ပလက်ဝတွင် အေအေကဆန်တောင်းလို့မပေးနိုင်သဖြင့် ရွာသား (၃)ဦးကို ဖမ်းဆီးခေါ်ဆောင်

ပလက်ဝမြို့နဲ့ နှစ်မိုင်ခန့်သာကွာဝေးတဲ့ ကေသရွာမှာ ဒီမနက် အေအေလက်နက်ကိုင်တပ်ဖွဲ့က ဆန်တောင်းလို့မပေးနိုင်တာကြောင့် ရွာသား (၃)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။

အေအေဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကေသရွာသားတွေကတော့ ဦးကိုးအောင် ( ၆၅ နှစ် )၊ မောင်ခိုင်မင်းစိုး ( ၃၉ နှစ်) နဲ့ မောင်စိုးဟိန်း ( ၃၃ နှစ်) တို့ဖြစ်ပါတယ်။

KACC က အလုပ်အမှုဆောင်အဖွဲ့ ဦးပိုင်နန်းက “အခင်းဖြစ်တာက ဒီမနက် ၉ နာရီနဲ့ ၁၀ နာရီဝန်းကျင်လောက်မှာဖြစ်တာ။ လက်နက်ကိုင်တွေက ရွာသားတွေကိုခေါ်ပြီး ဆန်တောင်းတယ်။ ဘာလို့အေအေလို့ပြောနိုင်တာလဲဆိုရင် လက်နက်ကိုင်တွေထဲမှာ ဆန်တောင်းဖို့က သူတို့ပဲရှိတာလေ။ ဆန်မပေးနိုင်လို့ ရွာလူထုရှေ့မှာပဲ ဖမ်းခေါ်သွားတယ်” လို့ပြောပါတယ်။

ပလက်ဝတွင် နေ့လည်ပိုင်းလောက်က စပြီး ဖုန်းလိုင်းများအားလုံးပြတ်တောက်သွားပါတယ်။ မတ်လ (၁၄)ရက် နဲ့ (၁၅)ရက်တွင် ပလက်ဝမြို့နယ် ဆမီးမြို့အနီးက ကျေးရွာ (၄)ရွာပေါ်မှာ မြန်မာ့တပ်မတော် စစ်လေယာဉ်က လေကြောင်းကနေပစ်ခတ်တာကြောင့် ဒီနေ့ထိ လူ (၂၁)သေဆုံးပြီး (၂၈)ဦးဒဏ်ရာရရှိထားတယ်လို့သတင်းရရှိပါတယ်။

အခုလိုစစ်လေယာဉ်ကနေ ကျေးရွာတွေကို ပစ်ခတ်တာဟာ ကျေးရွာတွင်းအေအေလက်နက်ကိုင်တွေခိုလုံတာကြောင့်ပစ်ခတ်တာဖြစ်တယ်လို့ ဝန်ကြီးဦးစိုးထက်ကပြောပေမယ့် ဒေသခံကျေးရွာတွေကတော့ ယင်းကျေးရွာတွေမှာ ချင်းလူမျိုးတွေသာ နေထိုင်ကြတယ်လို့ ဆိုကြပါတယ်။

ဒဏ်ရာရရှိတဲ့ လူနာတွေကို ဆမီးတိုက်နယ်ဆေးရုံး၊ မတူပီပြည်သူ့ဆေးရုံး၊ မင်းတပ်ခရိုင်ဆေးရုံနဲ့ မန္တလေးဆေးရုံတွေမှာ ခွဲစိတ်ကုသလျက်ရှိပါတယ်။

(Zawgyi)

ပလက္ဝတြင္ ေအေအကဆန္ေတာင္းလို႔မေပးႏိုင္သျဖင့္ ႐ြာသား (၃)ဦးကို ဖမ္းဆီးေခၚေဆာင္

ပလက္ဝၿမိဳ႕နဲ႔ ႏွစ္မိုင္ခန႔္သာကြာေဝးတဲ့ ေကသ႐ြာမွာ ဒီမနက္ ေအေအလက္နက္ကိုင္တပ္ဖြဲ႕က ဆန္ေတာင္းလို႔မေပးႏိုင္တာေၾကာင့္ ႐ြာသား (၃)ဦးကို ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ သတင္းရရွိပါတယ္။

ေအေအဖမ္းဆီးေခၚေဆာင္သြားတဲ့ ေကသ႐ြာသားေတြကေတာ့ ဦးကိုးေအာင္ ( ၆၅ ႏွစ္ )၊ ေမာင္ခိုင္မင္းစိုး ( ၃၉ ႏွစ္) နဲ႔ ေမာင္စိုးဟိန္း ( ၃၃ ႏွစ္) တို႔ျဖစ္ပါတယ္။

KACC က အလုပ္အမႈေဆာင္အဖြဲ႕ ဦးပိုင္နန္းက “အခင္းျဖစ္တာက ဒီမနက္ ၉ နာရီနဲ႔ ၁၀ နာရီဝန္းက်င္ေလာက္မွာျဖစ္တာ။ လက္နက္ကိုင္ေတြက ႐ြာသားေတြကိုေခၚၿပီး ဆန္ေတာင္းတယ္။ ဘာလို႔ေအေအလို႔ေျပာႏိုင္တာလဲဆိုရင္ လက္နက္ကိုင္ေတြထဲမွာ ဆန္ေတာင္းဖို႔က သူတို႔ပဲရွိတာေလ။ ဆန္မေပးႏိုင္လို႔ ႐ြာလူထုေရွ႕မွာပဲ ဖမ္းေခၚသြားတယ္” လို႔ေျပာပါတယ္။

ပလက္ဝတြင္ ေန႔လည္ပိုင္းေလာက္က စၿပီး ဖုန္းလိုင္းမ်ားအားလုံးျပတ္ေတာက္သြားပါတယ္။ မတ္လ (၁၄)ရက္ နဲ႔ (၁၅)ရက္တြင္ ပလက္ဝၿမိဳ႕နယ္ ဆမီးၿမိဳ႕အနီးက ေက်း႐ြာ (၄)႐ြာေပၚမွာ ျမန္မာ့တပ္မေတာ္ စစ္ေလယာဥ္က ေလေၾကာင္းကေနပစ္ခတ္တာေၾကာင့္ ဒီေန႔ထိ လူ (၂၁)ေသဆုံးၿပီး (၂၈)ဦးဒဏ္ရာရရွိထားတယ္လို႔သတင္းရရွိပါတယ္။

အခုလိုစစ္ေလယာဥ္ကေန ေက်းရြာေတြကို ပစ္ခတ္တာဟာ ေက်းရြာတြင္းေအေအလက္နက္ကိုင္ေတြခိုလံုတာေၾကာင့္ပစ္ခတ္တာျဖစ္တယ္လို႔ ဝန္ၾကီးဦးစိုးထက္ကေျပာေပမယ့္ ေဒသခံေက်းရြာေတြကေတာ့ ယင္းေက်းရြာေတြမွာ ခ်င္းလူမ်ဳိးေတြသာ ေနထုိင္ၾကတယ္လို႔ ဆိုၾကပါတယ္။

ဒဏ္ရာရရွိတဲ့ လူနာေတြကို ဆမီးတိုက္နယ္ေဆး႐ုံး၊ မတူပီျပည္သူ႔ေဆး႐ုံး၊ မင္းတပ္ခ႐ိုင္ေဆး႐ုံနဲ႔ မႏၲေလးေဆး႐ုံေတြမွာ ခြဲစိတ္ကုသလ်က္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

ပြည်သူ၊ အခွန်နဲ့ တော်လှန်ရေး

Khaisa ရေးသည်။ ဘာကြောင့် တော်လှန်ရေးလုပ်သလဲဆိုတဲ့ မေးခွန်းအောက်မှာ အဓိကကျတဲ့ ဖြေရှင်းချက်တွေကတော့ ၁။ တိုင်းပြည်ထူထောင်ရေး ၂။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ၃။ အမျိုးသားအကျိုးစီးပွားတည်ဆောက်ရေး ၄။ ပင်ကိုယ်အမျိုးသားရေးစုစည်းရေး ၅။ ကိုယ့်ကံကြမ္မာကိုယ်ပိုင်ဖန်တီးရေး ၆။ အမျိုးသားရေး၊ နိုင်ငံရေးအရ ...

ဆက်ဖတ်ရန်