ဒလန်ရှင်းလင်းရေးအဖွဲ့အမည်ခံပြီးပြည်သူကိုသတ်ဖြတ်ပြီး အဖိုးတန်ပစ္စည်းတွေလုယူတဲ့ လက်နက်ကိုင်အဖွဲ့ကို PDF (Kalay) ကရှင်းလင်း

ကလေးမြို့နယ်တောင်ပိုင်းတွေမှာ ဒလန်ရှင်းလင်းရေးအဖွဲ့အမည်ခံကာ ပြည်သူတွေကို အဓမ္မဆက်ကြေးကောက်ခြင်း၊ အမျိုးသမီးငယ်အချို့ကို အဓမ္မပြုကျင့်ခြင်း၊ ဒလန်၊ မူးယစ်ဆေးစွဲသူ၊ ရောင်းသူလို့စွပ်စွဲကာ သတ်ဖြတ်ပြီး ရွှေ၊ငွေ၊ဆိုင်ကယ်တွေသိမ်းယူတဲ့အဖွဲ့ကို PDF (Kalay) တပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက်က ရှင်းလင်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

People’s Defence Force (Kalay)ရဲ့ အသိပေးရှင်းလင်းချက်အပြည့်အစုံမှာ ကလေးမြို့နယ်တောင်ပိုင်း တင်သားအုပ်စု၊ ဒိုးနွယ်အုပ်စု၊ အင်းကျွန်းအုပ်စု၊ ကျောက်ပြုတ်အုပ်စု၊ ကုက္ကိုလ်အုပ်စု နယ်မြေများတွင် ဒလန်ရှင်းလင်းရေးအဖွဲ့အမည်ခံထားသည့် ရှိုင်းသာဦးဆောင်သော အဖွဲ့သည် ဒေသခံကျေးရွာပြည်သူများအပေါ် လက်နက်ကိုင် ဗိုလ်ကျအနိုင်ကျင့်အုပ်ချုပ်ခြင်း၊ အဓမ္မဆက်ကြေးကောက်ခြင်း၊ အမျိုးသမီးငယ်အချို့ကို အဓမ္မပြုကျင့်ခြင်း နှင့် ဒလန်၊ မူးယစ်ဆေးစွဲသူ၊ မူးယစ်ဆေးရောင်းသူ စသဖြင့် အလွယ်တကူစွပ်စွဲကာ စီရင်သတ်ဖြတ်ပြီး ရွှေ၊ ငွေ၊ ဆိုင်ကယ် အဖိုးတန်ပစ္စည်းများ သိမ်းယူခြင်း စသည့် ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်လျက်ရှိသဖြင့် ဒေသခံပြည်သူများစွာက မိမိတို့ PDF (Kalay) တပ်ဖွဲ့သို့ ဆက်သွယ်အကူအညီတောင်းခံလာခဲ့ကြပါသည်။
ယင်း ရှိုင်းသာဦးဆောင်သောအဖွဲ့၏ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူများစွာ ဖမ်းဆီးခံခဲ့ရပြီး ရက်စက်ကြမ်းကြုတ်စွာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံခဲ့ရသည်ကို ဗီဒီယိုမှတ်တမ်းများနှင့်တကွ စုံစမ်းဖော်ထုတ်သိရှိရပါသည်။ ထို့အပြင် PDF (Kalay) နှင့် သက်ဆိုင်ပတ်သက်ခြင်းလုံးဝမရှိသော ၎င်းအဖွဲ့၏ လုပ်ရပ်များအပေါ် PDF တပ်ဖွဲ့ဝင်များက ကျူးလွန်နေသဖွယ် အထင်မှားမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည်။

အဆိုပါနယ်မြေဒေသခံပြည်သူများစွာ၏ ‌မေတ္တာရပ်ခံအကူအညီတောင်းခံချက်အရ စက်တင်ဘာလ ၂၆ ရက်နေ့တွင် PDF (Kalay) ၏အထူးတပ်ဖွဲ့များက ၎င်းအဖွဲ့‌ခေါင်းဆောင်၏ တည်နေရာနှင့်တကွ အခြေစိုက်စခန်းတည်နေရာတို့ကို စစ်ကြောင်းများခွဲ၍ ဝင်ရောက်စီးနင်းရာ ပြန်လည်ခုခံသဖြင့် အဖွဲ့ခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး စခန်းတခုလုံးကို သိမ်း၍ အဖွဲ့ဝင်များကို ယာယီထိန်းသိမ်းခဲ့ပါသည်။ ၎င်းအဖွဲ့၏ လက်နက်ခဲယမ်းများကို စာရင်းအပြည့်အစုံမှတ်တမ်းတင်၍ PDF (Kalay) က သိမ်းဆည်းခဲ့ပါသည်။

ယင်း ရှိုင်းသာဦးဆောင်သောအဖွဲ့က ကျေးရွာပြည်သူများထံမှ မတရားသဖြင့်သိမ်းယူထားသော ရွှေ၊ ငွေ နှင့် ဆိုင်ကယ်များကိုလည်း စာရင်းအပြည့်အစုံပြုစု၍ အရှေ့စည်း၊ ဒိုးနွယ်၊ တင်သား၊ ကျောက်ဖူး ကျေးရွာများမှ ရပ်ရွာကိုယ်စားလှယ်များဖြင့် ကော်မတီတစ်ရပ်ဖွဲ့စည်းပေးကာ မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရန် စီမံ ညွှန်ကြားပေးခဲ့ပါသည်။

မိမိတို့ PDF (Kalay) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ပေးထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဘက်‌ဆိုင်ရာကျင့်ဝတ်များကို တိကျစွာလိုက်နာပြီး အကြမ်းဖက်စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်ချေမှုန်းရာတွင် ညီနောင်မဟာမိတ်အဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု ပြည်သူ့ကာ‌ကွယ်ရေးအဖွဲ့ (ပ.က.ဖ) များဖြင့် အတူလက်တွဲဆောင်ရွက်လျက်ရှိပါသည်။

ဤတော်လှန်ရေးကာလအတွင်း မိမိတို့ဒေသတွင် လက်နက်ကိုင်၍ အများပြည်သူအပေါ် အာဏာရှင်သဖွယ် ဗိုလ်ကျစိုးမိုးအနိုင်ကျင့်သည့် မည်သည့်လူပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆို အကြမ်းဖက်စစ်ကောင်စီနှင့်တပါတည်း မိမိတို့ကတိုက်ခိုက်ချေမှုန်းရှင်းလင်းသွားမည် ဖြစ်ကြောင်း သတိပေးလိုက်ပါသည်လို့ PDF (Kalay) ကဖော်ပြထားပါတယ်။

Zawgyi

ဒလန္ရွင္းလင္းေရးအဖြဲ႔အမည္ခံၿပီးျပည္သူကိုသတ္ျဖတ္ၿပီး အဖိုးတန္ပစၥည္းေတြလုယူတဲ့ လက္နက္ကိုင္အဖြဲ႔ကို PDF (Kalay) ကရွင္းလင္း

ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေတြမွာ ဒလန္ရွင္းလင္းေရးအဖြဲ႔အမည္ခံကာ ျပည္သူေတြကို အဓမၼဆက္ေၾကးေကာက္ျခင္း၊ အမ်ဳိးသမီးငယ္အခ်ဳိ႕ကို အဓမၼျပဳက်င့္ျခင္း၊ ဒလန္၊ မူးယစ္ေဆးစြဲသူ၊ ေရာင္းသူလုိ႔စြပ္စြဲကာ သတ္ျဖတ္ၿပီး ေရႊ၊ေငြ၊ဆုိင္ကယ္ေတြသိမ္းယူတဲ့အဖြဲ႔ကို PDF (Kalay) တပ္ဖြဲ႔က စက္တင္ဘာ ၂၆ ရက္က ရွင္းလင္းလိုက္တယ္လုိ႔ ထုတ္ျပန္ထားပါတယ္။

People’s Defence Force (Kalay)ရဲ႕ အသိေပးရွင္းလင္းခ်က္အျပည့္အစံုမွာ ကေလးၿမိဳ႕နယ္ေတာင္ပိုင္း တင္သားအုပ္စု၊ ဒိုးႏြယ္အုပ္စု၊ အင္းကၽြန္းအုပ္စု၊ ေက်ာက္ျပဳတ္အုပ္စု၊ ကုကၠိဳလ္အုပ္စု နယ္ေျမမ်ားတြင္ ဒလန္ရွင္းလင္းေရးအဖြဲ႕အမည္ခံထားသည့္ ရွိုင္းသာဦးေဆာင္ေသာ အဖြဲ႕သည္ ေဒသခံေက်းရြာျပည္သူမ်ားအေပၚ  လက္နက္ကိုင္ ဗိုလ္က်အနိုင္က်င့္အုပ္ခ်ဳပ္ျခင္း၊ အဓမၼဆက္ေၾကးေကာက္ျခင္း၊ အမ်ိဳးသမီးငယ္အခ်ိဳ႕ကို အဓမၼျပဳက်င့္ျခင္း ႏွင့္ ဒလန္၊ မူးယစ္ေဆးစြဲသူ၊ မူးယစ္ေဆးေရာင္းသူ စသျဖင့္ အလြယ္တကူစြပ္စြဲကာ စီရင္သတ္ျဖတ္ၿပီး ေရႊ၊ ေငြ၊ ဆိုင္ကယ္ အဖိုးတန္ပစၥည္းမ်ား သိမ္းယူျခင္း စသည့္ ရာဇဝတ္မႈေပါင္းမ်ားစြာကို က်ဴးလြန္လ်က္ရွိသျဖင့္ ေဒသခံျပည္သူမ်ားစြာက မိမိတို႔ PDF (Kalay) တပ္ဖြဲ႕သို႔ ဆက္သြယ္အကူအညီေတာင္းခံလာခဲ့ၾကပါသည္။

ယင္း ရွိုင္းသာဦးေဆာင္ေသာအဖြဲ႕၏ လက္ခ်က္ေၾကာင့္ အျပစ္မဲ့ျပည္သူမ်ားစြာ ဖမ္းဆီးခံခဲ့ရၿပီး ရက္စက္ၾကမ္းၾကဳတ္စြာ ညႇင္းပန္းႏွိပ္စက္သတ္ျဖတ္ခံခဲ့ရသည္ကို ဗီဒီယိုမွတ္တမ္းမ်ားႏွင့္တကြ စုံစမ္းေဖာ္ထုတ္သိရွိရပါသည္။ ထို႔အျပင္ PDF (Kalay) ႏွင့္ သက္ဆိုင္ပတ္သက္ျခင္းလုံးဝမရွိေသာ ၎အဖြဲ႕၏ လုပ္ရပ္မ်ားအေပၚ PDF တပ္ဖြဲ႕ဝင္မ်ားက က်ဴးလြန္ေနသဖြယ္ အထင္မွားမႈမ်ားလည္း ျဖစ္ေပၚခဲ့ေၾကာင္းသိရပါသည္။

အဆိုပါနယ္ေျမေဒသခံျပည္သူမ်ားစြာ၏ ‌ေမတၱာရပ္ခံအကူအညီေတာင္းခံခ်က္အရ စက္တင္ဘာလ ၂၆ ရက္ေန႔တြင္ PDF (Kalay) ၏အထူးတပ္ဖြဲ႕မ်ားက ၎အဖြဲ႕‌ေခါင္းေဆာင္၏ တည္ေနရာႏွင့္တကြ အေျခစိုက္စခန္းတည္ေနရာတို႔ကို စစ္ေၾကာင္းမ်ားခြဲ၍ ဝင္ေရာက္စီးနင္းရာ ျပန္လည္ခုခံသျဖင့္ အဖြဲ႕ေခါင္းေဆာင္ကို ပစ္ခတ္ရွင္းလင္းခဲ့ၿပီး စခန္းတခုလုံးကို သိမ္း၍ အဖြဲ႕ဝင္မ်ားကို ယာယီထိန္းသိမ္းခဲ့ပါသည္။ ၎အဖြဲ႕၏ လက္နက္ခဲယမ္းမ်ားကို စာရင္းအျပည့္အစုံမွတ္တမ္းတင္၍ PDF (Kalay) က သိမ္းဆည္းခဲ့ပါသည္။

ယင္း ရွိုင္းသာဦးေဆာင္ေသာအဖြဲ႕က ေက်းရြာျပည္သူမ်ားထံမွ မတရားသျဖင့္သိမ္းယူထားေသာ ေရႊ၊ ေငြ ႏွင့္ ဆိုင္ကယ္မ်ားကိုလည္း စာရင္းအျပည့္အစုံျပဳစု၍ အေရွ႕စည္း၊ ဒိုးႏြယ္၊ တင္သား၊ ေက်ာက္ဖူး ေက်းရြာမ်ားမွ ရပ္ရြာကိုယ္စားလွယ္မ်ားျဖင့္ ေကာ္မတီတစ္ရပ္ဖြဲ႕စည္းေပးကာ မူလပိုင္ရွင္မ်ားထံ ျပန္လည္ေပးအပ္နိုင္ရန္ စီမံ ညႊန္ၾကားေပးခဲ့ပါသည္။

မိမိတို႔ PDF (Kalay) သည္ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာနမွ ခ်မွတ္ေပးထားသည့္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ စစ္ဘက္‌ဆိုင္ရာက်င့္ဝတ္မ်ားကို တိက်စြာလိုက္နာၿပီး အၾကမ္းဖက္စစ္ေကာင္စီကို ရင္ဆိုင္တိုက္ခိုက္ေခ်မႈန္းရာတြင္ ညီေနာင္မဟာမိတ္အဖြဲ႕အစည္းမ်ား၊ ရပ္ရြာအေျချပဳ ျပည္သူ႔ကာ‌ကြယ္ေရးအဖြဲ႕ (ပ.က.ဖ) မ်ားျဖင့္ အတူလက္တြဲေဆာင္ရြက္လ်က္ရွိပါသည္။

ဤေတာ္လွန္ေရးကာလအတြင္း မိမိတို႔ေဒသတြင္ လက္နက္ကိုင္၍ အမ်ားျပည္သူအေပၚ အာဏာရွင္သဖြယ္ ဗိုလ္က်စိုးမိုးအနိုင္က်င့္သည့္ မည္သည့္လူပုဂၢိဳလ္အဖြဲ႕အစည္းကိုမဆို အၾကမ္းဖက္စစ္ေကာင္စီႏွင့္တပါတည္း မိမိတို႔ကတိုက္ခိုက္ေခ်မႈန္းရွင္းလင္းသြားမည္ ျဖစ္ေၾကာင္း သတိေပးလိုက္ပါသည္လုိ႔ PDF (Kalay) ကေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

စစ်‌ကောင်စီကို လက်နက်နဲ့ နည်းပညာအကူညီတွေ၊ သင်တန်းပေးတာတွေ ရပ်တန့်ဖို့ အိန္ဒိယကို JFM တောင်းဆို

၁၇၊ မေ၊ ၂၀၂၄ Zalen မြန်မာစစ်ကောင်စီကို စစ်လက်နက်၊ ဆက်စပ်ပစ္စည်းတွေ၊ နည်းပညာ၊ လောင်စာဆီတွေ လွှဲပြောင်း ရောင်းချ‌ တာတွေနဲ့ စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်းအားလုံး အကူညီပေးနေတာတွေ ချက်ချင်းရပ်ဆိုင်းဖို့ အိန္ဒိယအစိုးရကို Justice For Myanmar ...

ဆက်ဖတ်ရန်