ပူတင်နှင့် ရှီကျင့်ဖျင်လာမယ့် အောက်တိုဘာလတွင် ထပ်မံတွေ့ဆုံမည်

ရုရှားသမ္မတပူတင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ဟာ လာမယ့် အောက်တိုဘာလတွင် ပေကျင်းမြို့၌ ထပ်မံတွေ့ဆုံအုံးမည်ဟု ရုရှားအစိုးရက အင်္ဂါနေ့တွင် တရားဝင် ထုတ်ပြန်ထားပါတယ်။

ပူတင်အတွက်တော့ ဒါဟာ ယူကရိန်းနိုင်ငံက ကလေးများကို ပြည်နှင်ဒဏ်ပေးခဲ့သောကြောင့် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ပထမဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။ ပူတင်နဲ့ နီးကပ်သော ဆက်ဆံရေးရှိတဲ့ နီကိုလိုင်ပါထရူးရှက်ရဲ့ ပြောဆိုချက်အရ တရုတ်နှင့် ရုရှားဟာ အနောက်နိုင်ငံများရဲ့ ရန်လိုမှုအကြား နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုင်းအောင် တည်ဆောက်သင့်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လတွင် မော်စကိုမြို့ကို သွားရောက်လည်ပတ်ခဲ့တဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ပူတင်ဟာ ပေကျင်းတွင် ကျင်းပပြုလုပ်မယ့် Belt and Road Forum ကို တက်ရောက်မှာဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်းကို ဝင်ရောက်ကျူးကျော်ပြီးနောက် မော်စကိုနှင့် အနောက်နိုင်ငံများအကြား တင်းမာမှုဟာ ၁၉၆၂ ကျူဘားဒုံးကျည်အရေးပြီးနောက် အဆိုးရွားဆုံးအဆင့်သို့ ရောက်လာခဲ့ပါတယ်။

ဒါကြောင့် ရုရှားဟာ တရုတ်ကို အားကိုးလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရှီကျင့်ဖျင်ကလည်း ပူတင်နဲ့အတူ ရပ်တည်ခဲ့ပါတယ်။ ရုရှား၏ ကျူးကျော်စစ်အပြီးမှာတော့ တရုတ်-ရုရှားနှစ်နိုင်ငံအကြားက ကုန်သွယ်ရေးဟာ တစ်ဟုန်ထိုးတိုးလာခဲ့ပြီး ရုရှားကတော့ အနောက်နိုင်ငံများထံ ရောင်းလို့မရတော့တဲ့ ရေနံများကို တရုတ်ထံ ပြောင်းလဲရောင်းချခဲ့ပါတယ်။

ပူတင်ကတော့ နောက်ဆုံး ပေကျင်းသို့ လည်ပတ်ခဲ့တာကတော့ ၂၀၂၂ ဖေဖော်ဝါရီလတွင် သွားရောက်ခဲ့ပါတယ်။ အဲ့ဒီချိန်တုန်းကတော့ ရှီကျင့်ဖျင်က နှစ်နိုင်ငံချစ်ကြည်ရေးဟာ အကန့်အသတ်မရှိဘူးလို့ ပြောပါတယ်။ မော်စကိုရဲ့ ပြောဆိုချက်အရ စစ်ရေးအရ ပူးပေါင်းမှုကို မဆိုလိုဘူးလို့တော့ ပြောပါတယ်။ တရုတ်နှင့် ရုရှားအကြားက ကုန်သွယ်ရေးဟာ ယခုနှစ် နှစ်ဝက်အတွင်းမှာပဲ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ တိုးလာမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်