မင်းတပ်မြို့နယ်ပြည်သူအချို့ ရိက္ခာမရှိတော့တာကြောင့် ပြောင်းဖူးဘဲစားနေရဟုဆို

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ဆန်၊ ဆေးဝါးတင်ပို့ခွင့်ကို စစ်ကောင်စီကပိတ်ပင်ထားတာကြောင့် ဆန်မရှိတော့လို့ ပြည်သူအချို့က ပြောင်းဖူးဘဲ စားနေကြတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှသတင်းရရှိပါတယ်။

မင်းတပ်မြို့ပေါ်ကပြည်သူတွေဟာ မေလ ၁၅ ရက်ကစပြီးအိုးအိမ်တွေစွန့်ကာ တောရွာထဲသို့ဘေးလွတ်ရာရှောင်ပြေးကြပါတယ်။ မင်းတပ်မြို့နယ်မှာ လူဦးရေ ၃ သောင်းလောက်ရှိပြီး စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွင် လက်ရှိဆန်အိတ် ၈၀ ခန့်သာကျန်တော့တယ်လို့သိရပါတယ်။

စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ပြည်သူတွေက ပိုက်ဆံရှိရင်လည်း ဆန်ဝယ်စရာမရှိတော့ဘူး။ ခုလည်း စျေးဘယ်လောက်ပဲရှိရှိဝယ်မယ်လို့ ပြောကြပေမယ့် ကျနော်တို့မှာ ရောင်းစရာမရှိတော့ဘူး။ အရင်က တောလမ်းကနေ အောက်ပြည်ဘက်ကပို့လာကြပေမယ့် အခုတောလမ်းလည်း မိုးရာသီကြောင့် မြေပြိုလို့ပျက်ဆီးကုန်ပြီ။ အောက်ပြည်ကဆန်လာပို့တဲ့ပွဲစားကို လည်းဒလန်သတင်းပေးကြောင့် စစ်ကောင်စီတွေသိလို့ သွားခြိမ်းခြောက်တော့မပို့ရဲကြဘူး။ ပြီးတော့ သြဂုတ် ၂၀ ရက်နဲ့ ၃၀ ကြားမှာ စစ်ကောင်စီတပ်ကထိုးစစ်ဆင်တော့ အဲ့မှာကျနော်တို့ဆန်သိုလှောင်ထားတဲ့ အိတ် ၃၀၀ လောက် အိတ်ကိုဓားနဲ့ခွဲ၊ ဓာတ်ဆီလောင်းပြီးတော့ဖျက်ဆီးကြတယ်။ အိမ်မှာရှိတဲ့ဆန်တွေလည်း အဲ့လိုအကုန်လုပ်တာ။ အချို့ဆိုရင် အခုပြောင်းဖူးဘဲစားနေကြပြီ။ နောက် တစ်လလောက်ဆို ငတ်တော့မယ်။ ဆေးဝါးတွေလည်း သယ်ယူခွင့်မပေးဘူး။ ဒါကြောင့် ကလေး၊ သက်ကြီးရွယ်အို၊ လူလတ်ပိုင်းသေဆုံးတာ ၃၀ လောက်ရှိပြီ။ ဒါက လူ့အခွင့်အရေးကိုချိုးဖောက်တာပဲ။ အရင် UNHCR ကထောက်ပံ့ရေးလာပို့တာလည်း မြို့ပေါ်က ပြည်သူအချို့ပဲရတယ်။ တကယ်လိုအပ်တဲ့တောရွာဘက်ကလူတွေမရဘူး” လို့ပြောပါတယ်။

အဟာရချို့တဲ့လို့ ၁၀ နှစ်အောက်ကလေးငယ် ၁၅ ယောက်လောက်သေဆုံးပြီး ဆေးဝါးမကုသနိုင်လို့ သက်ကြီးပိုင်း ၆၀ နှစ်အထက် ၁၀ ယောက်ခန့်၊ ၁၅ နှစ်အောက်နဲ့ လူလတ်ပိုင်း ၅ ယောက်ကျော်သေဆုံးကြပါပြီ။

မင်းတပ်မြို့ထဲမှာ ပစ်ခတ်မှုတွေဖြစ်ပွားတာကြောင့် စက်တင်ဘာ ၂၇ ရက်ကနေမြို့ပြင်ကိုထွက်ပြေးကြရာ ယနေ့စက်တင်ဘာ ၂၉ ရက်ကစပြီး မင်းတပ်မြို့ပြင်ထွက်လို့မရအောင် စစ်ကောင်စီတွေကပိတ်ပင်ထားတယ်လို့လည်းသတင်းရရှိပါတယ်။

Zawgyi

မင္းတပ္ၿမိဳ႕နယ္ျပည္သူအခ်ဳိ႕ ရိကၡာမရွိေတာ့တာေၾကာင့္ ေျပာင္းဖူးဘဲေနရဟုဆုိ

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္မွာ ဆန္၊ ေဆးဝါးတင္ပို႔ခြင့္ကို စစ္ေကာင္စီကပိတ္ပင္ထားတာေၾကာင့္ ဆန္မရွိေတာ့လို႔ ျပည္သူအခ်ဳိ႕က ေျပာင္းဖူးဘဲ စားေနၾကတယ္လုိ႔ စစ္ေဘးေရွာင္ကူညီေရးအဖြဲ႔ထံမွသတင္းရရွိပါတယ္။

မင္းတပ္ၿမိဳ႕ေပၚကျပည္သူေတြဟာ ေမလ ၁၅ ရက္ကစၿပီးအိုးအိမ္ေတြစြန္႔ကာ ေတာရြာထဲသို႔ေဘးလြတ္ရာေရွာင္ေျပးၾကပါတယ္။ မင္းတပ္ၿမိဳ႕နယ္မွာ လူဦးေရ ၃ ေသာင္းေလာက္ရွိၿပီး စစ္ေဘးေရွာင္ကူညီေရးအဖြဲ႔တြင္ လက္ရွိဆန္အိတ္ ၈၀ ခန္႔သာက်န္ေတာ့တယ္လုိ႔သိရပါတယ္။

စစ္ေဘးေရွာင္ကူညီေရးအဖြဲ႔ တာဝန္ရွိသူတစ္ဦးက “ျပည္သူေတြက ပိုက္ဆံရွိရင္လည္း ဆန္ဝယ္စရာမရွိေတာ့ဘူး။ ခုလည္း ေစ်းဘယ္ေလာက္ပဲရွိရွိဝယ္မယ္လုိ႔ ေျပာၾကေပမယ့္ က်ေနာ္တုိ႔မွာ ေရာင္းစရာမရွိေတာ့ဘူး။ အရင္က ေတာလမ္းကေန ေအာက္ျပည္ဘက္ကပို႔လာၾကေပမယ့္ အခုေတာလမ္းလည္း မိုးရာသီေၾကာင့္ ေျမျပိဳလို႔ပ်က္ဆီးကုန္ၿပီ။ ေအာက္ျပည္ကဆန္လာပို႔တဲ့ပြဲစားကို လည္းဒလန္သတင္းေပးေၾကာင့္ စစ္ေကာင္စီေတြသိလုိ႔ သြားျခိမ္းေျခာက္ေတာ့မပို႔ရဲၾကဘူး။ ၿပီးေတာ့ ၾသဂုတ္ ၂၀ ရက္နဲ႔ ၃၀ ၾကားမွာ စစ္ေကာင္စီတပ္ကထုိးစစ္ဆင္ေတာ့ အဲ့မွာက်ေနာ္တုိ႔ဆန္သိုေလွာင္ထားတဲ့ အိတ္ ၃၀၀ ေလာက္ အိတ္ကိုဓားနဲ႔ခြဲ၊ ဓာတ္ဆီေလာင္းၿပီးေတာ့ဖ်က္ဆီးၾကတယ္။ အိမ္မွာရွိတဲ့ဆန္ေတြလည္း အဲ့လိုအကုန္လုပ္တာ။ အခ်ဳိ႕ဆိုရင္ အခုေျပာင္းဖူးဘဲစားေနၾကၿပီ။ ေနာက္ တစ္လေလာက္ဆို ငတ္ေတာ့မယ္။ ေဆးဝါးေတြလည္း သယ္ယူခြင့္မေပးဘူး။ ဒါေၾကာင့္ ကေလး၊ သက္ၾကီးရြယ္အို၊ လူလတ္ပိုင္းေသဆံုးတာ ၃၀ ေလာက္ရွိၿပီ။ ဒါက လူ႔အခြင့္အေရးကိုခ်ဳိးေဖာက္တာပဲ။ အရင္ UNHCR ကေထာက္ပံ့ေရးလာပို႔တာလည္း ၿမိဳ႕ေပၚက ျပည္သူအခ်ဳိ႕ပဲရတယ္။ တကယ္လုိအပ္တဲ့ေတာရြာဘက္ကလူေတြမရဘူး” လုိ႔ေျပာပါတယ္။

အဟာရခ်ဳိ႕တဲ့လုိ႔ ၁၀ ႏွစ္ေအာက္ကေလးငယ္ ၁၅ ေယာက္ေလာက္ေသဆံုးၿပီး ေဆးဝါးမကုသႏိုင္လို႔ သက္ၾကီးပိုင္း ၆၀ ႏွစ္အထက္ ၁၀ ေယာက္ခန္႔၊ ၁၅ ႏွစ္ေအာက္နဲ႔ လူလတ္ပိုင္း ၅ ေယာက္ေက်ာ္ေသဆံုးၾကပါၿပီ။

မင္းတပ္ၿမိဳ႕ထဲမွာ ပစ္ခတ္မႈေတြျဖစ္ပြားတာေၾကာင့္ စက္တင္ဘာ ၂၇ ရက္ကေနၿမိဳ႕ျပင္ကိုထြက္ေျပးၾကရာ ယေန႔စက္တင္ဘာ ၂၉ ရက္ကစၿပီး မင္းတပ္ၿမိဳ႕ျပင္ထြက္လုိ႔မရေအာင္ စစ္ေကာင္စီေတြကပိတ္ပင္ထားတယ္လုိ႔လည္းသတင္းရရွိပါတယ္။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်၊ မှောင်တလန်ရွာမှာ မီးလောင်မှုဖြစ်ပွားပြီး အိမ် ၄ လုံးပြာကျ

၁၇၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇိုဖေဒေသ ရှိ မှောင်တလန်ရွာမှာ ဒီကနေ့ မေလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃ လုံးနဲ့ ...

ဆက်ဖတ်ရန်