မလေးရှားတွင် ချင်းလူမျိုး မိသားစုတစ်စု ကားတိုက်မိ၍ မိခင်နဲ့ ကလေး နှစ်ယောက်သေဆုံး

မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်မြို့တွင် ဒီမနက် ၈ နာရီတွင် နှစ်သစ်ကူး ဘုရားဝတ်ပြုသွားဖို့ ကားမှတ်တိုင်တွင် ဦးခင်စင်(U Khen Sing)တို့မိသားစု စောင့်နေစဉ် ကားတစ်စီးကဝင်တိုက်သဖြင့် မိခင်နဲ့ ၄ နှစ်အောက် ကလေးနှစ်ဦးသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

မိခင်နဲ့ ကလေး နှစ်ယောက်ကို Serdang ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံတွင် ၎င်းတို့ သားအမိ သုံးယောက်စလုံး ခရစ်တော်၌ အိပ်ပျော်သွားကြပါတယ်။

သေဆုံးသူတွေကတော့ Nu Cing Sian Huai, Thang Sian Sang ( ၄ နှစ် ), Pau Khan Lian (၂ နှစ်) တို့ဖြစ်ပါတယ်။

သဂြိုလ်မယ့်အစီအစဉ်ကို မလေးရှားရောက် မြန်မာကက်သလစ်အဖွဲ့အစည်းများနဲ့ မလေးရှားရောက် ဇိုမီးအဖွဲ့အစည်းတွေက တာဝန်ယူစီစဉ်သွားပါမယ်။

ဦးခင်စင်(U Khen Sing) ကတော့ အခုဆေးရုံမှာ ဆေးကုသမှုခံယူနေဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်