တီးတိန်မြို့ မြို့မရဲစခန်းရှေ့ကဖြတ်သွားတဲ့ဆိုင်ကယ်တစီးကိုပစ်ခတ်ရာ ၁ ယောက်သေဆုံး ၂ ယောက်ဒဏ်ရာရ

ချင်းပြည်နယ်၊ တီးတိန်မြို့ မြို့မရဲစခန်းမှာရှေ့မှာ မနေ့ စက်တင်ဘာ ၁၁ ရက်ည ၉း၄၅ အချိန်က ဆိုင်ကယ်ဖြတ်သွားစဉ် ရဲတွေကပစ်ခတ်လို့ ဂေါန်မွှောလ် (Gawngmual) ရွာသားတစ်ယောက်သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားပါတယ်လို့သတင်းရရှိပါတယ်။

ဒေသခံတစ်ဦးက “ဆိုင်ကယ်က စကောလမ်ရပ်ကွက်ဘက်ကနေ မြို့မရပ်ကွက်ဘက်ကို ရဲစခန်းရှေ့ ဗိုလ်ချုပ်လမ်းအတိုင်းမောင်းနှင်လာတယ်။ ရဲစခန်းရှေ့ရောက်တဲ့ချိန်မှာ ရဲတွေကဆိုင်ကယ်ရပ်ဖို့အော်တာကို ကြောက်လန့်လို့ ဆိုင်ကယ်ကိုထားခဲ့ပြီးတော့ ပြေးကြတာ။ အဲ့ဒါကိုရဲတွေကပစ်လို့ နေရာမှာပဲ အမျိုးသား တစ်ယောက်သေဆုံးပြီးတော့ ကျန် ၂ ယောက်ကတော့ ဒဏ်ရာနဲ့လွတ်သွားတယ်လို့သိရတယ်” လို့ပြောပါတယ်။

ဒဏ်ရာရရှိတဲ့သူက အသက် ၁၅ နှစ်ဝန်းကျင် ကျား ၁ ဦးနဲ့ မ ၁ ဦးဖြစ်ပါတယ်။

ဒေသခံနောက်တစ်ဦးက “သေသွားတဲ့လူရဲ့အလောင်းကို ရဲတွေ ဆေးရုံရင်ခွဲရုံကိုပို့ကြတယ်။ ဒဏ်ရာရတဲ့လူ ၂ ယောက်ကတော့ ဆေးရုံမရောက်ဘူး။ ညတုန်းက သေနတ်သံ ၁၅-၂၀ ချက်ဆက်တိုက်ကြားရတယ်။ အဲ့နောက်ပိုင်းတော့ ၁ မိနစ်ခြား ၅ မိနစ်ခြားမှာ တစ်ကြိမ်လိုက်ပစ်တယ်” လို့ပြောပါတယ်။

(Zawgyi)

တီးတိန္ၿမိဳ႕ ျမိဳ႕မရဲစခန္းေရွ႕ကျဖတ္သြားတဲ့ဆိုင္ကယ္တစီးကိုပစ္ခတ္ရာ ၁ ေယာက္ေသဆံုး ၂ ေယာက္ဒဏ္ရာရ

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕ ျမိဳ႕မရဲစခန္းမွာေရွ႕မွာ မေန႔ စက္တင္ဘာ ၁၁ ရက္ည ၉း၄၅ အခ်ိန္က ဆုိင္ကယ္ျဖတ္သြားစဥ္ ရဲေတြကပစ္ခတ္လို႔ ေဂါန္ေမႊာလ္ (Gawngmual) ရြာသားတစ္ေယာက္ေသဆံုးၿပီး ၂ ဦးဒဏ္ရာရရွိသြားပါတယ္လို႔သတင္းရရွိပါတယ္။

ေဒသခံတစ္ဦးက “ဆိုင္ကယ္က စေကာလမ္ရပ္ကြက္ဘက္ကေန ၿမိဳ႕မရပ္ကြက္ဘက္ကို ရဲစခန္းေရွ႕ ဗိုလ္ခ်ဳပ္လမ္းအတုိင္းေမာင္းႏွင္လာတယ္။ ရဲစခန္းေရွ႕ေရာက္တဲ့ခ်ိန္မွာ ရဲေတြကဆုိင္ကယ္ရပ္ဖို႔ေအာ္တာကို ေၾကာက္လန္႔လုိ႔ ဆိုင္ကယ္ကိုထားခဲ့ၿပီးေတာ့ ေျပးၾကတာ။ အဲ့ဒါကိုရဲေတြကပစ္လို႔ ေနရာမွာပဲ အမ်ဳိးသား တစ္ေယာက္ေသဆံုးၿပီးေတာ့ က်န္ ၂ ေယာက္ကေတာ့ ဒဏ္ရာနဲ႔လြတ္သြားတယ္လုိ႔သိရတယ္” လို႔ေျပာပါတယ္။

ဒဏ္ရာရရွိတဲ့သူက အသက္ ၁၅ ႏွစ္ဝန္းက်င္ က်ား ၁ ဦးနဲ႔ မ ၁ ဦးျဖစ္ပါတယ္။

ေဒသခံေနာက္တစ္ဦးက “ေသသြားတဲ့လူရဲ႕အေလာင္းကို ရဲေတြ ေဆးရံုရင္ခြဲရံုကိုပို႔ၾကတယ္။ ဒဏ္ရာရတဲ့လူ ၂ ေယာက္ကေတာ့ ေဆးရံုမေရာက္ဘူး။ ညတုန္းက ေသနတ္သံ ၁၅-၂၀ ခ်က္ဆက္တုိက္ၾကားရတယ္။ အဲ့ေနာက္ပိုင္းေတာ့ ၁ မိနစ္ျခား ၅ မိနစ္ျခားမွာ တစ္ၾကိမ္လုိက္ပစ္တယ္” လို႔ေျပာပါတယ္။

 

 

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်