မင်းတပ်မြို့မှာ တောင်ယာသွားဖို့ ဓားပလိုင်းကိုင်ဆောင်သူ ငါးဦးဖမ်းဆီးခံရ

မင်းတပ်မြို့မှာ တောင်ယာသွားဖို့ ဓားပလိုင်းကိုင်ဆောင်သူ ငါးဦးဖမ်းဆီးခံရ

မင်းတပ်မြို့ အရှေ့ပြင်စုပေါင်းဂိတ်ကတွင် ဒီမနက် ဌာနဆိုင်ရာ စုပေါင်းအဖွဲ့က စစ်ဆေးပြီး တောင်ယာသွားဖို့ ဓားပလိုင်း ကိုင်ဆောင်သူ ၅ ဦး ဖမ်းဆီးသွားတယ်လို့သတင်းရရှိပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၃)ရက်နေ့စွဲနဲ့ မင်းတပ်မြို့ထဲမှာ တရားဥပဒေစိုးရေး၊ ရပ်ရွာအေးချမ်းရေးနဲ့တည်ငြိမ်ရေးအတွက် ဓား၊ လုံ၊ လေး၊ မြှား၊ တူမီးသေနတ်ကိုင်ဆောင်ခွင့်ကို ဇန်နဝါရီလ(၃)ရက်ကစပြီး ပိတ်ပင်ထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ထုတ်ပြန်ထားပါတယ်။

ယင်းဒေသန္တရအမိန့်ထုတ်ပြန်ချက်ထဲတွင် ဘာသာရေးနဲ့ ရိုးရာပွဲလမ်းသဘင်များတွင်ခွင့်ပြုချက်ဖြင့်သာကိုယ်ဆောင်ခွင့်ရှိပြီး စည်းကမ်းမဲ့ လက်နက်ကိုင်ဆောင်သွားလာရင် ၁၉၄၈ ခုနှစ်၊ ချင်းဝိသေသတိုင်းအက်ဥပဒေ ပုဒ်မ ၃၄(၆)ဖြင့်အရေးယူမယ်လို့ထပ်မံဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတပ်မြို့နယ် ရဲမှူး မျိုးညီညီက “ဘာကြောင့်ဖမ်းဆီးတာလဲဆိုရင် ငါတို့က ၁၈၈ ထုတ်ပြီးသားလေ။ ဓားပလိုင်းမကိုင်ရဘူးလို့ထုတ်တယ်။ ဒီဥပဒေ ထုတ်ပြီးသားကို မလိုက်နာလို့ဖမ်းဆီးတာ။ ဓားပလိုင်းကော ကိုင်ဆောင်တဲ့လူကိုကောဖမ်းတယ်။ တောင်ယာကိုသွားတယ်လို့ဆိုရင်လည်း အကုန်လုံးကတောင်ယာကိုသွားတယ်လို့ပြောကြမှာပဲ။ ဓားပလိုင်းမကိုင်ရဘူးဆိုရင် မကိုင်ရဘူးပေါ့။ ချင်းအက်ဥပဒေ ပုဒ်မ ၃၄(၆)နဲ့ အမှုဆွဲမယ်။ အရင်ကလည်း ဒဏ်ငွေလောက်နဲ့ပြီးသွားတာပါပဲ။ ဖမ်းဆီးဖို့က ငါတို့တာဝန်လေ။ ဆက်ပြီးတော့လည်းဖမ်းအုံးမယ်” လို့ပြောပါတယ်။

မင်းတပ်မြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဆလိုင်းမာန်အွမ်က “ဒါက ပထမအကြိမ်တော့မဟုတ်ဘူး။ အရင်ကလည်း ဖမ်းတယ်လို့သတင်းတော့ကြားတယ်။ ဘယ်နယောက်ဖမ်းလဲဆိုတာတော့ ကောင်းကောင်းမသိရဘူးပေါ့။ ဒီမနက် ဟားခါးကိုသွားမယ့်လမ်း မြို့အဝင်စုပေါင်းဂိတ်မှာ ရဲ၊ ယာဉ်ထိန်း၊ ထွေအုပ်၊ လ.ဝ.က၊ သစ်တော ဌာနတွေပေါင်းပြီးတော့ စစ်ဆေးနေတာတွေ့ရတယ်။ အဲ့ဒီဂိတ်က မြို့နဲ့လည်းအလှမ်းဝေးတယ်။ စည်ပင်ဧရိယာလည်းမဟုတ်ဘူး။ သစ်တောဧရိယာကနေ ပလစ်ဖို့အမှုတွဲတင်နေတုန်းပဲဖြစ်တယ်။ ဒီဥပဒေထုတ်ရခြင်းရဲ့ရည်ရွယ်ချက်က လူထုလုံခြုံရေးအတွက် ရဲက လူအင်အားမလောက်လို့ သောက်စားရမ်းကားပြီး ဓားပလိုင်းလွယ်ပြီး စည်းမဲ့ကမ်းမဲ့မဖြစ်အောင် လုပ်တာပါ။ ဒီဥပဒေက ချွင်းချက်အနေနဲ့ ပွဲတွေ၊ နာရေးတွေ၊ တောင်ယာခုတ်ဖို့သွားတဲ့သူတွေ ဓားပလိုင်းကိုင်လို့ရတယ်ဆိုတာ သဘောတူထားတယ်။ အခုတော့ အဲဒီဥပဒေက လူထုလုံခြုံရေးတွက်မဟုတ်တော့ပဲ လူထုကို ညှင်းပန်းနှိပ်စက်တဲ့သဘောဖြစ်နေတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်