မတူပီမြို့အနီး ကားတစ်စီးချောက်ထဲကျလို့ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

မတူပီမြို့အနီး ကားတစ်စီးချောက်ထဲကျလို့ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ချင်းပြည်နယ် မတူပီမြို့အနီး ၃ မိုင်အကွာ ပလက်ဝသွားတဲ့လမ်းမှာ ဒီနေ့ ၂ နာရီကျော်တွင် ကျောက်သယ်ကားတစ်စီး ချောက်ထဲထိုးကျလို့ တစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိသွားတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားတဲ့နေရာသို့ သွားရောက်ကူညီခဲ့တဲ့ ချင်းလူငယ်အဖွဲ့အစည်း (မတူပီ)မှအကြံပေး ဆလိုင်းနိုဘိတ်က “ကားမှောက်တဲ့နေရာက အဆင်းကြမ်းသလို လမ်းကွေ့လည်းရှိတယ်။ ကွန်ကရစ်လမ်းလည်ဖြစ်တယ်။ လမ်းရဲ့ ဘယ်ဘက်ချောက်ထဲ ပေ ၄၀၀ လောက်အနက်မှာကျသွားတာ။ ကားက ဆောက်လုပ်ရေးကား။ သေသွားတဲ့သူက လမ်းအလုပ်သမား၊ မင်းလှမြို့နယ်ဘက်ကလို့ကြားတယ်။ အသက် ၄၀ ဝန်းကျင်လောက်ဖြစ်မယ်။ သူက တစ်ကိုယ်လုံးမှာ ဒဏ်ရာရှိတယ်။ အဲ့မှာ အသက် ၆၀ ဝန်းကျင် အမျိုးသမီးတစ်ယောက်လည်းပါတယ်။ သူကတော့ ခြေထောက်မှာဒဏ်ရာရတယ်။ ကားဆရာ ထန်းမော၊ သူက ဘယ်ဘက်လက်ကျိုးသွားတယ်၊ ပြီးတော့ နောက်ကြောမှာလည်း ဒဏ်ရာရတယ်။ ယာဉ်နောက်လိုက်က အသက် ၂၀ လောက်ဖြစ်မယ်။ သူလည်း ဒဏ်ရာနဲ့။ သူတို့အားလုံးက အခု မတူပီပြည်သူ့ဆေးရုံမှာ ဆေးကုသနေကြတယ်။ အခုကားမှောက်တဲ့အနီးမှာ အရင် ၂ လလောက်က ကားတစ်စီး လမ်းပေါ်မှာမှောက်လို့ ကလေးတစ်ယောက်သေဖူးတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

CNA နဲ့ CDF-Lautuအကြား ဖြစ်ပွားတဲ့ပြဿနာထပ်မံ မဖြစ်ပွားရေးခေါင်းဆောင်များတွေ့ဆုံ ဆွေးနွေးသင့်ဟု CDF-Lautu ပြော

ဇွန်၂၂ ၊ ၂၀၂၆Zalen ချင်းပြည်ကောင်စီ (CC) အဖွဲ့ဝင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး CNA နဲ့ CDF-Lautu တို့ကြား ဖြစ်ပွားခဲ့တဲ့ ပြဿနာဟာ ပေါ့သေးသေးကိစ္စမဟုတ်ဘဲ နောက်နောင် အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေရေးအတွက် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ CDF-Lautu ...

ဆက်ဖတ်ရန်