ချင်းပြည်နယ်တွင် ဆရာ၊မရွေးချယ်ရာတွင် ဒေသခံများကိုဦးစားပေးရွေးချယ်ရန်တောင်းဆို

ချင်းပြည်နယ်တွင် ဆရာ၊မရွေးချယ်ရာတွင် ဒေသခံများကိုဦးစားပေးရွေးချယ်ရန်တောင်းဆို

ဟားခါး ပညာရေးကောလိပ်ရှိ လုပ်ငန်းခွင်ဆရာအကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) ဝင်ခွင့်တွင် ဒေသခံတိုင်းရင်းသား ၃၀ ရာခိုင်နှုန်းသာရွေးချယ်ခံရသဖြင့် ဒေသခံများကိုဦးစားပေးရွေးချယ်ရန် ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီရွှေလျန်းက တောင်းဆိုပါတယ်။

စက်တင်ဘာ (၁၃)ရက်တွင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒေါ်နီရွှေလျန်းက လုပ်ငန်းခွင် ဆရာအကြို မူလတန်း ဆရာအတတ်ပညာသင်တန်း PPTT ဝင်ခွင့်ရွေးချယ်ရေးကိစ္စကို ဒေသခံထဲမှ ဦးစားပေး ရွေးချယ်ရန်နှင့် လုံလောက်မှုမရှိမှသာ အခြားတိုင်းဒေသကြီးမှ လျှောက်ထားသူ များကို ရွေးချယ်သည့်စနစ် ကျင့်သုံးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းထားပါတယ်။

ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီရွှေလျန်းက “ဆယ်တန်းအောက်ချက်နိမ့်ချသည်မှာ ဆရာ၊မ လိုအပ်ချက်ကြောင့်ဖြစ်တယ်။ တခြားတိုင်း၊ပြည်နယ်က ခန့်ထားတဲ့ဆရာ၊မများဟာ ခေတ္တခဏသာ လုပ်ဆောင်ပြီး မိမိဒေသသို့ ရာထူးတိုးဖြစ်လည်းကောင်း၊ တခြားလူမှုရေးကိစ္စကြောင့်လည်းကောင်း၊ ပြောင်းရွှေ့တဲ့ခါ လစ်လပ်တဲ့နေရာကို ချက်ချင်းအစားထိုးခန့်နိုင်ခြင်းမရှိတာကြောင့်၊ သင်ကြားရေးမှာအခက်အခဲတွေ့ရှိနေတယ်။လစ်လပ်နေရာတွင် အကြိုမူလတန်းဆရာထဲမှ ခန့်ထားပေးမယ့်ပုံစံဖြစ်ပါတယ်။ တခြားတိုင်း၊ပြည်နယ်မှလူတွေကိုရွေးချယ်မယ့်အစား ဒေသခံတိုင်းရင်းသားများထဲမှ ဦးစားရွေးချယ်ပါက ဆရာ၊မလိုအပ်ချက်လျော့နည်းသွားမယ်လို့ယူဆမိပါတယ်။ ရွေးချယ်ရာမှာ အင်္ဂလိပ်စာနဲ့ အထွေထွေဗဟုသုတကိုယှဉ်ပြိုင်ဖြေဆိုစေ၍ ရမှတ်ပေါ်မူတည်ပြီး ဆရာ၊မတစ်ဦးရဲ့အရည်အချင်းကိုအကဲဖြတ်ရသည်မှာလည်း ဖွံ့ဖြိုးမှုနိမ့်ကျသောဒေသတွက် ရာနှုန်းပြည့်မှန်ကန်မှုမရှိနိုင်ပါလို့ယူဆမိပါတယ်။ ဒါထက် စေတနာ၊ ဝါသနာ၊ စေတနာ ပါပြီး အခါအားလျော်စွာဖွင့်လှစ်ပေးသော သင်တန်းများတက်ရောက်ပြီးအတွေ့အကြုံရှိလာပါက စွမ်းရည်ပိုမိုမြင့်တက်လာမယ်။ လက်ရှိကျင့်သုံးတဲ့ရွေးချယ်ရေးစနစ်ဟာ ဝေးလံခေါင်ပါးသောဒေများ ပညာတတ်ဘွဲ့ရများအတွက် အလိုပ်အကိုင်အခွင့်အလမ်းနစ်နာခြင်း၊ အနေမနီးသည့်ဆရာ၊မများအပြောင်းအရွေ့များကြောင့် သင်ကြားရေးတွင်နစ်နာမှုရှိပါတယ်” လို့ပြောပါတယ်။

ဟားခါးပညာရေးကောလိပ်တွင် ၂၀၁၉-၂၀ ပညာသင်နှစ် လုပ်ငန်းခွင်ဆရာအကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT)ဝင်ခွင့်ဖြေဆိုသူ ၁၁၅၀ ဦးထဲမှ ၁၈၀ ဦးရွေးချယ်ပါတယ်။ ၎င်းတို့ထဲမှ ၅၆ ဦးသာဒေသခံတိုင်းရင်းသားများဖြစ်၍ ၃၀ ရာခိုင်နှုန်းသာဖြစ်တယ်။ ၁၃၂ ဦးမှာ တိုင်းဒေသနဲ့ပြည်နယ်အသီးသီးက ရွေးချယ်ထားတာ ရာခိုင်နှုန်း ၇၀ ဖြစ်တယ်။ ထန်တလန်အတွက် ၂၁ ဦးရွေး၍ ဒေသခံ ၄ ဦးသာပါဝင်ပြီး ကျန် ၁၇ ဦးက တိုင်းခြားမှဖြစ်တယ်လို့ ဆက်လက်ပြောကြားပါတယ်။

အဆိုပါမေးခွန်းနဲ့စပ်လျဉ်းပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဝင်ခွင့်ဖြေဆိုသူအားလုံးသည် တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ နှစ်သက်ရာမြို့နယ် တစ်ခုကို ရွေးချယ်လျှောက်ထားခွင့်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနအနေဖြင့် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ် ပညာသင်တန်း (PPTT) ဝင်ခွင့်ရွေးချယ်ရေးကိစ္စကို ဒေသခံထဲမှ ဦးစားပေး ရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံအတွင်းမှ လုံလောက်မှုမရှိမှသာ အခြား တိုင်းဒေသကြီး၊ ပြည်နယ်များမှ လျှောက်ထားသူများကို ရွေးချယ်သည့်စနစ်ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်မှစ၍ ဆောင်ရွက်ကျင့်သုံးလျက်ပြီး ယခုလည်း လက်ရှိ ကျင့်သုံးနေပါကြောင်းနှင့် နောင်တွင်လည်း ဆက်လက်ကျင့်သုံးမည်လို့ပြန်လည်ဖြေကြားထားပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်