ဘုရားကျောင်းထဲမှာ ရက်သားအရွယ်ကလေးတစ်ယောက် လာရောက်စွန့်ပစ်

ဘုရားကျောင်းထဲမှာ ရက်သားအရွယ်ကလေးတစ်ယောက် လာရောက်စွန့်ပစ်

တီးတိန်မြို့ Lawibual ရပ်ကွက် Lawibual နှစ်ခြင်းဘုရားကျောင်းထဲမှာ ရက်သားအရွယ်ကလေးတစ်ယောက် လာရောက်စွန့်ပစ်ထားတာကို မနက်ပိုင်းဘုရားကျောင်းမှာဆုတောင်းတဲ့အမျိုးသမီး တစ်ဦးက တွေ့ရှိကြောင်း သတင်းရရှိပါတယ်။

Lawibual ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝုန်ကျင်က “ဒီမနက် ၅ နာရီလောက်က ဘုရားကျောင်းမှာ ဆုလာတောင်းတဲ့ အမျိုးသမီးက ဘုရားပုလ္လုင်ပေါ်မှာ ကလေးတစ်ယောက်တွေ့တယ်။ ကြည့်ရတာ ကလေးက မွေးထားတာ ၂ ရက် ၃ ရက်လောက်ပဲကြာအုံးမယ်။ ကလေးကို စောင်အထူကြီးနဲ့လည်းမပတ်ထားဘူး။ အနှီးပုံစံနဲ့ပဲပတ်ထားတယ်။ ဒီအကြောင်းကို သိတဲ့ မြို့ထဲက ကလေးမမွေးနိုင်တဲ့လင်မယားက ရင်သွေးသမီးအဖြစ်စောင့်ရှောက်မယ်လို့ ဘာသာရေးခေါင်းဆောင်တွေရှေ့မှာတောင်းတာကြောင့် သူတို့ကမွေးထားလိုက်ပြီ။ သူတို့လင်မယားက အတူတူပေါင်းသင်းလာတာ ၁၀ နှစ်ကျော်ပြီ။ ကလေးတော့မရနိုင်ဘူး။ ကလေးလိုချင်လွန်းလို့ မန္တလေးထိ ကလေးမွေးစားဖို့ရှာကြတယ်။ ဒါပေမယ့်မတွေ့ဘူး” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်