ထန်တလန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမယ့်အစီအစဉ်ပြန်လည်ဖျက်သိမ်း

ထန်တလန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမယ့်အစီအစဉ်ပြန်လည်ဖျက်သိမ်း

ထန်တလန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမယ့်အစီအစဉ်ကို ဒေသခံတွေသဘောမတူသဖြင့် ပြန်လည်ဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။

ထန်တလန်မြို့အဝင် ဆိုင်းဘုတ်စိုက်ထူတဲ့နေရာအားတွေ့ရစဉ်

ပန်းခြံနဲ့ ဗိုလ်ချုပ်ကြေးရုပ်တုစိုက်ထူဖို့ ထန်တလန်မြို့နယ် စည်ပင်သာယာရေးကော်မတီက
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခြောက်လဘတ်ဂျက်တွင် ကျပ်သိန်း ၃၀၀ ရရှိထားပါတယ်။ ယင်းဘတ်ဂျက်ထဲမှ ကျပ် ၇၅ သိန်းကို ရုပ်တုပြုလုပ်ဖို့လျာထားပါတယ်။ ဒါပေမယ့် ဒေသခံတွေ ကန့်ကွက်တာကြောင့် ယင်းဘတ်ဂျက်ကို ပန်းခြံပြုလုပ်ဖို့ပြောင်းလိုက်တယ်လို့ ထန်တလန်မြို့နယ် စည်ပင်ဥက္ကဌကဆိုပါတယ်။

ထန်တလန်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးရမ်ခါရ်က “ဗိုလ်ချုပ်ရုပ်တုကို ပြန်မလုပ်ဖြစ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒေသခံတွေသဘောမတူလို့။ ပြည်နယ်အစိုးရဆီမှာ ဒီကိစ္စကိုအကြောင်းတင်ပြတော့ သူတို့က ဒေသခံတွေရဲ့သဘောထားအတိုင်းဆောင်ရွက်ပါဆိုလို့ ဒေသခံတွေကလည်း ကန့်ကွက်ကြတာကြောင့်မလုပ်ဖြစ်တာပါ။ ဒါကြောင့် ကြေးရုပ်ထုမယ့် ဘတ်ဂျက်တွေကိုပန်းခြံလုပ်ဖို့အတွက်ပြန်အသုံးပြုလိုက်တယ်။ ပန်းခြံကတော့ ထန်တလန်မြို့အဝင်ဆိုင်းဘုတ်ရဲ့အထက်ဘက် ဘုန်းကြီးကျောင်းနား ၅ ဧကအကျယ်မြေကွက်ပေါ်မှာ လုပ်နေတယ်” လို့ဆိုပါတယ်။

ပန်းခြံကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာစတင်အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို ၅ ပေအမြင့်ထုပြီး ယင်းနေရာမှာ အောက်တိုဘာလတွင်စိုက်ထူဖို့စီစဉ်ထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်