စစ်ကောင်စီတပ်ပစ်လို့ ထန်တလန်မြို့က ပြည်သူ ၂ ယောက်သေဆုံး၊ ၂ယောက်ဒဏ်ရာရ

ချင်းပြည်နယ်၊ ထန်တလန်မြို့ထဲသို့ ဟားခါးဘက်မှဝင်လာတဲ့ ကားတစ်စီးကို မနေ့ စက်တင်ဘာ ၂၉ ရက် ညနေ ၆ နာရီခွဲတွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေက ပစ်ခတ်ရာ ထန်တလန်မြို့မိမြို့ဖ ဦးရာလ်သူး (၇၅ နှစ်) နဲ့ ဦးဟရမ်ကျူံး (အသက် ၇၀ ကျော်) ကွယ်လွန်သွားတယ်လို့သတင်းရရှိပါတယ်။

ယင်းကားပေါ်မှာလိုက်ပါလာတဲ့ ထန်တလန်မြို့မိမြို့ဖ ၂ ယောက်မှာ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိပြီး ယာဉ်ရှေ့ခန်းမှာထိုင်တဲ့ ယာဉ်မောင်းနဲ့မြို့မိမြို့ဖတစ်ဦးကတော့ ထိခိုက်မှုမရှိပါ။

စစ်ကောင်စီပစ်ခတ်တဲ့ ကားထဲမှာပါတဲ့ ကာယကံရှင်တစ်ဦးက “ထန်တလန်မြို့မိမြို့ဖနဲ့ သင်းအုပ်ဆရာတော်နဲ့ ဟားခါးက INGO, NGO တွေသင်းအုပ်ဆရာတော်တွေနဲ့ နေ့လည်ကစပြီးအစည်းအဝေးလုပ်ကြတယ်။ အဲ့ဒီအစည်းအဝေးမှာ ကားငှားပြီးတော့ ထန်တလန်ကနေ မြို့မိမြို့ဖ ၄ ယောက် ဟားခါးကိုသွားတယ်။ နေ့လည် ၁ နာရီမှာအစည်းအဝေးစတယ်။ အစည်းအဝေးပြီးတော့ ထန်တလန်ကိုပြန်ကြတယ်။ ထန်တလန်ကိုဝင်တာက နည်းနည်းနောက်ကျတယ်။ ည ၇ နာရီမထိုးသေးဘူးအဲ့လောက်မှာရောက်တယ်။ ဟားခါးကနေ ပြန်လာပြီဆိုတာလည်း သူငယ်ချင်းတစ်ယောက်က ထန်တလန်ကို ဖုန်းဆက်တယ်။ သူတို့က ကျနော်တို့ပြန်လာမယ်ဆိုတာသိလို့ ပစ္စည်းတောင်ပါးလိုက်သေးတယ်။ အပစ်ခံရတဲ့နေရာက မြို့အဝင်ဆိုင်းဘုတ်ကနေ ၁ ဖာလုံလောက်အကွာ န.တ.လ ဘုန်းကြီးကျောင်းနားရောက်တဲ့ချိန်မှာ န.တ.လကျောင်းကနေပစ်ကြတာ။ သေနတ်အများကြီးပစ်ဖောက်တယ်။ ပွဲချင်းသေဆုံးတဲ့သူက မြို့မိမြို့ဖ ဦးရာလ်သူး နဲ့ ဦးဟရမ်ကျူံး ဖြစ်တယ်။ ဒဏ်ရာရတဲ့သူက ကားပိုင်ရှင် ဦးဇိုပဲန်နဲ့ မြို့မိမြို့ဖ ဦးထန်ဟင် ဖြစ်တယ်။ ကျနော်နဲ့ ကားဆရာကတော့ ဘာမှမထိဘူး။ ကျနော်က ယာဉ်မောင်းဘေးမှာထိုင်တယ်။ မြို့မိမြို့ဖ ၃ ယောက်က နောက်မှာထိုင်တယ်။ ဒဏ်ရာရတဲ့သူတွေက စိုးရိမ်ရတဲ့အဆင့်မဟုတ်ဘူး။ သေဆုံးတဲ့ ၂ ယောက်က ကျောကုန်းမှာ ၃ ချက်ထိတယ်။ ဦးခေါင်း၊ ချုုိင်းအောက်၊ ခြေထောက်တွေမှာထိတယ်။ သေနတ်ပစ်ခံရပြီးတော့ စစ်တပ်ကလာကြည့်တာလည်းမရှိဘူး။ ထန်တလန်မှာကျန်တဲ့လူတွေကပဲ အချင်းချင်းပြုစုကြတယ်။ မနေ့ညထိ ထန်တလန်ညမြို့မှာ လူ ၁၆ ယောက်ရှိတယ်။ အခု လူ ၃ယောက်ပဲကျန်တော့တယ်။ ကျတော်တို့ကတော့ ထွက်လာကြပြီ” လို့ပြောပါတယ်။

ဦးရာလ်သူးဟာ ပြည်သူ့ကောင်စီခေတ်တွင် ထန်တလန်မြို့နယ်မှာ တရားသူကြီးတာဝန်ထမ်းဆောင်ခဲ့ပြီး အခုချိန်ထိ ထန်တလန်မြို့တွင် အများကြည်ညိုလေးစားရတဲ့ မြို့မိမြို့ဖတစ်ဦးဖြစ်ပါတယ်။

ဦးဟရမ်ကျူံးဟာ လက်သမားလုပ်ကိုင်သူဖြစ်ပြီး ဦးရာလ်သူးတို့စီးလာတဲ့ကား အနောက်ခန်းတွင်ထိုင်ကာ ကျည်ထိမှန်လို့သေဆုံးတာဖြစ်တယ်။
အလောင်းကို ဒီနေ့ စက်တင်ဘာ ၃၀ ရက် နေ့လည်ပိုင်း ဟားခါးမြို့က ခရစ်ယာန်သင်းအုပ်ဆရာတော်တွေက မြေမြုပ်သဂြိုလ်ဖို့ ထန်တလန်သို့သွားကြပါတယ်။

Zawgyi

စစ္ေကာင္စီတပ္ပစ္လုိ႔ ထန္တလန္ၿမိဳ႕က ျပည္သူ ၂ ေယာက္ေသဆံုး၊ ၂ေယာက္ဒဏ္ရာရ

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ထဲသို႔ ဟားခါးဘက္မွဝင္လာတဲ့ ကားတစ္စီးကို မေန႔ စက္တင္ဘာ ၂၉ ရက္ ညေန ၆ နာရီခြဲတြင္း အာဏာသိမ္းစစ္ေကာင္စီတပ္ေတြက ပစ္ခတ္ရာ ထန္တလန္ၿမိဳ႕မိၿမိဳ႕ဖ ဦးရာလ္သူး (၇၅ ႏွစ္) နဲ႔ ဦးဟရမ္က်ဴံး (အသက္ ၇၀ ေက်ာ္) ကြယ္လြန္သြားတယ္လုိ႔သတင္းရရွိပါတယ္။

ယင္းကားေပၚမွာလုိက္ပါလာတဲ့ ထန္တလန္ၿမိဳ႕မိၿမိဳ႕ဖ ၂ ေယာက္မွာ ဒဏ္ရာ (မစိုးရိမ္ရ) ရရွိၿပီး ယာဥ္ေရွ႕ခန္းမွာထုိင္တဲ့ ယာဥ္ေမာင္းနဲ႔ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးကေတာ့ ထိခိုက္မႈမရွိပါ။

စစ္ေကာင္စီပစ္ခတ္တဲ့ ကားထဲမွာပါတဲ့ ကာယကံရွင္တစ္ဦးက “ထန္တလန္ၿမိဳ႕မိၿမိဳ႕ဖနဲ႔ သင္းအုပ္ဆရာေတာ္နဲ႔ ဟားခါးက INGO, NGO ေတြသင္းအုပ္ဆရာေတာ္ေတြနဲ႔ ေန႔လည္ကစၿပီးအစည္းအေဝးလုပ္ၾကတယ္။ အဲ့ဒီအစည္းအေဝးမွာ ကားငွားၿပီးေတာ့ ထန္တလန္ကေန ၿမိဳ႕မိၿမိဳ႕ဖ ၄ ေယာက္ ဟားခါးကိုသြားတယ္။ ေန႔လည္ ၁ နာရီမွာအစည္းအေဝးစတယ္။ အစည္းအေဝးၿပီးေတာ့ ထန္တလန္ကိုျပန္ၾကတယ္။ ထန္တလန္ကိုဝင္တာက နည္းနည္းေနာက္က်တယ္။ ည ၇ နာရီမထိုးေသးဘူးအဲ့ေလာက္မွာေရာက္တယ္။ ဟားခါးကေန ျပန္လာၿပီဆိုတာလည္း သူငယ္ခ်င္းတစ္ေယာက္က ထန္တလန္ကို ဖုန္းဆက္တယ္။ သူတုိ႔က က်ေနာ္တို႔ျပန္လာမယ္ဆိုတာသိလို႔ ပစၥည္းေတာင္ပါးလိုက္ေသးတယ္။ အပစ္ခံရတဲ့ေနရာက ၿမိဳ႕အဝင္ဆိုင္းဘုတ္ကေန ၁ ဖာလံုေလာက္အကြာ န.တ.လ ဘုန္းၾကီးေက်ာင္းနားေရာက္တဲ့ခ်ိန္မွာ န.တ.လေက်ာင္းကေနပစ္ၾကတာ။ ေသနတ္အမ်ားၾကီးပစ္ေဖာက္တယ္။ ပြဲခ်င္းေသဆံုးတဲ့သူက ၿမိဳ႕မိၿမိဳ႕ဖ ဦးရာလ္သူး နဲ႔ ဦးဟရမ္က်ဴံး ျဖစ္တယ္။ ဒဏ္ရာရတဲ့သူက ကားပိုင္ရွင္ ဦးဇိုပဲန္နဲ႔ ၿမိဳ႕မိၿမိဳ႕ဖ ဦးထန္ဟင္ ျဖစ္တယ္။ က်ေနာ္နဲ႔ ကားဆရာကေတာ့ ဘာမွမထိဘူး။ က်ေနာ္က ယာဥ္ေမာင္းေဘးမွာထုိင္တယ္။ ၿမိဳ႕မိၿမိဳ႕ဖ ၃ ေယာက္က ေနာက္မွာထုိင္တယ္။ ဒဏ္ရာရတဲ့သူေတြက စိုးရိမ္ရတဲ့အဆင့္မဟုတ္ဘူး။ ေသဆံုးတဲ့ ၂ ေယာက္က ေက်ာကုန္းမွာ ၃ ခ်က္ထိတယ္။ ဦးေခါင္း၊ ခ်ုဳိင္းေအာက္၊ ေျခေထာက္ေတြမွာထိတယ္။ ေသနတ္ပစ္ခံရၿပီးေတာ့ စစ္တပ္ကလာၾကည့္တာလည္းမရွိဘူး။ ထန္တလန္မွာက်န္တဲ့လူေတြကပဲ အခ်င္းခ်င္းျပဳစုၾကတယ္။ မေန႔ညထိ ထန္တလန္ညၿမိဳ႕မွာ လူ ၁၆ ေယာက္ရွိတယ္။ အခု လူ ၃ေယာက္ပဲက်န္ေတာ့တယ္။ က်ေတာ္တို႔ကေတာ့ ထြက္လာၾကၿပီ” လို႔ေျပာပါတယ္။

ဦးရာလ္သူးဟာ ျပည္သူ႔ေကာင္စီေခတ္တြင္ ထန္တလန္ၿမိဳ႕နယ္မွာ တရားသူၾကီးတာဝန္ထမ္းေဆာင္ခဲ့ၿပီး အခုခ်ိန္ထိ ထန္တလန္ၿမိဳ႕တြင္ အမ်ားၾကည္ညိဳေလးစားရတဲ့ ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးျဖစ္ပါတယ္။

ဦးဟရမ္က်ဴံးဟာ လက္သမားလုပ္ကိုင္သူျဖစ္ၿပီး ဦးရာလ္သူးတို႔စီးလာတဲ့ကား အေနာက္ခန္းတြင္ထိုင္ကာ က်ည္ထိမွန္လို႔ေသဆံုးတာျဖစ္တယ္။

အေလာင္းကို ဒီေန႔ စက္တင္ဘာ ၃၀ ရက္ ေန႔လည္ပိုင္း ဟားခါးၿမိဳ႕က ခရစ္ယာန္သင္းအုပ္ဆရာေတာ္ေတြက ေျမျမဳပ္သၿဂိဳလ္ဖုိ႔ ထန္တလန္သို႔သြားၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်‌ကောင်စီကို လက်နက်နဲ့ နည်းပညာအကူညီတွေ၊ သင်တန်းပေးတာတွေ ရပ်တန့်ဖို့ အိန္ဒိယကို JFM တောင်းဆို

၁၇၊ မေ၊ ၂၀၂၄ Zalen မြန်မာစစ်ကောင်စီကို စစ်လက်နက်၊ ဆက်စပ်ပစ္စည်းတွေ၊ နည်းပညာ၊ လောင်စာဆီတွေ လွှဲပြောင်း ရောင်းချ‌ တာတွေနဲ့ စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်းအားလုံး အကူညီပေးနေတာတွေ ချက်ချင်းရပ်ဆိုင်းဖို့ အိန္ဒိယအစိုးရကို Justice For Myanmar ...

ဆက်ဖတ်ရန်