ပလက်ဝမြို့အနီး ရွာအတွင်းလက်နက်ကြီးနှစ်ကြိမ်ကျ၍ နှစ်ဦးဒဏ်ရာရ၊ တစ်ရွာလုံးနီးပါးမြို့ပေါ်သို့ပြောင်းရွေ့

ပလက်ဝမြို့ရဲ့ တစ်ဘက်ကမ်း အောက် မီးလက်ဝကျေးရွာအတွင်း လက်နက်ကြီး နှစ်ကြိမ်ကျ၍ အသက် (၆၀) နဲ့ အသက် (၁၄)နှစ်အရွယ် အမျိုးသား နှစ်ဦးဒဏ်ရာရရှိသွားတယ်လို့သတင်းရရှိပါတယ်။

အောက်မီးလက်ဝကျေးရွာဟာ ပလက်ဝမြို့ န.တ.လကျောင်းရဲ့ တစ်ဖက်ကမ်း ပလက်ဝ-ဇိုရမ်ပူရ်ကားလမ်းစီမံကိန်းဘေးတွင်ရှိပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၆)ရက် နေ့ခင်း ၁၂ နာရီနဲ့ ၁ နာရီကြားတွင် လက်နက်ကြီးတစ်လုံးကျ၍ အသက် (၆၀)အရွယ် ဦးငန်းအောင်ရဲ့ ပုခုံးပေါ်ရှထိသွားလို့ ပလက်ဝပြည်သူ့ဆေးရုံသို့ကုသခဲ့ပါတယ်။ ပြီးနောက် ဖေဖော်ဝါရီလ (၁၈)ရက် ည (၉)နာရီတွင် ရွာအတွင်း လက်နက်ကြီးကျသဖြင့် ဦးဟွေ့လောရဲ့ သား ကျော်ဌေးဦး (၁၄ နှစ်)ရဲ့ နားထင်တွင်လက်နက်ကြီးအဆံထိမိ၍ ညတွင်းချင်း ပလက်ဝပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ (၁၆)ရက် ရွာအတွင်းကျလာတဲ့ လက်နက်ကြီးကျည်ဆံကို မြေကြီးထဲက ပြန်လည်တူးဖော်ရာ ကျည်ဆံပန်ကာဖင်တွင် မုတ်ပလာယာနဲ့လှည့်လို့ရတဲ့ အပေါက် ၂ ပေါက်ပါပြီး အပေါက်ရဲ့အပေါ်ဘက်တွင် 76/02 နံပါတ်ရေးထိုးထားပြီး အပေါက်ရဲ့အောက်ဘက်မှာ 81ER စာသားရှိပါတယ်လို့ ဒေသခံရွာသားတစ်ဦးက ဆိုပါတယ်။

ဖေဖော်ဝါရီ (၁၈)ရက်ညမှာ ကျလာတဲ့ လက်နက်ကြီးကျည်ခွံကိုတော့ ပစ္စည်းအပြောင်းအရွေ့ပြုလုပ်ရတာကြောင့် မြေကြီးထဲကမတူးဖော်ရသေးပါ။

ယင်းလက်နက်ဟာ ငှက်ပျောဖူးလိုပုံစံဖြစ်ပြီး ရုရှားနိုင်ငံထုတ်ဖြစ်ကာ မြန်မာ့တပ်မတော်ကအများဆုံးအသုံးပြုထားတယ်လို့ လက်နက်ကျွမ်းကျင်သူတစ်ဦထံမှသိရပါတယ်။

အမည်မဖော်လိုတဲ့ အောက်မီးလက်ဝ ကျေးရွာသား တစ်ဦးက “အခုက ကျောင်းသားတွေစာမေးပွဲနီးနေပြီးဆိုတော့ သူကအိမ်ထဲမှာစာကျက်နေတယ်။ နောက်ပေါ့သွားမယ်ဆိုပြီး အပြင်ထွက်တဲ့ချိန်မှာ လက်နက်ကြီးက အိမ်ကနေ ၅ ကိုက်လောက်ပဲအကွာမှာကျလာတယ်။ တစ်ရွာလုံးဟိန်းသွားတယ်။ ပြီးတော့ ရဲနဲ့ စစ်တပ်ကို အကြောင်းကြားပြီးတော့ လူနာကို ပြည်သူ့ဆေးရုံကိုပို့တဲ့။ လက်နက်ကြီးက ဘယ်ကနေပစ်လာမှန်းခုထိမသိရသေးဘူး။ ထိသွားတာက နားရွက်ရဲ့အပေါ်နားလေးမှာ၊ ဗုံးဆံကအထဲမှာရှိသေးလာဆိုတာ ဓာတ်မှန်အဖြေထွက်လာမှသိမယ်။ Sunday နေ့က အဘိုးကြီး ပုခုံးမှာရှသွားတယ်လို့ပဲထင်တာတောင် အထဲမှာကျန်သေးတော့ခွဲစိတ်ရတယ်။ သူလည်း အခုဆေးရုံကနေမဆင်းရသေးဘူး” လို့ပြောပါတယ်။

အောက်မီးလက်ဝကျေးရွာဟာ အိမ်ခြေ ၁၃၀ ခန့်ရှိပြီး ခုချိန်မှာ ရွာသားအားလုံးလိုလိုဟာ ပလက်ဝမြို့ပေါ်သို့ပြောင်းရွေ့နေကြကြောင်းသိရပါတယ်။

အမည်မဖော်လိုတဲ့ အောက်မီးလက်ဝ ကျေးရွာသား တစ်ဦးက “တစ်ချို့က Sunday နေ့ကလက်နက်ကြီးကျလာလို့ စိုးရိမ်ပြီးပြောင်းတဲ့သူတွေလည်းရှိတယ်။ မနေ့က ညတွင်းချင်းပဲပြောင်းတဲ့သူလည်းရှိတယ်။ အခု ဒီနေ့လည်း ပေါ့ပေါ့ပါးပါးပစ္စည်းတွေကိုတော့ အကုန်သယ်သွားကြတယ်။ ရွာမှာဘယ်သူမှမရှိရင်လည်း ကျန်ခဲ့တဲ့ပစ္စည်းတွေ တစ်ခုခုကြောင့် မီးလောင်သွားမှာစိုးရိမ်တယ်။ မြို့ပေါ်မှာက တချို့က အမျိုးအိမ်တွေမှာအိပ်မယ်။ တစ်ချို့က အသင်းတော်ခန်းမတွေမှာ အိပ်ဖို့စီစဉ်ထားကြတယ်” လို့ပြောပါတယ်။

(Zawgyi)

ပလက္ဝၿမိဳ႕အနီး ႐ြာအတြင္းလက္နက္ႀကီးႏွစ္ႀကိမ္က်၍ ႏွစ္ဦးဒဏ္ရာရ၊ တစ္႐ြာလုံးနီးပါးၿမိဳ႕ေပၚသို႔ေျပာင္းေ႐ြ႕

ပလက္ဝၿမိဳ႕ရဲ႕ တစ္ဘက္ကမ္း ေအာက္ မီးလက္ဝေက်း႐ြာအတြင္း လက္နက္ႀကီး ႏွစ္ႀကိမ္က်၍ အသက္ (၆၀) နဲ႔ အသက္ (၁၄)ႏွစ္အ႐ြယ္ အမ်ိဳးသား ႏွစ္ဦးဒဏ္ရာရရွိသြားတယ္လို႔သတင္းရရွိပါတယ္။

ေအာက္မီးလက္ဝေက်း႐ြာဟာ ပလက္ဝၿမိဳ႕ န.တ.လေက်ာင္းရဲ႕ တစ္ဖက္ကမ္း ပလက္ဝ-ဇိုရမ္ပူရ္ကားလမ္းစီမံကိန္းေဘးတြင္ရွိပါတယ္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ (၁၆)ရက္ ေန႔ခင္း ၁၂ နာရီနဲ႔ ၁ နာရီၾကားတြင္ လက္နက္ႀကီးတစ္လုံးက်၍ အသက္ (၆၀)အ႐ြယ္ ဦးငန္းေအာင္ရဲ႕ ပုခုံးေပၚရွထိသြားလို႔ ပလက္ဝျပည္သူ႔ေဆး႐ုံသို႔ကုသခဲ့ပါတယ္။ ၿပီးေနာက္ ေဖေဖာ္ဝါရီလ (၁၈)ရက္ ည (၉)နာရီတြင္ ႐ြာအတြင္း လက္နက္ႀကီးက်သျဖင့္ ဦးေဟြ႕ေလာရဲ႕ သား ေက်ာ္ေဌးဦး (၁၄ ႏွစ္)ရဲ႕ နားထင္တြင္လက္နက္ႀကီးအဆံထိမိ၍ ညတြင္းခ်င္း ပလက္ဝျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ (၁၆)ရက္ ႐ြာအတြင္းက်လာတဲ့ လက္နက္ႀကီးက်ည္ဆံကို ေျမႀကီးထဲက ျပန္လည္တူးေဖာ္ရာ က်ည္ဆံပန္ကာဖင္တြင္ မုတ္ပလာယာနဲ႔လွည့္လို႔ရတဲ့ အေပါက္ ၂ ေပါက္ပါၿပီး အေပါက္ရဲ႕အေပၚဘက္တြင္ 76/02 နံပါတ္ေရးထိုးထားၿပီး အေပါက္ရဲ႕ေအာက္ဘက္မွာ 81ER စာသားရွိပါတယ္လို႔ ေဒသခံ႐ြာသားတစ္ဦးက ဆိုပါတယ္။

ေဖေဖာ္ဝါရီ (၁၈)ရက္ညမွာ က်လာတဲ့ လက္နက္ၾကီးက်ည္ခြံကိုေတာ့ ပစၥည္းအေျပာင္းအေရြ႕ျပဳလုပ္ရတာေၾကာင့္ ေျမၾကီးထဲကမတူးေဖာ္ရေသးပါ။

ယင္းလက္နက္ဟာ ငွက္ေပ်ာဖူးလိုပုံစံျဖစ္ၿပီး ႐ုရွားႏိုင္ငံထုတ္ျဖစ္ကာ ျမန္မာ့တပ္မေတာ္ကအမ်ားဆံုးအသံုးျပဳထားတယ္လို႔ လက္နက္ကြၽမ္းက်င္သူတစ္ဦထံမွသိရပါတယ္။

အမည္မေဖာ္လိုတဲ့ ေအာက္မီးလက္ဝ ေက်း႐ြာသား တစ္ဦးက “အခုက ေက်ာင္းသားေတြစာေမးပြဲနီးေနၿပီးဆိုေတာ့ သူကအိမ္ထဲမွာစာက်က္ေနတယ္။ ေနာက္ေပါ့သြားမယ္ဆိုၿပီး အျပင္ထြက္တဲ့ခ်ိန္မွာ လက္နက္ႀကီးက အိမ္ကေန ၅ ကိုက္ေလာက္ပဲအကြာမွာက်လာတယ္။ တစ္႐ြာလုံးဟိန္းသြားတယ္။ ၿပီးေတာ့ ရဲနဲ႔ စစ္တပ္ကို အေၾကာင္းၾကားၿပီးေတာ့ လူနာကို ျပည္သူ႔ေဆး႐ုံကိုပို႔တဲ့။ လက္နက္ႀကီးက ဘယ္ကေနပစ္လာမွန္းခုထိမသိရေသးဘူး။ ထိသြားတာက နား႐ြက္ရဲ႕အေပၚနားေလးမွာ၊ ဗုံးဆံကအထဲမွာရွိေသးလာဆိုတာ ဓာတ္မွန္အေျဖထြက္လာမွသိမယ္။ Sunday ေန႔က အဘိုးႀကီး ပုခုံးမွာရွသြားတယ္လို႔ပဲထင္တာေတာင္ အထဲမွာက်န္ေသးေတာ့ခြဲစိတ္ရတယ္။ သူလည္း အခုေဆး႐ုံကေနမဆင္းရေသးဘူး” လို႔ေျပာပါတယ္။

ေအာက္မီးလက္ဝေက်း႐ြာဟာ အိမ္ေျခ ၁၃၀ ခန႔္ရွိၿပီး ခုခ်ိန္မွာ ႐ြာသားအားလုံးလိုလိုဟာ ပလက္ဝၿမိဳ႕ေပၚသို႔ေျပာင္းေ႐ြ႕ေနၾကေၾကာင္းသိရပါတယ္။

အမည္မေဖာ္လိုတဲ့ ေအာက္မီးလက္ဝ ေက်း႐ြာသား တစ္ဦးက “တစ္ခ်ိဳ႕က Sunday ေန႔ကလက္နက္ႀကီးက်လာလို႔ စိုးရိမ္ၿပီးေျပာင္းတဲ့သူေတြလည္းရွိတယ္။ မေန႔က ညတြင္းခ်င္းပဲေျပာင္းတဲ့သူလည္းရွိတယ္။ အခု ဒီေန႔လည္း ေပါ့ေပါ့ပါးပါးပစၥည္းေတြကိုေတာ့ အကုန္သယ္သြားၾကတယ္။ ႐ြာမွာဘယ္သူမွမရွိရင္လည္း က်န္ခဲ့တဲ့ပစၥည္းေတြ တစ္ခုခုေၾကာင့္ မီးေလာင္သြားမွာစိုးရိမ္တယ္။ ၿမိဳ႕ေပၚမွာက တခ်ိဳ႕က အမ်ိဳးအိမ္ေတြမွာအိပ္မယ္။ တစ္ခ်ိဳ႕က အသင္းေတာ္ခန္းမေတြမွာ အိပ္ဖို႔စီစဥ္ထားၾကတယ္” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်