားစုကေတာ့ ေဆးအာနိသင္ျပတယ္လို႔ေျပာၾကတယ္။ အားလံုးေတာ့ စစ္တမ္းမေကာက္ရေသးဘူး။ ေနာက္ပိုင္းမွလုပ္မယ္။ တျခားလူေတြကေတာ့ ကိုယ္ပူတာ၊ ေခါင္းကိုက္တာေတြရွိတယ္။ အခုလည္း အလုပ္လုပ္ရတာ လူက မလန္းစမ္းဘူး။ အလုပ္မလာႏိုင္တဲ့သူေတြလည္းရွိတယ္။
မေန႔က ဖလမ္းမွာ လူ ၃၈၄ေယာက္ ေဆးထုိးႏိုင္တယ္။ ၈၃ ဒသမ ၁ ရာခိုင္ႏႈန္းထိုးႏိုင္တယ္။ တခ်ဳိ႕က ကိုယ္ဝန္ေဆာင္တာ၊ ႏို႔စို႔အရြယ္ကေလးရွိတာေတြေၾကာင့္ ေဆးမထိုးႏိုင္ဘူး။

ေဒၚညိဳမိခိုင္
က်န္းမာေရးမွဴး
ကေလးၿမိဳ႕နယ္ ကံသာေက်းရြာ ေက်းလက္က်န္းမာေရးဌာန

မေန႔ညက ဖ်ားတယ္၊ ေခါင္းအံုတယ္၊ ေညာင္းညာတယ္။ က်မကေတာ့ အဲ့ေလာက္ၾကီး ဖ်ားေတာ့ဖ်ားပါတယ္။ အိပ္လို႔ရပါတယ္။ တခ်ဳိ႕ဆရာမေတာ့လည္း ေတာ္ေတာ္ကို နာတာေတြရွိတယ္။ က်မေတာ့ ဘာေဆးမွမေသာက္ဘူး။ တခ်ဳိ႕က ပါရာစီတေမာ္ေသာက္ၾကတယ္။ ဒီဟာထိုးလို႔ရွိရင္ ဒီဟာျဖစ္ႏိုင္တယ္ဆိုတာ ၾကိဳသိထားေတာ့ အဲ့ေလာက္ၾကီးမစိုးရိမ္ဘူး။ ကေလးေတြကာကြယ္ေဆးထိုးရင္လည္း တစ္ရက္ေလာက္ေတာ့ ဖ်ားတတ္ၾကတာပဲေလ။ တခ်ဳိ႕ဆရာမေတြက တစ္ကိုယ္လံုးကိုက္ခဲ၊ က်မဌာနက ဆရာမေတြက အန္တာေတာ့မရွိဘူး။ က်မတို႔နယ္ ဌာနကဆရာမ ၃ ေယာက္ကေတာ့ဘာမွမျဖစ္ဘူးတဲ့။ ဆရာတစ္ေယာက္ေရ၊ ဌာနေစာင့္ေရ၊ ဆရာမတစ္ေယာက္က ဘာမွမျဖစ္ဘူးတဲ့။ က်န္တဲ့ ၁၃ ေယာက္ကေတာ့ ဖ်ားတယ္။ ေခါင္းကိုက္တယ္။ ေခါင္းကိုက္တယ္။ ၾကြက္သားေတြနာတယ္။ ေညာင္းတယ္တဲ့။ က်မ အပိုင္က မေန႔က ဝန္ထမ္း ၁၆ ေယာက္ထုိးတယ္။ က်မ အပိုင္က က်ဥ္ကုန္း၊ စခန္းၾကီး၊ ကံၾကီး၊ ကံသာ၊ ခံုသာ၊ ေစာ္ဘြားေရရွည္၊ ရာဇာၿဂိဳလ္ ေက်းရြာေက်းလက္ဌာနေတြေပါ့ေနာ္။ အခုေတာ့ က်မကေတာ့ ေနလို႔ေကာင္းပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်