ငွေထုတ်သူတွေကို ရာခိုင်နှုန်းအဆမတန်တောင်းယူတဲ့ ဖလမ်းခရိုင်ဘဏ်မန်နေဂျာကို ကျည်ဆံပို့

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရဲ့ ခရိုင်ဘဏ်မန်နေဂျာ ဦးထွန်းမြအေးကို CNDF က ကျည်ဆံနဲ့ သတိပေးစာ ပေးပို့လိုက်တယ်လို့သတင်းရရှိပါတယ်။

CNDF ပြောရေးဆိုခွင့်ရှိသူတဦးက “ခုချိန်မှာ ဘဏ်မှာ ၂ သိန်း၊ ၃ သိန်းတောင်ထုတ်ဖို့ခက်ခဲနေတဲ့ချိန်မှာ ပိုက်ဆံများများပေးနိုင်တဲ့သူတွေဆိုရင် သိန်း ၂၀၀ တောင်ထုတ်ပေးတာ မဖြစ်သင့်ဘူး။ ကျနော်တို့က ငွေထုတ်ရင် ရာခိုင်နှုန်းတွေပေးစရာမလိုဘဲထုတ်ပေးတာပဲလိုချင်တယ်။ နောက်တကြိမ်ဆိုရင် သတိပေးစာလာတော့မှာမဟုတ်ဘူး” လို့ပြောပါတယ်။

ယင်းစာထဲတွင် ဖလမ်းမြို့နေပြည်သူများ ငွေကြေးထုတ်ယူရာတွင် ရာခိုင်နှုန်းအဆမတန်တောင်းယူမှုပြုလုပ်နေကြောင်း၊ အများပြည်သူ အခက်အခဲ၊ အကျပ်အတည်းများစွာကြုံတွေ့နေရချိန် မတရားလောဘဖြင့် ပြည်သူများအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်နေမှုအား ရန်တန်းမှရပ်ရန်၊ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက လူကြီးမင်းရဲ့ အသက်အန္တရာယ်အား အာမခံမည်မဟုတ်ကြောင်း ထပ်လောင်းသတိပေးလိုက်တယ်လို့ဖော်ပြထားပါတယ်။

မြန်မာ့စီးပွားရေးဘဏ်တွင် ငွေထုတ်ယူတဲ့ပြည်သူတစ်ဦးက “ဖလမ်းမြို့မှာ ၅ ရာခိုင်နှုန်းယူကြတယ်။ ဟားခါးမှာတော့ ၂ ရာခိုင်နှုန်းယူတယ်။ ငွေထုတ်ဖို့လည်း တအားခက်တယ်” လို့ပြောပါတယ်။

(Zawgyi)

ေငြထုတ္သူေတြကို ရာခိုင္ႏႈန္းအဆမတန္ေတာင္းယူတဲ့ ဖလမ္းခရိုင္ဘဏ္မန္ေနဂ်ာကို က်ည္ဆံပို႔

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕ရွိ ျမန္မာ့စီးပြားေရးဘဏ္ရဲ့ ခရိုင္ဘဏ္မန္ေနဂ်ာ ဦးထြန္းျမေအးကို CNDF က က်ည္ဆံနဲ႔ သတိေပးစာ ေပးပို႔လိုက္တယ္လို႔သတင္းရရွိပါတယ္။

CNDF ေျပာေရးဆိုခြင့္ရွိသူတဦးက “ခုခ်ိန္မွာ ဘဏ္မွာ ၂ သိန္း၊ ၃ သိန္းေတာင္ထုတ္ဖို႔ခက္ခဲေနတဲ့ခ်ိန္မွာ ပိုက္ဆံမ်ားမ်ားေပးနိုင္တဲ့သူေတြဆိုရင္ သိန္း ၂၀၀ ေတာင္ထုတ္ေပးတာ မျဖစ္သင့္ဘူး။ က်ေနာ္တို႔က ေငြထုတ္ရင္ ရာခိုင္ႏႈန္းေတြေပးစရာမလိုဘဲထုတ္ေပးတာပဲလိုခ်င္တယ္။ ေနာက္တႀကိမ္ဆိုရင္ သတိေပးစာလာေတာ့မွာမဟုတ္ဘူး” လို႔ေျပာပါတယ္။

ယင္းစာထဲတြင္ ဖလမ္းၿမိဳ႕ေနျပည္သူမ်ား ေငြေၾကးထုတ္ယူရာတြင္ ရာခိုင္ႏႈန္းအဆမတန္ေတာင္းယူမႈျပဳလုပ္ေနေၾကာင္း၊ အမ်ားျပည္သူ အခက္အခဲ၊ အက်ပ္အတည္းမ်ားစြာၾကဳံေတြ႕ေနရခ်ိန္ မတရားေလာဘျဖင့္ ျပည္သူမ်ားအေပၚ ေခါင္းပုံျဖတ္အျမတ္ထုတ္ေနမႈအား ရန္တန္းမွရပ္ရန္၊ ဆက္လက္လုပ္ေဆာင္ေနမည္ဆိုပါက လူႀကီးမင္းရဲ့ အသက္အႏၲရာယ္အား အာမခံမည္မဟုတ္ေၾကာင္း ထပ္ေလာင္းသတိေပးလိုက္တယ္လို႔ေဖာ္ျပထားပါတယ္။

ျမန္မာ့စီးပြားေရးဘဏ္တြင္ ေငြထုတ္ယူတဲ့ျပည္သူတစ္ဦးက “ဖလမ္းၿမိဳ႕မွာ ၅ ရာခိုင္ႏႈန္းယူၾကတယ္။ ဟားခါးမွာေတာ့ ၂ ရာခိုင္ႏႈန္းယူတယ္။ ေငြထုတ္ဖို႔လည္း တအားခက္တယ္” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်