စစ်ကောင်စီကဂျက်ဖိုက်တာ နှစ် စီးနဲ့ မင်းတပ်မြို့ပေါ်ကို ဗုံးကြဲ တိုက်ခိုက်

မေ ၈၊၂၀၂၆
Zalen

ချင်းပြည်တောင်ပိုင်း ၊ မင်းတပ်မြို့ ပေါ်ကို ဒီကနေ့ မနက် ၇ နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုမှာစစ်ကောင် စီတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးသီ ၄ လုး ကြဲချခဲ့တာဖြစ် လို့အဆောက်အဦ ပျက်စီးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

” အရှေ့ပြင်ကိုပစ်တာ။ လ၀က ရုံး ၊ မီးသတ်ရုံးတွေကို ကြဲတာ။ ရုံးတွေ ပျက်စီးသွားတယ်လို့ ပြောတယ်” လို့ မင်းတပ်မြို့ပေါ်ဒေသခံ တစ်ဦးက Zalen ကိုပြောပါတယ်။

Zalen ad

စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ကြောင့်လူထိခိုက်မှု ရှိ ၊မရှိကိုတော့အသေးစိတ်မသိရသေးဘူးလို့ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကလည်း မင်းတပ်မြို့နယ်အရှေ့ပြင်ရပ်ကွက်ရှိ ကျေးလက်ရုံးကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဆောက်အဦ နဲ့ လူတစ်ဦး ထိခိုက် ၊ ပျက်စီးခဲ့ပါတယ်။

‌ဧပြီလ ၁၁ ရက်တုန်းကလည်း မင်းတပ်မြို့ပေါ်ရှိ ယခင်အစိုးရ ရုံးတွေကို ဂျက်ဖိုက်တာ ၅ စီးနဲ့ မီးလောင်ဗုံး ပါ၀င်တဲ့ ဗုံးသီး ၈ လုံးကြဲချခဲ့လို့ စစ်သုံ့ပန်းတစ်ဦးသေဆုံးပြီး အဆောက် အဦ ၂၀ ကျော်၊ အိမ်စီးကား ၄ စီး မီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။

သတင်း – မိုးပီအောင်
ဓာတ်ပုံ – ဧပြီ ၁၁ ရက် က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်မီးလောင်နေတဲ့မြင်ကွင်း

နောက်ဆုံးရသတင်းများ

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ဖို့ စစ်ကောင်စီ ပြင်ဆင်

ဇူလိုင် ၃၊ ၂၀၂၆ Zalen ကချင်ပြည်နယ်မြောက်ပိုင်းမှာ တည်ရှိတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လာမယ့် ၈ နှစ်ခန့်အတွင်း အပြီးသတ် တည်ဆောက်သွားဖို့ စစ်ကောင်စီက ရည်မှန်းချက်ထားရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ စီမံကိန်းကို ပြန်လည်စတင်ဖို့ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ရဲ့ ...

ဆက်ဖတ်ရန်