ပလက်ဝမြို့ထဲ လူနေအိမ်တွင် လက်နက်ကြီးကျ

မေ (၂၅)၊ ၂၀၂၀
ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်နေ ဦးထောင်ကိန်းရဲ့ နေအိမ် မီးဖိုချောင်းပေါ်တွင် ဒီမနက် (၁၁)နာရီမိနစ် (၂၀)တွင် လက်နက်ကြီးတစ်လုံးကျသွားတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ပလက်ဝတွင်နေထိုင်တဲ့ ဒေသခံတစ်ဦးက “လူတွေထိခိုက်ဒဏ်ရာရရှိတာတော့မရှိဘူး။ လက်နက်ကြီးကျလို့ နားအိုတာမျိုးလောက်ပါဘဲ။ အိမ်ရှင်တွေကတော့ အိမ်ရှေ့မှာနေကြလို့ဘာမှမဖြစ်တာ။ ခုလက်နက်ကြီးကျသွားတာက အိမ်နောက်ဘက်။ မီးဖိုချောင်းတစ်ခုလုံးပျက်စီးသွားတယ်။ မနက်ပိုင်းက အာဏာပိုင်တွေကလာကြည့်ကြသေးတယ်။ ဘယ်သူပစ်တာလဲဆိုတာ မသိဘူး” လို့ပြောပါတယ်။

ဦးထောင်ကိန်းတို့မိသားစုတွင် ၅ ယောက်ရှိပြီး ရိက္ခာရပ်ကွက် ယဉ်ကျေးမှုပြတိုက်နားတွင်နေထိုင်ကြပါတယ်။

လက်ရှိ ပလက်ဝရဲ့ အနောက်ဘက်တောင်ကုန်းပေါ်တွင် အေအေ လက်နက်ကိုင်တွေ တပ်စွဲထားပြီး ပလက်ဝအရှေ့ဘက် ကုလာတန်မြစ်တစ်ဖက်ကမ်းတွင် မြန်မာ့တပ်မတော် စခန်းရှိပါတယ်။

အရင်ကလည်း ရိက္ခာရပ်ကွက်မှာနေထိုင်သူတစ်ဦး ဘယ်ကပစ်မှန်းမသိတဲ့ကျည်ဆံထိမိတာကြောင့် ဒဏ်ရာရရှိခဲ့ပါတယ်။

(Zawgyi)

ပလက္ဝၿမိဳ႕ထဲ လူေနအိမ္တြင္ လက္နက္ႀကီးက်

ေမ (၂၅)၊ ၂၀၂၀
ပလက္ဝၿမိဳ႕၊ ရိကၡာရပ္ကြက္ေန ဦးေထာင္ကိန္းရဲ႕ ေနအိမ္ မီးဖိုေခ်ာင္းေပၚတြင္ ဒီမနက္ (၁၁)နာရီမိနစ္ (၂၀)တြင္ လက္နက္ႀကီးတစ္လုံးက်သြားတယ္လို႔ ေဒသခံေတြထံမွသတင္းရရွိပါတယ္။

ပလက္ဝတြင္ေနထိုင္တဲ့ ေဒသခံတစ္ဦးက “လူေတြထိခိုက္ဒဏ္ရာရရွိတာေတာ့မရွိဘူး။ လက္နက္ႀကီးက်လို႔ နားအိုတာမ်ိဳးေလာက္ပါဘဲ။ အိမ္ရွင္ေတြကေတာ့ အိမ္ေရွ႕မွာေနၾကလို႔ဘာမွမျဖစ္တာ။ ခုလက္နက္ႀကီးက်သြားတာက အိမ္ေနာက္ဘက္။ မီးဖိုေခ်ာင္းတစ္ခုလုံးပ်က္စီးသြားတယ္။ မနက္ပိုင္းက အာဏာပိုင္ေတြကလာၾကည့္ၾကေသးတယ္။ ဘယ္သူပစ္တာလဲဆိုတာ မသိဘူး” လို႔ေျပာပါတယ္။

ဦးေထာင္ကိန္းတို႔မိသားစုတြင္ ၅ ေယာက္ရွိၿပီး ရိကၡာရပ္ကြက္ ယဥ္ေက်းမႈျပတိုက္နားတြင္ေနထိုင္ၾကပါတယ္။

လက္ရွိ ပလက္ဝရဲ႕ အေနာက္ဘက္ေတာင္ကုန္းေပၚတြင္ ေအေအ လက္နက္ကိုင္ေတြ တပ္စြဲထားၿပီး ပလက္ဝအေရွ႕ဘက္ ကုလာတန္ျမစ္တစ္ဖက္ကမ္းတြင္ ျမန္မာ့တပ္မေတာ္ စခန္းရွိပါတယ္။

အရင္ကလည္း ရိကၡာရပ္ကြက္မွာေနထုိင္သူတစ္ဦး ဘယ္ကပစ္မွန္းမသိတဲ့က်ည္ဆံထိမိတာေၾကာင့္ ဒဏ္ရာရရွိခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

ဆော – ကျောက်ထု လမ်းပိုင်းအား မနက်ဖြန်ကစ ဖြတ်သန်းသွားလာခွင့်ပြုမယ်

၁၀၊ မေလ၊ ၂၀၂၄။ Zalen မကွေးတိုင်း၊ ဆော-ကျောက်ထု ကားလမ်းပိုင်းကို ၅ရက်ကြာပိတ်ပြီးနောက် မနက်ဖြန် မေလ ၂၁ ရက်ကစပြီး သွားလာခွင့်ပြုမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ထားပါတယ်။ ခရီးသွားပြည်သူများ အနေဖြင့် ဆော – ကျောက်ထု ...

ဆက်ဖတ်ရန်