ဆိုက်တွဲယာဉ်တစ်စီးက လမ်းဘေးရပ်ထားတဲ့ ခရီးသယ်တင်ယာဉ်ကိုဝင်တိုက်၍ တစ်ဦးဒဏ်ရာရ

Biak Rem Thang

ကလေးမြို့ ဗိုလ်ချုပ်လမ်းပေါ်တွင် ကလေး-ခမ်းပတ်ပြေးဆွဲတဲ့ ABC ခရီးသယ်တင်ယာဉ်တစ်စီး ရပ်နားစဉ် ဆိုက်တွဲယာဉ်(ဆိုင်ကယ်ဘေးတွင် ဆိုက်ကားလိုပစ္စည်းတင်ဖို့တပ်ဆင်ထားတဲ့ယာဉ်) တစ်စီးက အနောက်ကနေ ဝင်တိုက်ရာ ဆိုက်တွဲယာဉ်မောင်းတစ်ဦးဒဏ်ရာရရှိသွားတယ်လို့သတင်းရရှိပါတယ်။

ဒီနေ့ ညနေ ၃ နာရီကျော်တွင် နှင်းသက်သက်ဝေ စတိုးဆိုင်အနီး ကိမ်းတိုက်ဆေးဆိုင် ရှေ့တွင် အခုလိုဖြစ်ပွားခဲ့တာပါ။

ABC ယာဉ်ပေါ်တွင် လိုက်ပါလာတဲ့ ခရီးသည် တဦး က”ကျနော်ဆေးဝယ်မယ်လို့ပြောပြီး ကား ရပ်ပေးလိုက် တာ တမီနစ် တောင် ကြာမယ်လာ မသိဘူး။ အခုလိုဖြစ်သွားတယ်” လို့ ပြောပါတယ်။

Zalen ad

ABC ခရီးသယ်တင်ယာဉ်ဟာ အနောက် မှန် အကုန်လုံး နီးပါးကွဲပြီး ဆိုက်တွဲ ယာဉ်မောင်းကတော့ နှုတ်ခမ်းတွင်သွေးထွက်နေတာတွေ့ရပါတယ်။

နောက်ဆုံးရသတင်းများ

ရုရှား-အာဆီယံ ထိပ်သီးပွဲမှာ မြန်မာအမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေး

ဇွန် ၁၉၊ ၂၀၂၆Zalen ရုရှားနိုင်ငံ ကာဇန်မြို့မှာ လုပ်ခဲ့တဲ့ အာဆီယံ-ရုရှား ထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ လူကိုယ်တိုင် လက်ဆွဲနှုတ်ဆက် တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်