ဖလမ်းနဲ့ဟားခါးကြားတွင် ကုန်တင်ကားတစ်စီးချောက်ထဲကျပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ဖလမ်းမြို့ နဲ့ ဟားခါးမြို့ကြား ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာအကျော်တွင် ဒီမနက် (၃)နာရီခန့်က (၁၂)ဘီး ကုန်တင်ကားတစ်စီးဟာ လမ်းဘေးချောက်ထဲသို့ထိုးကျပြီး ယာဉ်မောင်းသေဆုံးကာ၊ ယာဉ်နောက်လိုက်ဒဏ်ရာရရှိသွားတယ်လို့သတင်းရရှိပါတယ်။

ယင်းကုန်တင်ကားဟာ မနေ့ညနေပိုင်းက ကလေးမြို့ကနေ ချင်းတောင်ကိုတက်လာတာဖြစ်ပါတယ်။ ကုန်တင်ကားဟာ ဟားခါးမြို့ ဆက်သွယ်ရေးရုံးဝန်ထမ်း ဦးဇန်စွမ်မန် နဲ့ ဒေါ်အီရန်တို့ရဲ့ ကားဖြစ်ပါတယ်။

ချင်းပြည်နယ် ထွေအုပ်ရုံး ဝန်ထမ်း ဦးထန်ဇာခွာလ်က “ကားပေါ်မှာ ကားဆရာနဲ့ သူ့နောက်လိုက်ပဲပါလာတယ်။ ကားဆရာက သူ့နောက်လိုက်ကို အနောက်ဘက်မှာအိပ်လိုက်ပါပြောလို့ သူလည်းသွားအိပ်တယ်။ ယာဉ်နောက်လိုက်က ကားကျပြီးမှပဲသိတော့ သူကတစ်ဆင့်ဖုန်းဆက်လို့ကားကျမှန်းသိကြတာ။ မဟုတ်ရင် လမ်းပေါ်ကနေ သူတို့ကားကျတဲ့နေရာက မြင်လို့မရဘူး။ ကားဆရာအလောင်းက ဒီမနက် (၁၀)နာရီမှာ ဟားခါးကနေ ကလေးမြို့ကို ပို့လိုက်ပြီ။ နောက်လိုက်ကတော့ ဟားခါးဆေးရုံမှာကုသနေတုန်း။ သူကတော့ ခေါင်းမှာထိတယ်။ ဒီမနက်လည်း ထမင်းစားနိုင်တော့ သိပ်စိုးရိမ်စရာမရှိဘူးလို့ထင်တာပဲ။ ယာဉ်မောင်းကတော့ နောက်စေ့ကွဲသွားတယ်။ ပြီးတော့ ခြေထောက် နှစ်ဘက်စလုံးကျိုးတာတွေ့ရတယ်။ ကားက လမ်းအောက် ပေ ၂၀၀ အနက်မှာကျသွားတယ်။ ယာဉ်နောက်လိုက်ကလည်း ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတာမပြောနိုင်ဘူး။ ကျနော်တို့ထင်တာကတော့ မနက်ပိုင်းလူတွေအိပ်ချင်တဲ့ချိန်ဖြစ်တော့ အိပ်ငိုက်သွားလို့ဖြစ်မယ်ထင်တယ်” လို့ပြောပါတယ်။

သေဆုံးသူဟာ ကလေးမြို့ တပ်ဦးရပ်ကွက်နေ ဦးခိုင်ထောထန် (Pa Khai Thawn Thang) ၂၅ နှစ်ဖြစ်ပြီး ကလေး ၂ ယောက်ရဲ့ ဖခင်ဖြစ်ပါတယ်။ ယာဉ်နောက်လိုက်ကတော့ ကလေးမြို့နေ ကိုပုမ်ရှန်းမုန် (Pum Sian Mung) ၂၂ နှစ်ဖြစ်ပါတယ်။

ယင်းကုန်တင်ကားဟာ ဦးဇန်စွမ်မန် နဲ့ ဒေါ်အီရန်တို့ရဲ့တစ်ဦးတည်းသောသားက ဖခင်သေဆုံးပြီးနောက် မိခင်အတွက်အဆင်ပြေစေဖို့ မလေးရှားကနေ ဝယ်ပေးတာ (၂)နှစ်လောက်ပဲကြာပါသေးတယ်။

နောက်ဆုံးရသတင်းများ

ဘူးသီးတောင်မြို့နယ်မှာ မြိုအမျိုးသားနှစ်ဦး တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေ

၁၇၊ မလေ၊ ၂၀၂၄ Zalen ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာအမျိုးသား တစ်ဦးဆီ အပ်နှံထားတဲ့ နွားတွေကို သွားကြည့်တဲ့ မြိုအမျိုးသား နှစ်ဦး တစ်ပတ်ကျော်ထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံဆီက သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ...

ဆက်ဖတ်ရန်