မဏိပူရ်ပြည်နယ်၊ ကူကီးဒေသမှာ အာဖရိကဝက်ရောဂါ(ASF)တွေ့ရှိ

နိုဝင်ဘာ  ၁၄၊  ၂၀၂၅။

Zalen

အိန္ဒိယနိုင်ငံ၊ မဏိပူရ်၊ ကူကီးဒေသရှိ ဝက်များတွင် အာဖရီကဝက်ရောဂါ (ASF) ကိုတွေ့ရှိခဲ့တယ်လို့ ဒေသသတင်းများဖော်ပြချက်အရသိရပါတယ်။

နိုဝင်ဘာလ ၁၃ရက်နေ့က မဏိပူရ်ပြည်နယ် Churachandpur ခရိုင် Songpi ဒေသမှာ ဝက်များထံမှ တိရစ္ဆာန်နဲ့‌ မွေးမြူရေးဌာက အဲဒီရောဂါကိုစမ်းသပ်ရှာ‌ဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Zalen ad

အခုလို ရောဂါဖြစ်ပွားကူးစက်နေတဲ့ Churachandpur ခရိုင်ကနေ ဝက်နဲ့ဝက်သားများ သယ်ယူပို့ဆောင်ခြင်းနဲ့ ရောင်ဝယ်ဖောက်ကားခြင်းမပြုရန် ပြည်နယ်အာဏာပိုင်များက တားမြစ်ထားတယ်လို့သိရပါတယ်။

ဒါ့အပြင် ဝက်အသေကောင်များကို မြစ်‌၊ ချောင်း၊ အင်း၊ အိုင်၊ ရေမြောင်းများတွင် လွင့်ပစ်ခြင်းမပြုရန်နဲ့ ရောဂါကူးစက်မှု မပျံ့ပွားစေရန် မြေကျင်းနက်နက်တူး၍မြုပ်နှံထားရမယ်လို့ တိရစ္ဆာန်၊ မွေးမြူရေးဌာနက ညွန်ကြားထားပါတယ်။

သတင်းအရင်းအမြစ်တစ်ခုရဲ့အဆိုအရ အခုလို အာဖရိကဝက်ရောဂါ(ASF) တွေ့ရှိခဲ့တဲ့ ဒေသများက ဝက်များကို  (V&AH) ဌာနကတာဝန်ရှိသူများက သတ်ဖြတ်ရှင်းလင်းပြီး အစိုးရက ဝက်မွေးမြူရေးသမားများကို လျော်ကြေးပေးဖို့စီစဉ်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလို ကူးစက်မှုဖြစ်နေတဲ့ အာဖရိကဝက်ရောဂါ (ASF) ဟာ လူကိုကူးစက်မှုနှုန်းအင်မတန်နည်းပြီး အိမ်မွေးဝက်များနဲ့ တောဝက်များတွင် ကူးစက်မှုမြင့်မားပြီး ကာကွယ်ဆေးမရှိတာကြောင့် ဝက်များသေဆုံးနိုင်တဲ့အတွက် ရောဂါထိန်းချူပ်နိုင်ဖို့ဟာ အဓိကထိရောက်မှုဖြစ်တယ်လို့ တိရစ္ဆာန်နဲ့ မွေးမြူရေးဌာန ညွန်ကြားရေးမူးကသတိပေးထားတယ်လို့ သတင်းများအရသိရပါတယ်။

သတင်း – PR

ဓတ်ပုံ – ဒေသသတင်း။

နောက်ဆုံးရသတင်းများ

မြန်မာစစ်ဘေးရှောင်များ ဝင်ရောက်လာမှုအပေါ် မီဇိုရမ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကို CHRO တုံ့ပြန်

ဇူလိုင် ၄၊ ၂၀၂၆Zalen မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေ အများအပြား မီဇိုရမ်ပြည်နယ်ကို ဆက်လက်ဝင်ရောက်လာနေတာဟာ ပြည်နယ်အတွက် ဝန်ထုပ်ဝန်ပိုးတရပ် ဖြစ်လာနေတယ်လို့ မီဇိုရမ်ဝန်ကြီးချုပ် လာလ်ဒုအောမ်မာ (Lalduhoma) က ပြောဆိုခဲ့တဲ့အပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က နေရပ်စွန့်ခွာရမှုတွေ ...

ဆက်ဖတ်ရန်