မိုင်အက်စတာ ဒိန်ဆီးမဲန်ရဲ့ ရုပ်အလောင်း ပြန်တွေ့ပြီ

ဧရာဝတီမြစ်အတွင်း ရေချိုးစဉ်ရေနစ်ပြီး (၅)ရက်ကြာ ပျောက်ဆုံးသွားတဲ့ ချင်းကျောင်းသူ မိုင်အက်စတာဒိန်ဆီးမဲန် (၁၈ နှစ်)ကို ဒီနေ့ မွန်းလွဲ (၂)နာရီခန့်မှာ အလောင်းပြန်တွေ့ပြီလို့ ပခုက္ကူ ချင်းကျောင်းသားသမဂ္ဂခေါင်းဆောင်ထံမှသတင်းရရှိပါတယ်။

ချင်းကျောင်းသားသမဂ္ဂ(ပခုက္ကူ) အကြံပေး ဆလိုင်းဗန်ဘီးနှီဆာ က “အလောင်းကဆယ်လို့မရသေးဘူး။ ရဲတွေလာမှပဲအလောင်းယူလို့ရမယ်။ သူရေနစ်တဲ့နေရာနဲ့ အလောင်းပြန်တွေ့တဲ့နေရာက ရေမိုင် နဲ့ ၁၂၊ ၁၃ မိုင်ဝေးတယ်။ ကုန်းမိုင်နဲ့ဆိုတော်တော်ဝေးတယ်။ ချင်းကျောင်းသားတွေက နေ့တိုင်းစက်လှေနဲ့လှည့်နေတာ စက်လှေသမားတွေကို ဖုန်းနံပါတ်နဲ့ လက်ကမ်းစာစောင်တွေဝေတော့ ဒီနေ့ စက်လှေသမားတစ်ယောက်ကတွေ့လို့ ဖုန်းလှမ်းဆက်တာ။ အလောင်းကိုဆယ်ပြီးရင် လုပ်ထုံးလုပ်နည်းအတိုင်း ဆေးရုံကိုသွားမယ်။ တောင်ပေါ်ထိယူလို့ရမလာ၊ ပခုက္ကူမှာပဲ သဂြိုလ်မလာမသိရသေးဘူး။ သူ့အဖေလည်း အခုအလောင်းပြန်တွေ့တဲ့နေရာမှာရှိတယ်” လို့ပြောပါတယ်။

အလောင်းကို ညောင်ဦးမြို့နယ်၊ ဆည်လံကျေးရွာအနောက်ဘက် တွင်ပြန်လည်တွေ့ရှိတာဖြစ်ပါတယ်။

ပခုက္ကူတက္ကသိုလ်တွင်ပညာသင်ကြားနေတဲ့ မိုင်အက်စတာ ဒိန်ဆီးမဲန်ဟာ ဇန်နဝါရီလ (၂၆)ရက်ညနေ (၄)နာရီခန့်တွင် မိန်းကလေးသူငယ်ချင်းတွေနဲ့ ငါ့သရောက်ရေလှောင်တမံအနီး ဧရာဝတီမြစ်ထဲတွင်ရေဆင်းချိုးနေစဉ် ရေနစ်ပျောက်ဆုံးသွားပါတယ်။

၎င်းဟာ ရုက္ခဗေဒဘာသာရပ်ဖြင့် ပညာသင်ယူနေတဲ့ တတိယနှစ်ကျောင်းသူဖြစ်ပါတယ်။ မိုင်အက္စတာ ဒိန်ဆီးမဲန်ဟာ မင်းတပ်မြို့နယ် ကိတ်နားကျေးရွာ ဇာတိဖြစ်ပြီး မတူပီမြို့၊ အနောက်ခိုဘွေရပ်ကွက်တွင် နေထိုင်တဲ့ သင်းအုပ်ဆရာတော် ဦးလောင်းဟွမ်းရဲ့ သမီးဖြစ်ပါတယ်။

(Zawgyi)

မိုင္အက္စတာ ဒိန္ဆီးမဲန္ရဲ႕ ႐ုပ္အေလာင္း ျပန္ေတြ႕ၿပီ

ဧရာဝတီျမစ္အတြင္း ေရခ်ိဳးစဥ္ေရနစ္ၿပီး (၅)ရက္ၾကာ ေပ်ာက္ဆုံးသြားတဲ့ ခ်င္းေက်ာင္းသူ မိုင္အက္စတာဒိန္ဆီးမဲန္ (၁၈ ႏွစ္)ကို ဒီေန႔ မြန္းလြဲ (၂)နာရီခန႔္မွာ အေလာင္းျပန္ေတြ႕ၿပီလို႔ ပခုကၠဴ ခ်င္းေက်ာင္းသားသမဂၢေခါင္းေဆာင္ထံမွသတင္းရရွိပါတယ္။

Photo: Chin Student Union (Pakokku)

ခ်င္းေက်ာင္းသားသမဂၢ(ပခုကၠဴ) အႀကံေပး ဆလိုင္းဗန္ဘီးႏွီဆာ က “အေလာင္းကဆယ္လို႔မရေသးဘူး။ ရဲေတြလာမွပဲအေလာင္းယူလို႔ရမယ္။ သူေရနစ္တဲ့ေနရာနဲ႔ အေလာင္းျပန္ေတြ႕တဲ့ေနရာက ေရမိုင္ နဲ႔ ၁၂၊ ၁၃ မိုင္ေဝးတယ္။ ကုန္းမိုင္နဲ႔ဆိုေတာ္ေတာ္ေဝးတယ္။ ခ်င္းေက်ာင္းသားေတြက ေန႔တိုင္းစက္ေလွနဲ႔လွည့္ေနတာ စက္ေလွသမားေတြကို ဖုန္းနံပါတ္နဲ႔ လက္ကမ္းစာေစာင္ေတြေဝေတာ့ ဒီေန႔ စက္ေလွသမားတစ္ေယာက္ကေတြ႕လို႔ ဖုန္းလွမ္းဆက္တာ။ အေလာင္းကိုဆယ္ၿပီးရင္ လုပ္ထုံးလုပ္နည္းအတိုင္း ေဆး႐ုံကိုသြားမယ္။ ေတာင္ေပၚထိယူလို႔ရမလာ၊ ပခုကၠဴမွာပဲ သၿဂိဳလ္မလာမသိရေသးဘူး။ သူ႔အေဖလည္း အခုအေလာင္းျပန္ေတြ႕တဲ့ေနရာမွာရွိတယ္” လို႔ေျပာပါတယ္။

အေလာင္းကို ေညာင္ဦးၿမိဳ႕နယ္၊ ဆည္လံေက်း႐ြာအေနာက္ဘက္ တြင္ျပန္လည္ေတြ႕ရွိတာျဖစ္ပါတယ္။

ပခုကၠဴတကၠသိုလ္တြင္ပညာသင္ၾကားေနတဲ့ မိုင္အက္စတာ ဒိန္ဆီးမဲန္ဟာ ဇန္နဝါရီလ (၂၆)ရက္ညေန (၄)နာရီခန႔္တြင္ မိန္းကေလးသူငယ္ခ်င္းေတြနဲ႔ ငါ့သေရာက္ေရေလွာင္တမံအနီး ဧရာဝတီျမစ္ထဲတြင္ေရဆင္းခ်ိဳးေနစဥ္ ေရနစ္ေပ်ာက္ဆုံးသြားပါတယ္။

၎ဟာ ႐ုကၡေဗဒဘာသာရပ္ျဖင့္ ပညာသင္ယူေနတဲ့ တတိယႏွစ္ေက်ာင္းသူျဖစ္ပါတယ္။ မိုင္အကၥတာ ဒိန္ဆီးမဲန္ဟာ မင္းတပ္ၿမိဳ႕နယ္ ကိတ္နားေက်း႐ြာ ဇာတိျဖစ္ၿပီး မတူပီၿမိဳ႕၊ အေနာက္ခိုေဘြရပ္ကြက္တြင္ ေနထိုင္တဲ့ သင္းအုပ္ဆရာေတာ္ ဦးေလာင္းဟြမ္းရဲ႕ သမီးျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ စစ်ကျန် လက်နက်ကြီးကျည် ဆော့ကစားလို့ ကလေး လေးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

၁၀၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာမှာ စစ်ကျန် လက်နက်ကြီးကျည်ကို ကလေးတွေ ဆော့ကစားရာ ပေါက်ကွဲမှုဖြစ်ပြီး ကလေး လေးဦး သေဆုံးခဲ့သလို တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ မေလ ၈ ...

ဆက်ဖတ်ရန်