ဖလမ်းမြို့ပြန်လည်ပတ်ဖို့ ဝန်ထမ်းတရာကျော်ဝင်လာပေမယ့် စစ်ဘေးရှောင်ဒေသခံတွေကတော့ မပြန်ရဲသေးဘူးလို့ဆို

မေ ၇၊ ၂၀၂၆

Zalen

Zalen ad

ဖလမ်းမြို့ အစိုးရအုပ်ချုပ်မှုယန္တရားပြန်လည် လည်ပတ်နိုင်ဖို့ ပထမသုတ်ဝန်ထမ်းအင်အား ၁၀၀ကျော်နဲ့ သင်းအုပ်ဆရာတော်အချို့တို့ဟာ ဖလမ်းမြို့သို့ ယမန်နေ့ ညနေပိုင်းမှာ အဆင်ပြေပြေရောက်ရှိခဲ့ကြောင်း စစ်ကောင်စီရဲ့ MRTV မှ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒေသခံ ငြိမ်ချမ်းရေးနဲ့ပြန်လည်ထူထောင်​ရေးကော်မတီမှလည်း ပြန်လည်ဝင်ရောက်လာတဲ့ ဝန်ထမ်းတွေကို နှောင့်ယှက်ဟန့်တာတာမျိုးမပြုလုပ်ရန်၊ Non-cdm နဲ့ CDM ကြား ပဋိပက္ခမဖြစ်ပဲနေထိုင်ကြရန်နဲ့ အချင်းချင်း အပြစ်မတင်ပဲ နေထိုင်ကြဖို့ကို မေ ၄ရက်က တိုက်တွန်းနှိုးဆော်ထားပါတယ်။

အဆိုပါအကြောင်းအရာများနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့မီဒီယာက ပြည်သူများကကြိုဆိုသည်ဆိုသည့်ကိစ္စတွင် “ လက်ရှိမှာတော့  ပြည်သူဆိုတာ အရပ်သားပေါ့နော် မပြန်ကြသေးပါဘူး ခုပြန်တဲ့သူတွေက ဝန်ထမ်း Non-cdm တွေပါ သင်းအုပ်ဆရာတော်လောက်ပဲ အရပ်သားပါမှာပါ လို့”ဒေသခံတဦးမှ Zalen သို့ပြောပါတယ်။

အလားတူ ဒေသခံတဦးမှလည်း “ ခုချိန်က ကျောင်းဖွင့်ချိန်နီးပြီမို့ ကလေးပညာရေးတွက် မပြန်ဖြစ်သေးတဲ့သူတွေများမှာပါ တချို့ကလည်း ရောက်တဲ့နေရာမှာ စီးပွါးရေးတွေ အထိုင်ကျနေပြီဆိုတော့ ချက်ချင်း ဝုန်းဒိုင်းတော်ရုံဘယ်သူမှ မပြန်နိုင်ကြသေးပါဘူး” လို့ ဆိုပါတယ်။

CDM ဝန်ထမ်းတဦးမှလည်း “ အချိန်တွေကြာပြီးဆုံးရှုံးအနစ်နာခံခဲ့ရပြီး အရာမထင်ခဲ့တဲ့ တော်လှန်ရေးကြီးကို အားမရကြောင်းနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲရက်စက်မှုကြောင့် အိုးအိမ်ပျက်စီးပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေ အသက်ပေးခဲ့ရတဲ့တော်လှန်ရေးဘက်ကရဲဘော်တွေကို အားနာမိပြီး စိတ်မကောင်းဖြစ်ရတယ် ဘုရားက မျက်နှာလိုက်တယ်လို့ “ရင်နင့်ဖွယ် ဆိုလာပါတယ်။

ဒေသခံအမျိုးသားတဦးမှလည်း “ ပြန်မယ်ဆိုတာကတော့ပျော်ပါတယ် ဒါမဲ့ မအလတွေက အရင်လည်း မြို့ထဲပစ်ခတ်ကြရင် သူတို့ ငါတို့ပြည်သူဘာညာဂရုမစိုက်ဘူး တလရရဲဘော်တွေကတာ ညာတာပြီး ရှောင်ပေးကြတာ အဲ့မအလတွေက ရမ်းသန်းပစ်တာတွေရှိတာမို့ ငါတော့မပြန်ရဲသေးဘူးဟေ့ ပြီးတော့ အဲ့မအလတွေ ပြည်သူကိုတကယ် ကြည့်တယ်ဆိုရင် မြို့ထဲကိုဘာလို့ဗုံးကြဲနေတာလည်း အိမ်တွေအရမ်းပျက်စီး သွားပြီလေလို့ “ဆိုပါတယ်။

လက်ရှိမှာ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း-ဟားခါးလမ်းပိုင်းက Țaal ကျေးရွာအတွင်း ဝင်ရောက်လာတဲ့ ရန်သူတပ်အင်အား ၁၅၀ ခန့်ဟာ Laikua ဘက်သို့ ဆက်လက်ဦးတည်သွားနေပြီး Laikua မှတဆင့် Lairal ၊ Tio နှင့် Rihkhawdar ဘက်သို့ ဆက်လက်လှုပ်ရှားနိုင်သည့်အပြင် Falam မှ Tibual နှင့် Rihkhawdar ဘက်သို့ စစ်ကြောင်းဆက်လက်ရွှေ့ရန် စီစဉ်နေတဲ့ သတင်းများလည်း ထွက်ပေါ်လျက်ရှိနေပါတယ်။

ချင်းပူးပေါင်းတော်လှန်ရေးရေးတပ်ဖွဲ့တွေ၊ ကလေး-သိုင်းငင်းလမ်း၊ သိုင်းငင်း-တီးတိန်လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မေ ၅ရက်နေ့ကလည်း ကလေး-သိုင်းငင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ချင်းတော်လှန်ရေးတပ် CDF CDM Siyin က  မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးခဲ့တာတွေရှိခဲ့ပါတယ်။

Mai

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်မှ လေကြောင်းမှ ဗုံးကြဲချမှုကြောင့် ဖလမ်းမြို့နဲ့ မြို့နယ်ကျေးရွာအချို့ မှ ဘုရားကျောင်း၊ ဆေးရုံ၊ အရပ်သားပြည်သူ့နေအိမ်၊ အစိုးရအဆောက်အဦးပျက်စီးနေတဲ့ ပုံများ။

#Falam#ဖလမ်းမြို့#ပြည်သူ့စကားသံ#Zalen

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့ကို သိမ်းဖို့လာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ် စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ပိတ်မိနေ

မေ ၁၆၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ဖို့ အရပ်မျက်နှာ သုံးဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ ညှပ်တိုက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းခုလတ်တွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားကာ ရှေ့ဆက်မတိုးနိုင်ဘဲ ...

ဆက်ဖတ်ရန်