တမူးတွင် ပြည်သူတွေ အိန္ဒိယနိုင်ငံတွင် CDM တွေထိုးတဲ့ကာကွယ်ဆေးသာ သွားရောက်ထိုးနှံကြ

ဒီနေ့ အောက်တိုဘာ ၂ ရက်တွင် စစ်ကောင်စီက တမူးမြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးပေမယ့် ပြည်သူတွေဟာ အိန္ဒိယနိုင်ငံ မိုးလေးမြို့က CDM တွေထိုးပေးတဲ့ ကိုဗစ်ကာကွယ်ဆေးကိုသွားရောက်ထိုးနှံကြတယ်လို့သတင်းရရှိပါတယ်။

အိန္ဒိယနိုင်ငံ မဏီပူရ်ပြည်နယ် မိုးလေးမြို့တွင် ကူကီးကျောင်းသားများအဖွဲ့အစည်းတွေက ကိုဗစ်ကာကွယ်ဆေးကိုစီစဉ်ပေးပြီး မြန်မာပြည်က CDM ကျန်မားရေးဝန်ထမ်းတွေကအခမဲ့ ဆေးထိုးပေးတာဖြစ်ပါတယ်။

မိုးလေးမြို့သို့ကိုဗစ်ကာကွယ်ဆေးထိုးသူတစ်ဦးက “ဒီနေ့ပဲ စစ်ကောင်စီကမြို့ထဲမှာ လော်နဲ့ ကာကွယ်ဆေးထိုးဖို့ အော်ကြတယ်။ ဒါပေမယ့် ပြည်သူတွေက တဖက်နိုင်ငံမှာပဲ ခက်ခက်ခဲသွားပြီးတော့ထိုးကြတယ်။ လူတွေကအရမ်းများတယ်။ ၈၀၀ လောက်ရှိမယ်လို့ခန့်မှန်းရတယ်။ တမူးကနေ နယ်စပ်ကိုဆိုင်ကယ်နဲ့သွားပြီးတော့ နယ်စပ်မှာဆိုင်ကယ်ကိုထားခဲ့တယ်။ နယ်စပ်ကြားပေါက်ကနေဝင်ပြီးတော့ ခြေခြေနဲ့သွားကြတယ်။ ဒီနေ့တော့ အာသံတပ်တွေလည်းအစောင့်မရှိဘူး။ သက်ကြီးရွယ်အိုတွေလည်းလာထိုးကြတယ်။ နေ့လည်မှာ ထမင်းဗူး၊ ရေဗူးတွေ မြန်မာပြည်ဘက်လူတွေလိုက်ဝေပေးတယ်” လို့ပြောပါတယ်။

အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေးတွေဟာ အပြင်ဆေးဆိုင်မှာ တကြိမ်ထိုးရင် ကျပ်တစ်သောင်းကျော်နဲ့ဝယ်ရပါတယ်။

တမူးမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “စစ်ကောင်စီထိုးပေးတဲ့ကာကွယ်ဆေးက တရုတ်ထုတ်ဖြစ်တာရယ်၊ ပြည်သူတွေက စစ်ကောင်စီကို အယုံအကြည်မရှိလို့ အဲ့ဒီ ၂ ခုပေါင်းပြီး ပြည်သူတွေက အိန္ဒိယဘက်မှာလာထိုးကြတာဖြစ်မယ်။ ဒီတခေါက်က မြန်မာပြည်ကလူတွေအတွက် သီးသန့်ထိုးပေးတာ” လို့ပြောပါတယ်။

စက်တင်ဘာလ ၂၉ ရက်တွင်လည်း မိုးလေးရောက် မြန်မာစစ်ဘေးရှောင်လူ ၆၀၀ လောက်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။

Zawgyi

တမူးတြင္ စစ္ေကာင္စီက ကိုဗစ္ကာကြယ္ေဆးထိုးေပမယ့္ ျပည္သူေတြက အိႏိၵယႏိုင္ငံတြင္ CDM ေတြထိုးတဲ့ကာကြယ္ေဆးသာ သြားေရာက္ထိုးႏွံၾက

ဒီေန႔ ေအာက္တုိဘာ ၂ ရက္တြင္ စစ္ေကာင္စီက တမူးၿမိဳ႕တြင္ ကိုဗစ္ကာကြယ္ေဆးထုိးေပမယ့္ ျပည္သူေတြဟာ အိႏိၵယႏိုင္ငံ မိုးေလးၿမိဳ႕က CDM ေတြထုိးေပးတဲ့ ကိုဗစ္ကာကြယ္ေဆးကိုသြားေရာက္ထုိးႏွံၾကတယ္လုိ႔သတင္းရရွိပါတယ္။

အိႏိၵယႏိုင္ငံ မဏီပူရ္ျပည္နယ္ မိုးေလးၿမိဳ႕တြင္ ကူကီးေက်ာင္းသားမ်ားအဖြဲ႔အစည္းေတြက ကိုဗစ္ကာကြယ္ေဆးကိုစီစဥ္ေပးၿပီး ျမန္မာျပည္က CDM က်န္မားေရးဝန္ထမ္းေတြကအခမဲ့ ေဆးထုိးေပးတာျဖစ္ပါတယ္။

မိုးေလးၿမိဳ႕သို႔ကိုဗစ္ကာကြယ္ေဆးထိုးသူတစ္ဦးက “ဒီေန႔ပဲ စစ္ေကာင္စီကၿမိဳ႕ထဲမွာ ေလာ္နဲ႔ ကာကြယ္ေဆးထုိးဖုိ႔ ေအာ္ၾကတယ္။ ဒါေပမယ့္ ျပည္သူေတြက တဖက္ႏိုင္ငံမွာပဲ ခက္ခက္ခဲသြားၿပီးေတာ့ထုိးၾကတယ္။ လူေတြကအရမ္းမ်ားတယ္။ ၈၀၀ ေလာက္ရွိမယ္လုိ႔ခန္႔မွန္းရတယ္။ တမူးကေန နယ္စပ္ကိုဆုိင္ကယ္နဲ႔သြားၿပီးေတာ့ နယ္စပ္မွာဆိုင္ကယ္ကိုထားခဲ့တယ္။ နယ္စပ္ၾကားေပါက္ကေနဝင္ၿပီးေတာ့ ေျခေျခနဲ႔သြားၾကတယ္။ ဒီေန႔ေတာ့ အာသံတပ္ေတြလည္းအေစာင့္မရွိဘူး။ သက္ၾကီးရြယ္အိုေတြလည္းလာထိုးၾကတယ္။ ေန႔လည္မွာ ထမင္းဗူး၊ ေရဗူးေတြ ျမန္မာျပည္ဘက္လူေတြလိုက္ေဝေပးတယ္” လို႔ေျပာပါတယ္။

အိႏိၵယထုတ္ ကိုဗစ္ကာကြယ္ေဆးေတြဟာ အျပင္ေဆးဆိုင္မွာ တၾကိမ္ထိုးရင္ က်ပ္တစ္ေသာင္းေက်ာ္နဲ႔ဝယ္ရပါတယ္။

တမူးၿမိဳ႕ တုိင္းေဒသၾကီးလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက “စစ္ေကာင္စီထုိးေပးတဲ့ကာကြယ္ေဆးက တရုတ္ထုတ္ျဖစ္တာရယ္၊ ျပည္သူေတြက စစ္ေကာင္စီကို အယံုအၾကည္မရွိလို႔ အဲ့ဒီ ၂ ခုေပါင္းၿပီး ျပည္သူေတြက အိႏိၵယဘက္မွာလာထုိးၾကတာျဖစ္မယ္။ ဒီတေခါက္က ျမန္မာျပည္ကလူေတြအတြက္ သီးသန္႔ထိုးေပးတာ” လို႔ေျပာပါတယ္။

စက္တင္ဘာလ ၂၉ ရက္တြင္လည္း မိုးေလးေရာက္ ျမန္မာစစ္ေဘးေရွာင္လူ ၆၀၀ ေလာက္ကို ကိုဗစ္ကာကြယ္ေဆးထုိးေပးခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်