စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးကြောင်း CDF-Matupi ထုတ်ပြန်

ဒီကနေ့ ဧပြီ ၂၈ ရက်မနက် ၇ နာရီကျော်တွင် ချင်းပြည်နယ်၊ မတူပီကနေ မင်းတပ်ကို ဆင်းသွားသော အင်အား ၃၀၀ နှင့် စစ်ကား အစီး ၇၀ ကျော်ရှိသော စစ်ကောင်စီယာဉ်တန်းကို CDF-Matupi က မတူပီမြို့မှ ၁၆ မိုင်အကွာတွင် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးကြောင်း CDF-Matupi မှ ထုတ်ပြန်ထားပါတယ်။

မတူပီမြို့တွင် စစ်တပ်က စစ်ကား အစီး ၈၀ ခန့်ဖြင့် အင်အားဖြည့်သောကြောင့် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားပါတယ်။

ယခု မင်းတပ်ဘက်ကို ဆင်းသွားသော စစ်ကောင်စီယာဉ်တန်းဟာ ပြီးခဲ့တဲ့ ၃ ပတ်ခန့်က မတူပီကို အင်အားဖြည့်ရန် ရောက်လာတာဖြစ်ပြီး မနေ့ ဧပြီ ၂၇ ရက်က မင်းတပ်ဘက်သို့ ပြန်လည်ထွက်ခွာသွားတာ ဖြစ်ပါတယ်။

မနေ့ကလည်း မတူပီမြို့မှ ၈ မိုင်ခန့်အကွာတွင် CDF-Matupi နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ယောက်သေပြီး အများအပြားဒဏ်ရာ ရရှိခဲ့ကြောင်း CDF-Matupi က ထုတ်ပြန်ခဲ့ပါတယ်။

Zawgyi

စစ္ေကာင္စီယာဥ္တန္းကို ၾကားျဖတ္တိုက္ခိုက္ခဲ့ရာ စစ္သား ၇ ေယာက္ေသဆံုးေၾကာင္း CDF-Matupi ထုတ္ျပန္

ဒီကေန႔ ဧၿပီ ၂၈ ရက္မနက္ ၇ နာရီေက်ာ္တြင္ ခ်င္းျပည္နယ္၊ မတူပီကေန မင္းတပ္ကို ဆင္းသြားေသာ အင္အား ၃၀၀ ႏွင့္ စစ္ကား အစီး ၇၀ ေက်ာ္ရွိေသာ စစ္ေကာင္စီယာဥ္တန္းကို CDF-Matupi က မတူပီၿမိဳ႕မွ ၁၆ မိုင္အကြာတြင္ တိုက္ခိုက္ခဲ့ရာ စစ္သား ၇ ေယာက္ေသဆုံးေၾကာင္း CDF-Matupi မွ ထုတ္ျပန္ထားပါတယ္။

မတူပီၿမိဳ႕တြင္ စစ္တပ္က စစ္ကား အစီး ၈၀ ခန႔္ျဖင့္ အင္အားျဖည့္ေသာေၾကာင့္ အခ်ိန္မေ႐ြး တိုက္ပြဲမ်ား ျဖစ္ေပၚလာႏိုင္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားပါတယ္။

ယခု မင္းတပ္ဘက္ကို ဆင္းသြားေသာ စစ္ေကာင္စီယာဥ္တန္းဟာ ၿပီးခဲ့တဲ့ ၃ ပတ္ခန႔္က မတူပီကို အင္အားျဖည့္ရန္ ေရာက္လာတာျဖစ္ၿပီး မေန႔ ဧၿပီ ၂၇ ရက္က မင္းတပ္ဘက္သို႔ ျပန္လည္ထြက္ခြာသြားတာ ျဖစ္ပါတယ္။

မေန႔ကလည္း မတူပီၿမိဳ႕မွ ၈ မိုင္ခန႔္အကြာတြင္ CDF-Matupi နဲ႔ တိုက္ပြဲျဖစ္ခဲ့ၿပီး စစ္ေကာင္စီတပ္သား ၈ ေယာက္ေသၿပီး အမ်ားအျပားဒဏ္ရာ ရရွိခဲ့ေၾကာင္း CDF-Matupi က ထုတ္ျပန္ခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်