ဆင့်ခ်ခေါင်းဆောင်တစ်ဦး အသတ်ခံရမှုကြောင့် အိန္ဒိယနှင့် ကနေဒါအကြား တင်းမာမှုမြင့်တက်နေ

ပြီးခဲ့တဲ့ဇွန်လတွင် အသတ်ခံလိုက်ရသော ကနေဒါနိုင်ငံသား ဆင့်ခ်ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ ဟာဒစ်ဆင့်နီဂျာရဲ့ သေဆုံးမှုဟာ အိန္ဒိယအစိုးရလက်အောက်ခံ အေဂျင့်များရဲ့ အသတ်ခံရမှုဖြစ်နိုင်ကြောင်း စွပ်စွဲချက်များနဲ့အတူ အိန္ဒိယနှင့် ကနေဒါနှစ်နိုင်ငံအကြားမှာ တင်းမာမှုမြင့်တက်နေပါတယ်။

တရုတ်ဟာ နိုင်ငံတကာတွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ရှိလာချိန်တွင် အနောက်နိုင်ငံအများစုကတော့ အိန္ဒိယနိုင်ငံကို အသုံးချပြီး တရုတ်ကို တုံံ့ပြန်ရန် ကြိုးပမ်းလာကြသော်လည်း ကနေဒါနိုင်ငံကတော့ အိန္ဒိယနဲ့ တင်းမာမှု မြင့်တက်နေတာဖြစ်ပါတယ်။

ကနေဒါဝန်ကြီးချုပ်ဖြစ်တဲ့ ဂျက်စတင်ထရူဒိုကလည်း အသတ်ခံလိုက်ရသော ဆင့်ခ်ခေါင်းဆောင်ရဲ့ သေဆုံးမှုနောက်ကွယ်တွင် အိန္ဒိယအစိုးရရဲ့ အေဂျင့်များပါဝင်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကနေဒါကတော့ သူ့ရဲ့ အဓိက မဟာမိတ်နိုင်ငံများဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးချနှင့် နယူးဇီလန်အစရှိသောနိုင်ငံများနဲ့ ဆွေးနွေးတိုင်ပင်မှုများ လုပ်ဆောင်နေပါတယ်။ ဆွေးနွေးမှုရဲ ရလဒ်ကိုတော့ တရားဝင် ထုတ်ပြန်ထားခြင်းမ ရှိသေးပါဘူး။

 ဗြိတိန်ကတော့ အိန္ဒိယကို တရားဝင်ဝေဖန်ရန် ငြင်းဆန်ထားပြီး နှစ်နိုင်ငံအကြားက တွေ့ဆုံဆွေးနွေးမှုဟာ စီစဉ်ထားတဲ့အတိုင်းဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ အိန္ဒိယကတော့ ဆင့်ခ်ခေါင်းဆောင် အသတ်ခံရမှုတွင် ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး ငြင်းဆန်ထားပါတယ်။ ပြီးခဲ့တဲ့အပတ် နယူးဒေလီတွင် ကျင်းပပြုလုပ်ခဲ့သော G20 ညီလာခံတွင် ဒီကိစ္စနဲ့ပတ်သက်ပြီး ကနေဒါကတော့ လူသတ်မှုကို ရှုတ်ချကြောင်း ထုတ်ပြန်ချက် ထုတ်ရန်တောင်းဆိုထားသော်လည်း အမေရိကန်နှင့် အခြားနိုင်ငံများက ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဟာဒစ်ဆင့်ဟာ အိန္ဒိယအစိုးရလက်အောက်တွင်ရှိသော ပန်ဂျပ်ပြည်နယ်တစ်ချို့ပါဝင်မယ့် ခါလီစတန်နိုင်ငံတည်ထောင်ရေးအတွက် တက်ကြွစွာ လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူကတော့ ၁၉၉၀ ကျော်တွင် ကနေဒါနိုင်ငံသို့ ရွေ့ပြောင်းခဲ့တာဖြစ်ပြီး ထိုအချိန်တုန်းက အိန္ဒိယအစိုးရဟာ ဆင့်ခ်အရေးလှုပ်ရှားသူများအပေါ် ပြင်းပြင်းထန်ထန် ဖြိုခွင်းမှုတွေကို လုပ်ဆောင်ခဲ့တဲ့ အချိန်ဖြစ်ပါတယ်။ သူ့ကို အိန္ဒိယအစိုးရက အကြမ်းဖက်သမားအဖြစ် ကြေညာထားပြီး အိန္ဒိယနိုင်ငံတွင် ကြီးမားတဲ့ တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။ သူကတော့ ၂၀၁၅ ခုနှစ်တွင် ကနေဒါနိုင်ငံသားခံယူခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်