ဖလမ်းမြို့တွင် ဓာတ်ဆီဈေးနူန်းပြန်မကျနိုင်သေး၊ တန်ဆာခကြောင့် ကုန်ဈေးနူန်များ ဆက်လက်မြင့်တက်

စက်တင်ဘာ ၅ ၊ ၂၀၂၃

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အရင်လို ကလေးမြို့ကနေ ဓာတ်ဆီမှာလို့မရတာကြောင့် ဟားခါးမှ တဆင့်လှောင်စာဆီ များကို မှာ ယူပြီး ပြန်လည်ရောင်းချနေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ပထမ အပတ်တွင် စကခ ၏စစ်ကြောင်းကြောင့် ကလေးဝ-မဟာမြိုင် လမ်းမကြီး ယာယီ ပိတ်ထားခဲ့ရပြီး မန်းလေး ကားများ ကလေးသို့ အဝင်မရှိတော့တဲ့နောက်ပိုင်း မန်းလေး ကားများ ဂန်ဂေါ် -ဟားခါး လမ်းကိုသာ အသုံးပြုခဲ့ကြပြီး လှောင်စာ ဆီဈေးနူန်းများ ဈေးတက်သွားခဲ့တယ်လို့ သိရပါတယ်။

 “ဟားခါး ကနေ ဆီ တွေ တဆင့်ပြန်မှာရတယ် အရင်က ဈေးတွေ မတက်ခင် ကျတော်တို့ က‌ေလးဖက်က ယူတဲ့ ဓာတ်ဆီ တစ်ဂါလံကို ၁၄၀၀၀နဲ့‌ေရာင်းချနိုင်တယ်။ အခု ဟားခါးကနေ တဆင့်ပြန်မှာယူပြီး ဓာတ်ဆီတစ်ဂါလံကို ၁၆၅၀၀ နဲ့ ပြန်ရောင်းတယ်။ တချို့ ဆိုင်တွေဆို ၁၈၀၀၀၊ ၂၀၀၀၀နဲ့ရောင်းချရတဲ့အထိ တောင် ဖြစ်သွားတယ်” လို့ မြို့ခံ လှောင်စာဆီရောင်းသူ တစ်ဦးမှပြောပါတယ်။

ဩဂုတ် လကုန်ပိုင်းလောက်ကစပြီး ကလေးဝ-မဟာမြိုင် လမ်းမကြီး ပုံမှန် အသုံးပြုလို့ရသော်လည်း မိုးရာသီ လမ်းဆိုးရွားတဲ့အခြေအနေကြောင့် ကားများ ထင်သလောက်ခရီးမတွင်ပဲ လမ်းဆိုးရွားမူကြောင့် လယ်ထွန်စက်၊ JCB စက်ကြီး အကူညီတွေနဲ့ လမ်းကို အသုံးပြုနေတယ်လို့လဲ သိရပါတယ်။

“ကလေးမှာ ဆီဈေး ပိုကြီးနေတယ်။ ဓာတ်ဆီဆိုရင် တစ်ဂါလံ ၁၆၅၀၀ ဒီဇယ် ဆိုရင် တစ်ဂါလံ ၁၇၀၀၀ ပေးနေရတယ် ဟားခါးဖက်က ဆီ ပြန်မှာယူတာ ပိုအဆင်ပြေတယ်လို့ ” ယာဉ်မောင်းမြို့ခံတစ်ဉီးမှာပြောပါတယ်။

ဆီဈေးနူန်းတွေ ပုံမှန် မကျနိုင်သေးသောကြောင့် ကလေးဖက်က ကုန်‌ဈေးနူန်းတွေကြောင့် တောင်ပေါ်ဒေသတွေမှာ ကုန်ဈေးနူန်းတွေ မြင့်တက်လို့လာခဲ့ပါတယ်။

 အဓိက စားကုန် ဆန် ၊ဆီ၊ပဲ စတဲ့ ကုန်စုံဆိုင်ဖွင့်သူ တစ်ဦးမှလဲ “ ဆန် တစ်အိတ်ကို အရင်က ၁၂၅၀၀၀ နဲ့ရောင်းချနိုင်သေးတယ်။ အခု တစ်သိန်းခွဲနဲ့ရောင်းမှ အဆင်ပြေတော့တယ်။ ဂျုံဈေး နို့ဆီတွေအစ ဈေးတွေ တက်ကုန်တော့ လက်ဖက်ရည် တစ်ခွက် ၁၀၀၀ရောင်းတဲ့ ဆိုင်ရှိသလို ၇၀၀ နဲ့ရောင်းတဲ့ဆိုင်တွေလဲ ရှိလာပြီ။ ဆီကြော်မုန့် တစ်ခုကို အရင် ၅၀၀ ကနေ အခု ၇၀၀ ဖြစ်နေပြီလေ။ သားသမီး အိမ်ထောင်စု‌ဝင်များတဲ့အိမ်ဆို ဘယ်လွယ်မလဲ ”ဆိုပြီး ရင်ဖွင့်လာပါတယ်။

ကလေးမြို့နယ် အင်ကြင်းခုံ၊ သာယာကုန်း၊ လက်ပံချောင်းစတဲ့ စပါးထွက်တဲ့ဒေသတွေမှာလည်း ဆန်ကို အရင်လောက် ကလေးမြို့ပေါ်ကို ပို့ဖို့မရှိဘူးလို့သိရပါတယ်။ ဒေသစိုက် ဆန်စပါးတွေကို ၁၂ဘီးကားတွေနဲ့ ရှိသမျှ လာဝယ်သွားတာမျိူး တွေကြောင့် ကလေးမြို့ေပါ်တွင်လည်း ဆန်ကို လိုသလောက် မှာယူလို့ အဆင်မပြေဘူးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်