စစ်ကောင်စီလက်ထက် ပလက်ဝစစ်ဘေးရှောင်ပြည်သူများ ဆန်နဲ့ဆီ နှစ်မျိုးသာရရှိပြီး စားသောက်ရေးအတွက် အခက်ခဲရှိလာ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများသည် စစ်အာဏာသိမ်းပြီးနောက် ဆန်နဲ့ စားသုံးဆီ နှစ်မျိုးသာ ထောက်ပံ့မူရရှိပြီး စားသောက်ရေးအတွက် အခက်ခဲကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

” စစ်ဘေးရှောင် တစ်ဦးကို တစ်လ ဆန် ၄၈ ဗူးနှုန်းနဲ့ ဆီက မိသားစု အနည်းအများပေါ်မူတည်ပြီး ရတယ်။ ဆန်နဲ့ ဆီ ကလွဲပြီး ကျန်တာ ကိုယ့်ဘာသာဝယ် စားနေရတယ်” ဟု ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်ပြည်သူ တစ်ဦးက Zalen media ကို ပြောပါသည်။

စစ်ကောင်စီ၏ ကုန်ပစ္စည်းသယ်ယူမူ ကန့်သတ်ထားမူနှင့် ပြည်သူများလွတ်လပ်စွာသွားလာခွင့် ကန့်သတ်မူရှိနေသောကြောင့် ပလက်ဝမြို့ပေါ်တွင် ကုန်ဈေးနုန်း မြင့်တက်၍ စစ်ဘေးရှောင်ပြည်သူများ အခြေခံစားသောက်ကုန် ဝယ်ယူရာတွင် အခက်ခဲရှိနေသည်။

“ကျွန်တော်တို့မှာ ဆန်နဲ့ဆီ နှစ်ခုတည်း စားမရဘူး။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ဆား၊ ဟင်းချိုမှုန့်၊ ငပိ၊ ဟင်းသီးဟင်းရွက်၊ အသားငါးလည်း ဝယ်ချင်တယ်း မြို့ပေါ်မှာ စစ်ဘေးရှောင်ဆိုတော့ အလုပ်မရှိ‌ေတာ့ ဝင်ငွေမရှိဘူး။ကိုယ့်ရွာမှာဆို ရှာ‌ဖွေစားလို့ရတယ်။ အခုက အစစရာရာ ဝယ်စားနေရတယ်”ဟု ပလက်ဝမြို့ပေါ် စစ်ဘေးရှောင် တစ်ဦးက ကို ပြောပါသည်။

Zalen ad

လက်ရှိ ပလက်ဝမြို့ပေါ် ကုန်ဈေးနှုန်းမှာ ရိုးရိုးဆန် တစ်တင်း (၈၀၀၀၀)ကျပ်၊ ပေါ်ဆန်မွှေး တစ်တင်း (၁၂၀၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိသာ (၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ ဥကြီး လေးလုံး (၁၀၀၀)ကျပ်၊ စားသုံးဆီ တစ်ပိဿ (၁၃၀၀၀)ကျပ်၊ ကြက်သားရင်အုပ် တစ်ခု (၁၀၀၀၀)ကျပ်၊ကြက်ပေါင် တစ်ခု (၃၀၀၀)ကျပ်၊ ငါး ၁ပိသာ (၁၀၀၀၀)ကျပ်ထိ ရှိကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်