ဖားကန့်မြေပြိုမှုတွင် ချင်းလူမျိုး (၅)ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ဖားကန့် မြို့နယ် ဝှေခါကျေးရွာတွင် လုပ်ကွက်ဟောင်းတွင် မြေပြိုမှုကြောင့် လူ (၁၆၀)ကျော်သေဆုံးတဲ့ထဲတွင် ချင်းတိုင်းရင်းသား (၅)ဦးလည်းပါဝင်တယ်လို့ သတင်းရရှိပါတယ်။

ဖားကန့်မြို့နယ် ချင်းရိုးရာယဉ်ကျေးမှုကော်မတီ ဒု-ဥက္ကဥ ဦးပါထန်းက “ဇူလိုင် (၁)ရက် ညနေ (၄)နာရီလောက်မှာ တစ်ခေါက်မြေပြိုသွားတယ်။ အဲ့ဒီမှာ ဟားခါးသား တစ်ယောက်သေသွားတယ်။ အလောင်းကိုလည်း ချက်ချင်း ဟားခါးကိုပို့လိုက်တယ်။ ဇူလိုင် (၂)ရက်နေ့ မနက် (၈)နာရီမှာ ထပ်ပြိုတဲ့ထဲမှာ ချင်းတိုင်းရင်းသား (၄)ယောက်သေသွားတယ်။ အသက် (၂၃)နှစ်အရွယ် မတူပီသား နဲ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ချင်းတစ်ယောက်တော့ ခုထိအလောင်းမပေါ်သေးဘူး။ အလောင်းရတာက ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က Sumtu ချင်းတစ်ယောက်ရယ်၊ မြို တစ်ယောက်ရယ် သူတို့အလောင်းတွေတော့ ဝှေခါမှာပဲ မိသားစုတွေရဲ့ ဆန္ဒအရမြေမြုပ်သဂြိုလ်လိုက်ပြီ။ ကျန်တဲ့ မြိုတိုင်းရင်းသားတစ်ယောက်တော့ ဒဏ်ရာရလို့ ဆေးရုံမှာဆေးကုနေတယ်” လို့ပြောပါတယ်။

ဖားကန့်မြို့နယ် ချင်းရိုးရာယဉ်ကျေးမှုကော်မတီထံမှတ်ပုံတင်ထားတဲ့ ချင်းလူမျိုး ၄၈၀၀ ရှိပြီး စာရင်းမပေးသွင်းတဲ့ ချင်းတိုင်းရင်းသား လေးထောင်ကျော်ရှိပါသေးတယ်လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

အာရက္ခတပ်တော်(AA)ထံ စစ်မှုမထမ်းလိုတဲ့ ပလက်ဝမြို့နယ်က ဒေသခံ အယောက် ၄၀ ကျော် မီဇိုရမ်ဘက် ထွက်ပြေး

၁၊ မေ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်(AA) ရဲ့ လူသစ်စုဆောင်းမှုကြောင့် ဒေသခံပြည်သူ အယောက် ၄၀ ကျော်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံဆီက သိရပါတယ်။ ပလက်မြို့နယ် မီးဇာရွာမှာ ...

ဆက်ဖတ်ရန်