တစ်နေ့ ဝဥ အစို ၁၅ တန်ထိထုတ်နိုင်မယ့် စက်ရုံကို ချင်းပြည်နယ်မှာဖွင့်လှစ်တော့မယ်

မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာအနီးမှာ တစ်နေ့ ဝဥအစို ၁၂ တန်မှ ၁၅ တန်ထိထုတ်လုပ်နိုင်မယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံး လျှပ်စစ်ဓာတ်အားသုံး ဝဥစက်ရုံကို ဇန်နဝါရီလ (၂၆)ရက်တွင် ဖွင့်လှစ်တော့မယ်လို့သတင်းရရှိပါတယ်။

ဒီစက်ရုံဟာ ၂၀၁၉ ခုနှစ် ဇွန်လတွင်စတင်တည်ဆောက်ထားပြီး ဒီဇင်ဘာလကစပြီး အစမ်းစတင်လည်ပတ်နေပါပြီ။

ယင်းစက်ရုံဟာ မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့နယ်က ဝဥစိုက်တောင်သူ ရှယ်ယာရှင် ၄၂ ယောက်ကတည်ထောင်ထားတဲ့ ချင်းတောင်ရတနာကုမ္ပဏီက ကျပ်သိန်း ၁၂၀၀၀ ကျော်နဲ့တည်ဆောက်ထားတာပါ။

ချင်းတောင်ရတနာကုမ္ပဏီရဲ့ Business Development Director ကျော်သူက “လောလောဆယ်တော့ အလွှာခြောက်ကိုရောင်းမယ်။ ဝယ်မယ့်ကုမ္ပဏီကလည်း တရုတ်နဲ့လက်မှတ်ထိုးထားပြီးသားရှိတယ်။ သူတို့က တစ်နှစ်ကို အနည်းဆုံး ဝဥအခြောက်တန်ချိန် ၅၀၀ ဝယ်မယ်လို့ ကတိကဝတ်ပြုထားပြီးသားရှိတယ်။ ဒုတိယအဆင့်ကျရင် ဝဥအမှုန့်ထုတ်တာတို့၊ တတိယအဆင့်မှာတော့ စားသောက်ကုန်ထုတ်တာတို့လုပ်မယ်။ ရေရှည်ကျရင်တော့ ပြည်ပကိုရောင်းတာထက် ပြည်တွင်းကို အဓိကဦးစားပေးဖြန့်မယ်။ ကျနော်တို့ ကိုးရီးယားနဲ့စကားပြောထားတာရှိတယ်။ ဂျပန်နဲ့လည်း စကားပြောထားတာရှိတယ်။ ဂျပန်က ဈေးနှုန်းကတော့ ကျနော်တို့မသိရသေးဘူး။ ကိုးရီးယားနဲ့ပြောတဲ့ခါ သူတို့က တရုတ်ကပေးတဲ့ဈေးလောက်မရနိုင်တော့ လောလောဆယ်တော့ ကိုးရီးယားနဲ့အရောင်းအဝယ်မလုပ်နိုင်သေးဘူး။ ညို့နှိုင်းဆဲကာလပဲပေါ့နော်” လို့ပြောပါတယ်။

ချင်းပြည်နယ်ရဲ့ပထမဆုံး ဝဥစက်ရုံကို ကျပ်သိန်း တစ်သောင်းကျော်အကုန်ကျခံပြီးတည်ဆောက်

ထင်ချောင်းဟာ မင်းတပ်မြို့ကနေ မကွေး ကျောက်ထုသွားတဲ့လမ်းဘက်မှာရှိပြီး မြေ ၆ ဧကပေါ်မှာ စက်ရုံတည်ဆောက်ထားတာဖြစ်တယ်။

(Zawgyi)






ချင်းပြည်နယ် ဝဥလွှာခြောက်တွေ တရုတ်နိုင်ငံသို့ တစ်နှစ် တန်ချိန် ၅၀၀ ကျော်တင်ပို့ရန် စာချုပ်ချုပ်ဆို


နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်