မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းဖြင့် သုံးကြိမ် ဗုံးကြဲပစ်ခတ်

နို၀င်ဘာ ၂၂၊၂၀၂၅

Zalen

ချင်းပြည်နယ် ၊ မင်းတပ်မြို့ နယ်အနောက်ခြမ်း တစ်နေရာကို ယနေ့ နေ့လယ် (၃:၀၀)နာရီ၀န်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေထံမှ သိရပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ မင်းတပ် – မတူပီ လမ်းမပေါ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ သုံး ကြိမ် ဆက်တိုက် ဗုံးကြဲ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု အချို့ရှိတယ်လို့ဆိုပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ ဒေသခံအမျိုးသမီးတစ်ဦးကတော့ ” ၂၂ မိုင်လမ်းခွဲကိုကြဲတာ။ လူနေအိမ် တွေထိလို့ ပျက်စီးတာတွေရှိတယ်။ အိမ်ဘေးနားရပ်ထားတဲ့ ကားလည်းထိတယ်‌ပြောတယ်”လို့ Zalen ကိုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ကနေ ပွိုင့်ဖိုက်တွေနဲ့လည်း ပစ်ခတ်မှု တွေပြုလုပ်တာကြောင့် မင်းတပ် – မတူပီ လမ်းမကြီး အချို့နေရာတွေလည်း ပျက်စီးမှုရှိတယ်လို့ သူမက ဆက်ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက မြို့မရဲစခန်းဟောင်းအနီး ခေါနူးရိပ်သာကို စစ်ကောင်စီကလေကြောင်းကနေ နှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့လို့ စစ်သုံ့ပန်း နှစ်ဦး အပါအဝင် လေး ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သတင်း – မိုးပီအောင်

ဓာတ်ပုံ – HKL

နောက်ဆုံးရသတင်းများ

မြန်မာစစ်ဘေးရှောင်များ ဝင်ရောက်လာမှုအပေါ် မီဇိုရမ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကို CHRO တုံ့ပြန်

ဇူလိုင် ၄၊ ၂၀၂၆Zalen မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေ အများအပြား မီဇိုရမ်ပြည်နယ်ကို ဆက်လက်ဝင်ရောက်လာနေတာဟာ ပြည်နယ်အတွက် ဝန်ထုပ်ဝန်ပိုးတရပ် ဖြစ်လာနေတယ်လို့ မီဇိုရမ်ဝန်ကြီးချုပ် လာလ်ဒုအောမ်မာ (Lalduhoma) က ပြောဆိုခဲ့တဲ့အပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က နေရပ်စွန့်ခွာရမှုတွေ ...

ဆက်ဖတ်ရန်