စခန်းတိုက်ခိုက်ခံရလျှင် တရွာလုံးမီးရှို့ပစ်မယ်လို့ စကစတပ်က သံဖိုရွာသားတွေကိုခြိမ်းခြောက်

ကလေးမြို့နယ် တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမပေါ်ရှိ သံဖိုရွာသားတွေကို ရန်ကြီးအောင်ရွာမှာစခန်းချတပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်က စခန်းကိုတိုက်ခိုက်ခံရလျှင် တရွာလုံးမီးရှို့ပစ်မယ်လို့ခြိမ်းခြောက်ခဲ့ကြောင်းသတင်းရရှိပါတယ်။

ရန်ကြီးအောင်ရွာဟာ သံဖိုရွာနဲ့တဆက်တည်းတည်ရှိတဲ့ကျေးရွာဖြစ်ပါတယ်။ ယင်းရွာ ၂ ရွာကပြည်သူတွေဟာ အရင်တိုက်ပွဲဖြစ်ပွားခဲ့စဉ်က ဘေးလွတ်ရာသို့တိမ်းရှောင်ကာ ဒီပတ်အတွင်းထပ်မံ တိမ်းရှောင်သူများပြားလာပါတယ်။

ယင်းရွာနဲ့နီးစပ်သူတယောက်က “ခုတလော ရွာသားတွေတိမ်းရှောင်တဲ့သူများလာလို့ PDF တွေက သူတို့စခန်းကိုတိုက်တော့မယ်လို့ထင်တာ။ ဒါကြောင့် စခန်းကိုတိုက်ခိုက်ခံရရင်တော့ နင်တို့တရွာလုံးမီးရှို့မယ်လို့ခြိမ်းခြောက်လိုက်တယ်။ ဒါကြောင့် မနက်ဖြန် စက်တင်ဘာ ၁၉ ရက် မနက် ၈ နာရီမှာ သံဖိုရွာလူကြီး ၅ ယောက်ကို စခန်းမှာလာပြီး သူတိို့နဲ့ညိုနှိုင်းဖို့မှာထားတယ်။ တခြား ရွာအနီးမှာ တပ်စခန်းကျတဲ့ရွာတွေလည်း ကြိုတင်သတိထားလို့ရတာပေါ့” လို့ပြောပါတယ်။

အရင်လတွေမှာလည်း ကလေး-ဂန့်ဂေါလမ်းပေါ်ရှိ စည်သာရွာနားမှာ မိုင်းထောင်တာ၊ ဗုံးပေါက်ကွဲတာ မကြာခဏဖြစ်တဲ့တွက် အာဏာသိမ်းစစ်ကောင်စီတပ်က ရွာသားတွေကို နောက်နောင်မှာ ရွာအနီး မိုင်းထောင်၊ ဗုံးပေါက်ကွဲတာရှိလာရင် ရွာကိုမီးရှို့မယ်လို့ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

Zawgyi

စခန္းတိုက္ခိုက္ခံရလွ်င္ တရြာလံုးမီးရိႈ႔ပစ္မယ္လုိ႔ စကစတပ္က သံဖိုရြာသားေတြကိုျခိမ္းေျခာက္

ကေလးၿမိဳ႕နယ္ ေတာင္ပိုင္း ကေလး-ဂန္႔ေဂါလမ္းမေပၚရွိ သံဖိုရြာသားေတြကို ရန္ၾကီးေအာင္ရြာမွာစခန္းခ်တပ္စြဲထားတဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္က စခန္းကိုတုိက္ခိုက္ခံရလွ်င္ တရြာလံုးမီးရိႈ႕ပစ္မယ္လုိ႔ျခိမ္းေျခာက္ခဲ့ေၾကာင္းသတင္းရရွိပါတယ္။

ရန္ၾကီးေအာင္ရြာဟာ သံဖိုရြာနဲ႔တဆက္တည္းတည္ရွိတဲ့ေက်းရြာျဖစ္ပါတယ္။ ယင္းရြာ ၂ ရြာကျပည္သူေတြဟာ အရင္တုိက္ပြဲျဖစ္ပြားခဲ့စဥ္က ေဘးလြတ္ရာသို႔တိမ္းေရွာင္ကာ ဒီပတ္အတြင္းထပ္မံ တိမ္းေရွာင္သူမ်ားျပားလာပါတယ္။

ယင္းရြာနဲ႔နီးစပ္သူတေယာက္က “ခုတေလာ ရြာသားေတြတိမ္းေရွာင္တဲ့သူမ်ားလာလုိ႔ PDF ေတြက သူတုိ႔စခန္းကိုတိုက္ေတာ့မယ္လို႔ထင္တာ။ ဒါေၾကာင့္ စခန္းကိုတုိက္ခိုက္ခံရရင္ေတာ့ နင္တို႔တရြာလံုးမီးရိႈ႕မယ္လုိ႔ျခိမ္းေျခာက္လိုက္တယ္။ ဒါေၾကာင့္ မနက္ျဖန္ စက္တင္ဘာ ၁၉ ရက္ မနက္ ၈ နာရီမွာ သံဖိုရြာလူၾကီး ၅ ေယာက္ကို စခန္းမွာလာၿပီး သူတိုိ႔နဲ႔ညိဳႏႈိင္းဖုိ႔မွာထားတယ္။ တျခား ရြာအနီးမွာ တပ္စခန္းက်တဲ့ရြာေတြလည္း ၾကိဳတင္သတိထားလုိ႔ရတာေပါ့” လို႔ေျပာပါတယ္။

အရင္လေတြမွာလည္း ကေလး-ဂန္႔ေဂါလမ္းေပၚရွိ စည္သာရြာနားမွာ မိုင္းေထာင္တာ၊ ဗံုးေပါက္ကြဲတာ မၾကာခဏျဖစ္တဲ့တြက္ အာဏာသိမ္းစစ္ေကာင္စီတပ္က ရြာသားေတြကို ေနာက္ေနာင္မွာ ရြာအနီး မိုင္းေထာင္၊ ဗံုးေပါက္ကြဲတာရွိလာရင္ ရြာကိုမီးရိႈ႕မယ္လုိ႔ျခိမ္းေျခာက္ခဲ့ဖူးပါတယ္။

 

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်