စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ကို သွားမည်

ဇွန် ၁၂၊ ၂၀၂၆
Zalen

အရပ်ဘက်အသွင်ပြောင်းအစိုးရရဲ့ ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ဇွန်လ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ခရီးစဉ်ဟာ မင်းအောင်လှိုင်ရဲ့ အရပ်ဘက်အသွင်ပြောင်းအစိုးရခေါင်းဆောင် တာဝန်ယူပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် ပြည်ပခရီးစဉ် ဖြစ်လာမယ်ဖြစ်ပါတယ်။

Zalen ad

၎င်းသည် ပြီးခဲ့တဲ့ ဇွန်လအတွင်းက ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

အခုခရီးစဉ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ဒုတိယအကြိမ်မြောက် သွားရောက်ခြင်းလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်အဖြစ် သက်တမ်းတစ်လျှောက် ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံကို တကြိမ် သွားရောက်ခဲ့ဖူးပြီး၊ အခုတကြိမ်မှာ သမ္မတရာထူးဖြင့် နိုင်ငံတော်အဆင့် သွားရောက်တွေ့ဆုံ ဆွေးနွေးမယ့် ခရီးစဉ်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက ပြုလုပ်ခဲ့သော ဦးမင်းအောင်လှိုင်ရဲ့ သမ္မတကျမ်းကျိန်ပွဲ အခမ်းအနားကို တရုတ်နိုင်ငံက ၎င်းတို့ရဲ့ အထူးသံတမန်အဆင့်အထိ စေလွှတ်တက်ရောက်စေခဲ့ပြီး၊ ရပ်တန့်နေတဲ့ စီမံကိန်းတွေ ပြန်လည်စတင်ရန် သတင်းစကား ပါးအပ်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ ၎င်းတို့ရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) အစိတ်အပိုင်းတခုဖြစ်သော ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းကို အခု ၂၀၂၆ ခုနှစ်အတွင်း အကောင်အထည်ဖော်နိုင်ဖို့ အထူးကြိုးပမ်းလျက်ရှိပါတယ်။

အခု ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ရပ်ဆိုင်းနေတဲ့ စီးပွားရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေ အမြန်ဆုံး ပြန်လည်စတင်နိုင်ရေး ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးဖွယ်ရှိပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ- ပုံဟောင်း

နောက်ဆုံးရသတင်းများ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပေကျင်းမှာ တွေ့ဆုံဆွေးနွေး

ဇွန် ၁၆၊ ၂၀၂၆Zalen တရုတ်နိုင်ငံ၊ ပေကျင်းမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ဒီနေ့မနက်ပိုင်းမှာ ပေကျင်းမြို့ရှိ Great Hall of the People မှာ တွေ့ဆုံဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်