ပလက်ဝတွင် ဝန်ထမ်းလစာ သိန်း (၇၀) ကို အေအေတပ်ဖွဲ့ဝင်တွေကသေနတ်ထောက်ပြီးလုယူ

ပလက်ဝမြို့နယ် ထရွန်အိုင်ကျေးရွာရှိ ရဲတပ်ဖွဲ့နဲ့ ကျောင်းဆရာ၊မတွေရဲ့ လစာ(သိန်း ၇၀)ထုတ်ယူလာစဉ် လမ်းမှာ အေအေလက်နက်ကိုင်တပ်ဖွဲ့က သေနတ်နဲ့ထောက်ပြီး လုယူသွားတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ထရွန်အိုင်ကျေးရွာ ကျောင်းအုပ်က ပလက်ဝမြို့တွင်သင်တန်းတက်ရင်း လစာထုတ်ရာ အပြန်လမ်း မောင်နှမကျေးရွာအနီးတွင် အေအေလက်နက်ကိုင်တပ်ဖွဲ့တွေက ခရီးသည်တင်စက်လှေကိုရပ်ခိုင်းကာ အခုလို လုယူသွားတာဖြစ်ပါတယ်။

ထရွန်အိုင်ကျေးရွာက အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက “Wave Money နဲ့လွှဲပေးဖို့ပြောနေပေမယ့် သောင်တင်နေတော့ လူကြုံနဲ့လွှဲတော့ အခုလိုဖြစ်တာပေါ့။ ဟိုဘက်အဖွဲ့တွေက လစာထုတ်တဲ့လူ ဘာဝတ်ထားတဲ၊ ဘယ်လိုပုံစံလဲဆိုတာ အကုန်သိတဲ့ပုံပေါ်တယ်။ သူ့ကိုပိုက်ဆံထုတ်ဖို့ပြောတဲ့ချိန်မှာ မရှိကြောင်းပြောပြပေမယ့်မရဘူး။ မငြင်းနဲ့ဆိုပြီး သေနတ်နဲ့ထောက်ခြိမ်းခြောက်တာ။ စက်လှေပေါ်က တစ်ခြားလူတွေရဲ့ ပိုက်ဆံကော သူတို့ယူ၊ မယူမသိဘူး။ ကျနော်တို့က ဒီလစာနဲ့ပဲ စားနေကြတယ်။ အပြင်ဝင်ငွေလည်းမရှိဘူးဆိုတော့ အခက်အခဲတော့ဖြစ်မှာပေါ့။ မရှိရင်တော့ အချင်းချင်းဆီကနေ ချေးငှားရမှာပဲ။ လူကြီးတွေကတော့ ဘာမှစိတ်မပူကြနဲ့ အဆင်ပြေအောင်လုပ်ပေးမယ်လို့တော့ပြောကြတာပဲ” လို့ပြောပါတယ်။

 

ရဲဝန်ထမ်းလစာက သိန်း (၄၀)၊ ပညာရေဝန်ထမ်းတွေလစာက (၂၅)သိန်း နဲ့ လစာလာထုတ်တဲ့ ကျောင်းအုပ်ကြီးရဲ့ လစာ (၅)သိန်း စုစုပေါင်း သိန်း (၇၀)လုယူသွားကြပါတယ်။

ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “အဲ့လမ်းကြောင်းပေါ်မှာလုံခြုံရေးပိုချဖို့လိုတယ်။ အစိုးရကတော့ ပြည်ထောင်စုကို ဒီဖြစ်စဉ်ကို ထပ်တင်ပြတာကလွဲပြီး ဘာမှလုပ်ပေးလို့မရတဲ့အနေအထားဖြစ်တယ်။ လုံခြုံရေးအင်အားထပ်တိုးချပေးဖို့လည်း ပြည်ထောင်စုကိုတင်ပြထားတယ်။ လစာရဲ့သဘောက ရုံးလူတွေကထုတ်ပေးလိုက်ပြီးဆိုရင် ဒါတော့ပြီးသွားပြီ။ လမ်းမှာ ဓားမြတိုက်သလို ပညာရေး၊ ရဲဝန်ထမ်းတွေရဲ့လစာကိုတိုက်ယူသွားတာကတော့ အစိုးရဘက်ကတော့ ဘာမှလုပ်ပေးလို့မရတော့ဘူးပေါ့။ ဒါပေမယ့် စစ်ဆေးတာ၊ စုံစမ်းဖော်ထုတ်ပေးတာကလည်း နယ်မြေအအေးချမ်းတော့ ခက်ခဲတယ်။ အဲ့လိုလုပ်တဲ့အဖွဲ့အစည်းတွေလည်း ကိုယ့်ဆရာဆရာမတွေရဲ့လစာကို ဖြတ်ယူတာကလည်း တော်တော်ကိုမဖြစ်သင့်တဲ့ကိစ္စပဲလေ”လို့ပြောပါတယ်။

(Zawgyi)

ပလက္ဝတြင္ ဝန္ထမ္းလစာ သိန္း (၇၀) ကို ေအေအတပ္ဖြဲ႕ဝင္ေတြကေသနတ္ေထာက္ၿပီးလုယူ

ပလက္ဝၿမိဳ႕နယ္ ထ႐ြန္အိုင္ေက်း႐ြာရွိ ရဲတပ္ဖြဲ႕နဲ႔ ေက်ာင္းဆရာ၊မေတြရဲ႕ လစာ(သိန္း ၇၀)ထုတ္ယူလာစဥ္ လမ္းမွာ ေအေအလက္နက္ကိုင္တပ္ဖြဲ႕က ေသနတ္နဲ႔ေထာက္ၿပီး လုယူသြားတယ္လို႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ (၅)ရက္ေန႔တြင္ ထ႐ြန္အိုင္ေက်း႐ြာ ေက်ာင္းအုပ္က ပလက္ဝၿမိဳ႕တြင္သင္တန္းတက္ရင္း လစာထုတ္ရာ အျပန္လမ္း ေမာင္ႏွမေက်း႐ြာအနီးတြင္ ေအေအလက္နက္ကိုင္တပ္ဖြဲ႕ေတြက ခရီးသည္တင္စက္ေလွကိုရပ္ခိုင္းကာ အခုလို လုယူသြားတာျဖစ္ပါတယ္။

ထ႐ြန္အိုင္ေက်း႐ြာက အမည္မေဖာ္လိုတဲ့ ဝန္ထမ္းတစ္ဦးက “Wave Money နဲ႔လႊဲေပးဖို႔ေျပာေနေပမယ့္ ေသာင္တင္ေနေတာ့ လူႀကဳံနဲ႔လႊဲေတာ့ အခုလိုျဖစ္တာေပါ့။ ဟိုဘက္အဖြဲ႕ေတြက လစာထုတ္တဲ့လူ ဘာဝတ္ထားတဲ၊ ဘယ္လိုပုံစံလဲဆိုတာ အကုန္သိတဲ့ပုံေပၚတယ္။ သူ႔ကိုပိုက္ဆံထုတ္ဖို႔ေျပာတဲ့ခ်ိန္မွာ မရွိေၾကာင္းေျပာျပေပမယ့္မရဘူး။ မျငင္းနဲ႔ဆိုၿပီး ေသနတ္နဲ႔ေထာက္ၿခိမ္းေျခာက္တာ။ စက္ေလွေပၚက တစ္ျခားလူေတြရဲ႕ ပိုက္ဆံေကာ သူတို႔ယူ၊ မယူမသိဘူး။ က်ေနာ္တို႔က ဒီလစာနဲ႔ပဲ စားေနၾကတယ္။ အျပင္ဝင္ေငြလည္းမရွိဘူးဆိုေတာ့ အခက္အခဲေတာ့ျဖစ္မွာေပါ့။ မရွိရင္ေတာ့ အခ်င္းခ်င္းဆီကေန ေခ်းငွားရမွာပဲ။ လူႀကီးေတြကေတာ့ ဘာမွစိတ္မပူၾကနဲ႔ အဆင္ေျပေအာင္လုပ္ေပးမယ္လို႔ေတာ့ေျပာၾကတာပဲ” လို႔ေျပာပါတယ္။

ရဲဝန္ထမ္းလစာက သိန္း (၄၀)၊ ပညာေရဝန္ထမ္းေတြလစာက (၂၅)သိန္း နဲ႔ လစာလာထုတ္တဲ့ ေက်ာင္းအုပ္ႀကီးရဲ႕ လစာ (၅)သိန္း စုစုေပါင္း သိန္း (၇၀)လုယူသြားၾကပါတယ္။

ခ်င္းျပည္နယ္ စည္ပင္ဝန္ႀကီး ဦးစိုးထက္က “အဲ့လမ္းေၾကာင္းေပၚမွာလုံၿခဳံေရးပိုခ်ဖို႔လိုတယ္။ အစိုးရကေတာ့ ျပည္ေထာင္စုကို ဒီျဖစ္စဥ္ကို ထပ္တင္ျပတာကလြဲၿပီး ဘာမွလုပ္ေပးလို႔မရတဲ့အေနအထားျဖစ္တယ္။ လုံၿခဳံေရးအင္အားထပ္တိုးခ်ေပးဖို႔လည္း ျပည္ေထာင္စုကိုတင္ျပထားတယ္။ လစာရဲ႕သေဘာက ႐ုံးလူေတြကထုတ္ေပးလိုက္ၿပီးဆိုရင္ ဒါေတာ့ၿပီးသြားၿပီ။ လမ္းမွာ ဓားျမတိုက္သလို ပညာေရး၊ ရဲဝန္ထမ္းေတြရဲ႕လစာကိုတိုက္ယူသြားတာကေတာ့ အစိုးရဘက္ကေတာ့ ဘာမွလုပ္ေပးလို႔မရေတာ့ဘူးေပါ့။ ဒါေပမယ့္ စစ္ေဆးတာ၊ စုံစမ္းေဖာ္ထုတ္ေပးတာကလည္း နယ္ေျမအေအးခ်မ္းေတာ့ ခက္ခဲတယ္။ အဲ့လိုလုပ္တဲ့အဖြဲ႕အစည္းေတြလည္း ကိုယ့္ဆရာဆရာမေတြရဲ႕လစာကို ျဖတ္ယူတာကလည္း ေတာ္ေတာ္ကိုမျဖစ္သင့္တဲ့ကိစၥပဲေလ”လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်