ထန်တလန်မြို့မီးလောင်ပြီးနောက် တမြို့လုံးစွန့်ခွာကြ

ချင်းပြည်နယ်၊ ထန်တလန်မြို့ဟာ စက်တင်ဘာ၁၈ ရက် မီးလောင်ပြီးနောက် စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်တို့တွင် ပြည်သူအားလုံးက မြို့ကိုစွန့်ခွာကြတယ်လို့သတင်းရရှိပါတယ်။

ထန်တလန်မြို့မှာ လူ ၁ သောင်းကျော်နေထိုင်ပြီး အရင်လ သြဂုတ် ၂၄ ရက်ပစ်ခတ်မှုတွေကြောင့်အနည်းငယ်ထွက်ပြေးကြပြီး စက်တင်ဘာလ ၁၁ ရက်တွင် ၅ထောင်ကျော် ကျေးရွာဘက်သို့ပြောင်းရွေ့ခဲ့ကြပါတယ်။

ထန်တလန်ဒေသခံတဦးက “မြို့တွင်းက ၁ဝဝမှာ ၉၉ ရာခိုင်နှုန်းက ထွက်ပြေးနေပြီ။ ကျန်တဲ့သူလည်း ထွက်ပြေးမယ့်သူတွေပဲ။ အများစုက ထန်တလန်နယ် ကျေးရွာဘက်မှာပြောင်းကြတယ်။ တချို့ကတော့ တဘက်နိင်ငံ မီဇိုရမ်ထိရှောင်ကြတယ်။ ကျနော်တို့မြို့၊ ကျနော်တို့အိမ်ကိုအရမ်းချစ်ပေမယ့် မဖြစ်နိင်တော့လို့စွန့်ခွာကြတာပါ။ ဘယ်သူကမှ အာဏာနဲ့မပြေးခိုင်းဘူး” လို့ပြောပါတယ်။

စက်တင်ဘာ ၉ ရက်နေ့လည်က ထန်တလန်မြို့ထဲမှာ တိုက်ပွဲဖြစ်ပွားလို့ လသားအရွယ်ကလေးတစ်ယောက်အပါအဝင် အရပ်သား ၄ ဦးဒဏ်ရာရရှိပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးတယ်လို့ CDF Thantlang ကထုတ်ပြန်ထားပါတယ်။

မနေ့ စက်တင်ဘာ ၁ဝရက်က စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တဲ့ လုံလဲရ်ကျေးရွာနဲ့အနီးတဝိုက်ကကျေးရွာက ပြည်သူ ၂၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ မီဇိုရမ်းပြည်သူတွေကလည်း စစ်ဘေးရှောင်တွေအတွက် ဝါးအိမ်လေးတွေဆောက်ပေးကြပါတယ်။

Zawgyi

ထန္တလန္ၿမိဳ႕မီးေလာင္ၿပီးေနာက္ တၿမိဳ႕လုံးစြန႔္ခြာၾက

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ဟာ စက္တင္ဘာ၁၈ ရက္ မီးေလာင္ၿပီးေနာက္ စက္တင္ဘာလ ၁၉ ရက္နဲ႔ ၂၀ ရက္တို႔တြင္ ျပည္သူအားလုံးက ၿမိဳ႕ကိုစြန႔္ခြာၾကတယ္လို႔သတင္းရရွိပါတယ္။

ထန္တလန္ၿမိဳ႕မွာ လူ ၁ ေသာင္းေက်ာ္ေနထိုင္ၿပီး အရင္လ ၾသဂုတ္ ၂၄ ရက္ပစ္ခတ္မႈေတြေၾကာင့္အနည္းငယ္ထြက္ေျပးၾကၿပီး စက္တင္ဘာလ ၁၁ ရက္တြင္ ၅ေထာင္ေက်ာ္ ေက်းရြာဘက္သို႔ေျပာင္းေရြ႕ခဲ့ၾကပါတယ္။

ထန္တလန္ေဒသခံတဦးက “ၿမိဳ႕တြင္းက ၁၀၀မွာ ၉၉ ရာခိုင္ႏႈန္းက ထြက္ေျပးေနၿပီ။ က်န္တဲ့သူလည္း ထြက္ေျပးမယ့္သူေတြပဲ။ အမ်ားစုက ထန္တလန္နယ္ ေက်းရြာဘက္မွာေျပာင္းၾကတယ္။ တခ်ိဳ႕ကေတာ့ တဘက္နိင္ငံ မီဇိုရမ္ထိေရွာင္ၾကတယ္။ က်ေနာ္တို႔ၿမိဳ႕၊ က်ေနာ္တို႔အိမ္ကိုအရမ္းခ်စ္ေပမယ့္ မျဖစ္နိင္ေတာ့လို႔စြန႔္ခြာၾကတာပါ။ ဘယ္သူကမွ အာဏာနဲ႔မေျပးခိုင္းဘူး” လို႔ေျပာပါတယ္။

စက္တင္ဘာ ၉ ရက္ေန႔လည္က ထန္တလန္ၿမိဳ႕ထဲမွာ တိုက္ပြဲျဖစ္ပြားလို႔ လသားအရြယ္ကေလးတစ္ေယာက္အပါအဝင္ အရပ္သား ၄ ဦးဒဏ္ရာရရွိၿပီး စစ္ေကာင္စီဘက္က ၂ ဦးေသဆံုးတယ္လို႔ CDF Thantlang ကထုတ္ျပန္ထားပါတယ္။

မေန႔ စက္တင္ဘာ ၁၀ရက္က စစ္ေကာင္စီတပ္က ဂ်က္ေလယာဥ္နဲ႔ ဗံုးက်ဲတိုက္ခိုက္တဲ့ လံုလဲရ္ေက်းရြာနဲ႔အနီးတဝိုက္ကေက်းရြာက ျပည္သူ ၂၀၀ ေက်ာ္ဟာ အိႏိၵယႏိုင္ငံ မီဇိုရမ္းျပည္နယ္ဘက္သို႔ ထြက္ေျပးတိမ္းေရွာင္ၾကပါတယ္။ မီဇိုရမ္းျပည္သူေတြကလည္း စစ္ေဘးေရွာင္ေတြအတြက္ ဝါးအိမ္ေလးေတြေဆာက္ေပးၾကပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်