ဒု-သမ္မတမဲဆန္ဒနယ် ထန်တလန်မြို့မှ လူ(၂၀၀)ကျော် ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်

ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယိုရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ထန်တလန်မြို့မှ ဒေသခံ(၂၀၂)ဦးက ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ကြတယ်လို့သတင်းရရှိပါတယ်။

ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို ဇွန်လ(၁၅)ရက်တွင် ထန်တလန်မြို့မှာကျင်းပပါတယ်။

ထန်တလန်မြို့ ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ- Zo Peng)

ပြည်ခိုင်ဖြိုးပါတီမှ ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရသူ ဒေါက်တာမူထန်က “သူတို့သဘောထားဆန္ဒအရ ပါတီထဲဝင်လာကြတာပါ။ ဘာလို့ပါတီထဲဝင်လာကြတာလဲဆိုရင်တော့ အရင်အစိုးရခေတ်နဲ့ ဒီအစိုးရလက်ထက်ရဲ့ဖွံ့ဖြိုးရေးလုပ်ဆောင်မှုတွေကြည့်ပြီးတော့ ကျနော်တို့ပါတီလုပ်ဆောင်ချက်ကို ပိုသဘောကျလို့ဖြစ်မယ်ထင်ပါတယ်”ဟုပြောပါတယ်။

အခုပါတီဝင်သစ်တွေဟာ မြို့ပေါ်လူအချို့နဲ့ မြို့နီးနားက ဒေသခံပြည်သူတွေအများစုဖြစ်ကြောင်းသိရပါတယ်။ လက်ရှိ ချင်းပြည်နယ်မှာ ပြည်ခိုင်ဖြိုးပါတီဝင် လေးသောင်းကျော်ထံပါတီဝင်ကဒ်ပြားပေးထားတယ်လို့ ပါတီဗဟိုကေ်ာမတီဝင်တစ်ဦးထံသိရပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်