ခိုင်ကမ်းတွင် ဆိုင်ကယ်ခိုးယူသူနဲ့ ခိုးရာပါဆိုင်ကယ် (၉)စီးဖမ်းမိ

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ဆိုင်ကယ်ခိုးယူသူနဲ့ ခိုးရာပါဆိုင်ကယ် (၉)စီးကို ဇန်နဝါရီလ (၂၀)ရက် ခိုင်ကမ်း ရဲတပ်ဖွဲ့ကဖမ်းဆီးထားပါတယ်။

ဖမ်းဆီးထားတဲ့ တရားခံဟာ ခိုင်ကမ်းမြို့ အမှတ် (၂) ကြိုးတံတားနား ကျူးကျော်အိမ်ယာတွင်နေထိုင်တဲ့ ကပ်ဒိတ်ကျင့်ဖြစ်ပါတယ်။

ခိုင်ကမ်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စစ်ဆေးခဲ့ရာ ကပ်ဒိတ်ကျင့်ဟာ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ခိုင်ကမ်းမြို့၊ အမှတ်(၁)ရပ်ကွက် အောင်သရဖူ ကုန်စုံဆိုင်ရှေ့ရပ်ထားတဲ့ Kenbo 125 အနက်ရောင်ဆိုင်ကယ်ကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် လက်ပံချောင်းကျေးရွာ Kenbo 125 အနက်ရောင်ဆိုင်ကယ်ကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကလေးမြို့နယ် လက်ပံချောင်းကျေးရွာ ဓာတ်ဆီဆိုင်ရှေ့တွင် ရပ်ထားတဲ့ Kenbo 125 အနက်ရောင်ဆိုင်ကယ်ကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် တာဟန်းရပ်ကွက် လမ်းမပေါ်ရပ်ထားတဲ့ New Anbo 125 အနက်ရောင်ဆိုင်ကယ်တစ်စီးကိုလည်းကောင်း၊ ၂၀၂၀ ဇန်နဝါရီလတွင် ကလေးမြို့နယ် ညောင်ကုန်းကျေးရွာမှ Grader 125 အနက်ရောင်ဆိုင်ကယ်ကိုလည်းကောင်း၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ကလေးမြို့နယ် ပျဉ်းတော်ဦးကျေးရွာနေအိမ်တစ်လုံးရှေ့ ရပ်ထားတဲ့ New PT Power 135 အနက်ရောင်ဆိုင်ကယ်တစ်စီးကိုလည်းကောင်း ခိုးယူပြီး ရောင်းချခဲ့းကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဒါကြောင့် ဆိုင်ကယ် ပျောက်ဆုံးသူများအနေဖြင့် ဆိုင်ကယ် ပိုင်ဆိုင်ကြောင်း သက်သေအထောက်အထားများနဲ့အတူ သွားရောက် စုံစမ်းနိုင်ပါတယ်လို့ ခိုင်ကမ်းပြန်၊ဆက်ကဖော်ပြထားပါတယ်။

(Zawgyi)

ခိုင္ကမ္းတြင္ ဆုိင္ကယ္ခုိးယူသူနဲ႔ ခိုးရာပါဆိုင္ကယ္ (၉)စီးဖမ္းမိ

တီးတိန္ၿမိဳ႕နယ္၊ ခိုင္ကမ္းၿမိဳ႕တြင္ ဆိုင္ကယ္ခုိးယူသူနဲ႔ ခိုးရာပါဆိုင္ကယ္ (၉)စီးကို ဇန္နဝါရီလ (၂၀)ရက္ ခိုင္ကမ္း ရဲတပ္ဖြဲ႔ကဖမ္းဆီးထားပါတယ္။

ဖမ္းဆီးထားတဲ့ တရားခံဟာ ခိုင္ကမ္းၿမိဳ႕ အမွတ္ (၂) ၾကိဳးတံတားနား က်ဴးေက်ာ္အိမ္ယာတြင္ေနထုိင္တဲ့ ကပ္ဒိတ္က်င့္ျဖစ္ပါတယ္။

Photo: Iprd Khaikam

ခိုင္ကမ္းရဲတပ္ဖြဲ႔ တာဝန္ရွိသူေတြက စစ္ေဆးခဲ့ရာ ကပ္ဒိတ္က်င့္ဟာ၂၀၁၉ ခုႏွစ္ ၾသဂုတ္လတြင္ ခိုင္ကမ္းၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္ ေအာင္သရဖူ ကုန္စံုဆိုင္ေရွ႕ရပ္ထားတဲ့ Kenbo 125 အနက္ေရာင္ဆိုင္ကယ္ကိုလည္းေကာင္း၊ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလတြင္ လက္ပံေခ်ာင္းေက်းရြာ Kenbo 125 အနက္ေရာင္ဆိုင္ကယ္ကိုလည္းေကာင္း၊ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလတြင္ ကေလးၿမိဳ႕နယ္ လက္ပံေခ်ာင္းေက်းရြာ ဓာတ္ဆီဆုိင္ေရွ႕တြင္ ရပ္ထားတဲ့ Kenbo 125 အနက္ေရာင္ဆိုင္ကယ္ကိုလည္းေကာင္း၊ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလတြင္ တာဟန္းရပ္ကြက္ လမ္းမေပၚရပ္ထားတဲ့ New Anbo 125 အနက္ေရာင္ဆိုင္ကယ္တစ္စီးကိုလည္းေကာင္း၊ ၂၀၂၀ ဇန္နဝါရီလတြင္ ကေလးၿမိဳ႕နယ္ ေညာင္ကုန္းေက်းရြာမွ Grader 125 အနက္ေရာင္ဆိုင္ကယ္ကိုလည္းေကာင္း၊ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလတြင္ ကေလးၿမိဳ႕နယ္ ပ်ဥ္းေတာ္ဦးေက်းရြာေနအိမ္တစ္လံုးေရွ႕ ရပ္ထားတဲ့ New PT Power 135 အနက္ေရာင္ဆုိင္ကယ္တစ္စီးကိုလည္းေကာင္း ခိုးယူၿပီး ေရာင္းခ်ခဲ့းေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

ဒါေၾကာင့္ ဆိုင္ကယ္ ေပ်ာက္ဆံုးသူမ်ားအေနျဖင့္ ဆိုင္ကယ္ ပိုင္ဆိုင္ေၾကာင္း သက္ေသအေထာက္အထားမ်ားနဲ႔့အတူ သြားေရာက္ စံုစမ္းႏိုင္ပါတယ္လို႔ ခိုင္ကမ္းျပန္၊ဆက္ကေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်